Part 28 (Uni + Zaw Gyi)

127 5 0
                                    


!ကလင်....ကလင်!

ရေချိုးခန်းထဲကနေ ပြန်ထွက်လာတော့
တိုက်ရိုက်ဆက်သွယ်လာတဲ့ Media တွေမှအပ ဆက်သွယ်လာသူက သူ့မန်နေဂျာဖြစ်နေတာကြောင့် ဖုန်းကိုင်လိုက်တော့သည်။

"လင်းထက်...."

"ဟူး....ကိုနောင်.....
ကိုနောင့်ကို ကျွန်တော်ဘာပြောသလဲ"

"မင်းငါ့ကိုလျှိုထားတာလား လင်းထက်
မင်း ခင်ရတီနဲ့ တွဲနေတာကြာပြီမလား"

"ဟ့....
အခုတောင် ကိုနောင် ပြောလို့
ကျွန်တော်သွားရတာလေ"

ကိုနောင်က စလိုက်ပေမယ့် တစ်ဖက်က
သူ့အချစ်တော်မင်းသားလေးက စလို့ရတဲ့အနေထားမဟုတ်တာမို့ချက်ချင်းတောင်းပန်လိုက်ရတော့သည်။

"ငါကစတာပါ လင်းထက်ရာ
တောင်းပန်ပါတယ်ကွာ"

"မစနဲ့ဗျာ
ကျွန်တော်မကြိုက်ဘူး
မနက်ဖြန် ရှူတင်ဖျက်လိုက်တော့
ကျွန်တော် အိမ်ပြန်မယ်"

"ဟမ်....ဟျောင့်....."

!တီ....!

ထိုနေ့ည အိပ်ယာစောစောဝင်လိုက်တော့သည်။မနက်မိုးလင်းတာနဲ့
အိမ်ကို တန်းပြန်လာလိုက်တော့သည်။

အိမ်ရောက်တော့ ချစ်ရသူက ဖုန်းသုံးရင်း
နန်းကြီးသုပ်ကို စိတ်မပါသလိုစားနေတော့သည်။သူအနောက်မှာရောက်နေတာကိုပင် သတိမထားမိပေ။

"နှိုင်း"

"ဟင်...."

လင်းထက်အသံကိုကြားတော့
နှိုင်းမညီ အနောက်သို့ ပြန်လှည့်မကြည့်နိုင်ပေ။ထိုအသံကိုသူဘယ်လောက်တောင်လွမ်းနေရသလဲ။

"အစား စားနေရင် ဖုန်းမသုံးရဘူးလေ
နှိုင်းရဲ့"

အရှေ့ခုံမှာ ဝင်ထိုင်ကာ ပြောလာတဲ့သူကြောင့် နှိုင်းမညီ လင်းထက်နဲ့ခင်ရတီတို့ရဲ့ ပုံကိုကြည့်နေရာမှချက်ချင်းပိတ်လိုက်တော့သည်။

"ဘာလာလုပ်တာလဲ"

"ညက အိပ်မပျော်ဘူးလားနှိုင်း
မျက်ကွင်းတွေညိုနေတယ်
မနက်ကရေချိုးတုန်းကလဲ ပြီးစလွယ်ချိုးလာတာလား နှိုင်း ဆံပင်ကရေတွေက ခုထိကျနေတုန်း"

အတိတ်မှသည်......Where stories live. Discover now