Part 12(Uni+ZawGyi)

722 31 2
                                    


"ကိုယ်မင်းနဲ့ အတူအိပ်ပေးမယ်"

"ဟမ်"

"ဘာကြောင်ကြည့်နေတာလဲ ဟိုဘက်တိုးလေ"

"အလကာ်"

"မင်းနှုတ်ခမ်း စုတ်ပြတ်မသတ်သွားချင်ရင်
ကိုကိုလို့ဘဲခေါ်စမ်းပါ"

ပြောလဲပြောရင်း အလကာ်က ကုတင်ပေါ်ဝင်လှဲရင်း စောင်အောက်ထဲ ခြေထောက်ထည့်လိုက်တော့သည်။ သာရကတော့ကြောင်အစွာပင်
ဘေးနားမှာထိုင်လျက်။

"အလကာ်.....အွန့်......."

သာရဆီက ထပ်ထွက်လာတဲ့ နာမ်စားကြောင့်
အလကာ်ထိုင်နေတဲ့ သူကို ခုန်အုပ်လိုက်ပြီး
နှုတ်ခမ်းသားကို ထိကပ်လိုက်တော့သည်။

"အွန့်...ငါ့ကိုလွှတ်....မင်း....အလကာ်"

"......."

"ကိုကို"

"အစတည်းက အဲ့လိုခေါ်နေရင် ရပြီကို"

"အလကာ် မင်း......"

သာရ သြရှရှအသံနဲ့အော်လိုက်တော့ အလကာ်က
မျက်ဝန်း ရဲရဲတွေနဲ့ပြန်ကြည့်သည်။

"လာအိပ်တော့ တီကြည် ဆန်ပြုတ်သွားချက်တယ် တီကြည်လာရင် ကိုယ်နှိုးပေးမယ် ထပ်မရိုင်းနဲ့တော့ ကလေး"

"လူယုတ်မာ"

"ဟား......ဟား....
ကိုယ်ကမင်းတစ်ယောက်တည်းကိုဘဲ ယုတ်မာချင်တာပါ ဟိုးငယ်ငယ်ကတည်းကနေ
အခုချိန်ထိ"

"အလကာ်"

"လိမ္မာတယ် အိပ်တော့"

အလကာ် သာရ ကိုယ်လေးကို ရင်ခွင်ထဲ ထည့်လိုက်တော့သည်။ဆေးထိုးထားတဲ့ဒဏ်ကြောင့်ရော ဆေးသောက်ထားတဲ့ အရှိန်ကြောင့်ရော
သာရကလျင်မြန်စွာ အိပ်ပျော်သွားတော့သည်။

သာရအိပ်ပျော်သွားတာနဲ့ အလကာ်ထလာလိုက်ပြီး အခန်းဆီကိုပြန်လာလိုက်တော့သည်။

!တီ...တီ.....!

"Hello Daddy"

အလကာ် ရေချိူးပြီး အကျီ်လဲပြီးတော့ သာရအခန်းဆီသွားမယ်လုပ်တော့ ဝင်လာတဲ့ဖုန်းကို
ချပစ်မယ် တွေးထားပေမယ့် ဦးနော်ထက်လွင် ဖြစ်နေတာကြောင့် ကိုင်လိုက်တော့သည်။

"အလကာ် မင်း အရိပ်ကို ပြန်ပို့တာ ဘယ်နှစ်ရက်ရှိပြီလဲ"

"သုံးရက်ဘဲရှိသေးတယ် Daddy"

အတိတ်မှသည်......Where stories live. Discover now