Part 7( Uni+ ZawGyi )

762 34 0
                                    


" ဖေဖေ ကျွန်တော့်ကိုခေါ်တယ်ဆို "

"မနက်ဖြန် မင်းအကိုပြန်လာမယ် အဲ့တာမင်း...."

"ရပ်လိုက်တော့ ဖေဖေ အကိုလို့ပြောစရာမလိုပါဘူး အစတည်းက သူကရောကျွန်တော့်ကိုညီလို့သတ်မှတ်လို့လား ကျွန်တော်ကလဲသူ့ကို အကိုလို့မသတ်မှတ်တာကြာပါပြီ အခုဖေဖေသူ့ကိုသွားကြိုခိုင်းမလို့လား ကျွန်တော့်အလုပ်တွေကိုတော့အကုန်မဖျက်နိုင်ဘူးဖေဖေ သူကိုကြိုရမယ့်အချိန်ကိုဘဲပြောပါ "

" မနက် ၉ နာရီလောက်တော့
အပြင်ရောက်မယ်ထင်တယ်"

"အဲ့တာဆို သူ့အတွက် ကျွန်တော် အချိန် ​သုံး နာရီပေးမယ် ၁၂ နာရီထိသူ့ဘေးမှာနေပေးမယ်"

"ဒါပေမယ့်........."

"မနက်ဖြန်ကျရင် နေ့လည် ၁ နာရီ Mr.David တို့နဲ့ Meeting ရှိတယ်ဖေဖေ သုံးနာရီမှာပြီးမယ်
ပြီးရင် ညနေ ၈ နာရီကျရင် Miss.Rose တို့နဲ့ Dinner စားဖို့ရှိတယ်ဖေဖေ အဲ့တာတောင်မနက်ပိုင်းမှာလဲ ဦးမင်း​အောင်တို့နဲ့တွေ့ဖို့ရှိတယ် အဲ့တာကို​ည​နေချိန် ချိန်းပြီးတော့ ဖေဖေ့ရဲ့သားကိုသွားကြိုပေးရမှာမို့ သူ့အတွက် အချိန် သုံးနာရီကအရမ်းများလွန်းနေပါပြီ ဖေဖေပြောစရာမရှိရင်
ကျွန်တော့်ကိုခွင့်ပြုပါအုန်း ခဏနေရင်
Nark Company ရဲ့ ဆိုင်ခွဲတွက် ကျွန်တော် သွားကြည့်ရအုန်းမှာမို့"

ထွက်သွားတဲ့သားဖြစ်သူနဲ့ စကားဆုံးအောင်မပြောဘဲ ချသွားတဲ့ သားဖြစ်သူနှစ်ယောက်ကို
ကြည့်ပြီး သက်ပြင်းသာအသွင်သွင်ချနေမိတော့၏။

"ဟူး.......
ဒီနှစ်ယောက်လဲ သွေးသားမတော်စပ်လို့သာပေါ့
ညီအစ်ကိုအရင်းတွေသာဆိုငါ့ဘဝမတွေးရဲဘူး"

! တီ.....တီ......!

ထိုအချိန်ဝင်လာတဲ့ဖုန်းကိုကြည့်လိုက်တော့
အိမ်ကချစ်ဇနီးလေးဖြစ်နေတော့ ဒေါသထွက်နေတာတွေတောင်ပျောက်သွားတော့၏။

"Hello ပြောပါဗျာ ချစ်ဇနီးလေး"

" ကို စောန သား​နော် ဖုန်းဆက်တာ
မနက်ဖြန်ကျ သားနော် ပြန်လာမယ်ဆိုဟုတ်လား"

"ဟုတ်တယ် ခက်"

"အဲ့တာဆို ကိုလုပ်စရာရှိတာလုပ်နော် ခက် သားနော်ပြန်လာရင် စားဖို့အတွက်ကြိုပြင်လိုက်အုန်းမယ်"

အတိတ်မှသည်......Where stories live. Discover now