Part 24(Uni+zawgyi)

217 13 0
                                    


လင်းထက် နှိုင်းမညီလက်ကိုဆုပ်ကိုင်ရင်း ထိုပွဲထဲသို့ဝင်သွားတော့သည်။သတင်းထောက်တွေနား နီးလာတော့ နှိုင်းမညီက လင်းထက်လက်ကို
ဖြုတ်လိုက်တော့သည်။သူ့ကြောင့်
နာမည်ပျက်တစ်စုံတစ်ရာတောင်
လင်းထက်ကို ဖြစ်ခွင့်မပေးနိုင်ချေ။

လက်ကိုလွှတ်လိုက်သူကြောင့် ကြောင်အနေပေမယ့် ပိုမိုနီးကပ်လာတဲ့ သတင်းထောက်တွေက မေးခွန်းစတင်မေးတော့သည်။

"ဘယ်လိုအခြေနေ​ကြောင့် အခုလိုမျိုး
ပွဲတက်ဖြစ်သွားတာလဲ Mr.Lin Htet Tar Nyi"

"Producer ရဲ့အဆက်သွယ်နဲ့တက်ရောက်
ခဲ့တာတော့မဟုတ်ပါဘူး။ဒါပေမယ့်
ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းက
စီးပွားရေးနယ်ပယ်မှာထူးချွန်တဲ့သူလေ
သူကနေတစ်ဆင့် ဒီပွဲလက်မှတ်ကိုလက်ခံရရှိခဲ့တာပါ။အဲ့တာကြောင့် ဒီပွဲကိုတက်ဖြစ်ခဲ့တာပါ"

"ဒီဘက်က Mr.Hnaing Ma Nyi နဲ့
ဆက်ဆံရေးကိုလဲ ရှင်းပြပါအုန်း"

"သူက....."

"I'm His friend"

နှိုင်းမညီက လျင်မြန်စွာပြောလိုက်တာကြောင့်
လင်းထက်ကပြုံးမိသည်။

နောက်တော့ အလုပ်ကိစ္စနဲ့ပတ်သက်တာတွေကို
နှိုင်းမညီက ဖြေသည်။လင်းထက်ကတော့
ဘေးနားက အဖြူရောင်လေးကိုသာ ငေးကြည့်လျက်ပေ။

ပွဲပြီးသွားတာနဲ့ နှိုင်းမညီက အရင်လျင်မြန်စွာ
​ပွဲထဲကနေထွက်သွားတော့သည်။လင်းထက်လဲ
မကြာခင် P.V Jet ဖြင့် မြန်မာပြည်ပြန်ရမှာမို့
မရှာတော့ဘဲ ကားပါကင်ကိုထွက်လာလိုက်တော့သည်။

"အခုချက်ချင်း အဲ့ဓာတ်ပုံကိုဖျက်မလား
ဒီနေရာမှာဘဲ အခုချက်ချင်းသေသွားမလား"

ကားပါကင်အနောက်နားကနေ ကြားလိုက်ရတဲ့
အသံက ကျယ်လောင်စွာဖြင့် ဒေါသထွက်နေသည့်အသံပေ။လင်းထက် သူနဲ့မသက်ဆိုင်တဲ့အရာမို့
ကျော်သွားဖို့သာလုပ်လိုက်တော့သည်။

Driver ကိုဖုန်းဆက်ကာ သူ့ကိုလာကြိုခိုင်းရင်း
ထိုနေရာမှာမတ်တပ်ရပ်စောင့်နေလိုက်တော့သည်။

"ဒီပုံတွေပြန့်သွားရင် ခင်ဗျားကောင်နာမည်
ပျက်မှာစိုးနေတာလား"

အတိတ်မှသည်......Where stories live. Discover now