Part 21(Uni+ZawGyi)

381 15 5
                                    


"ကိုကြီး"

နှိုင်းမညီ ထွက်သွားဖို့ လုပ်လိုက်တော့ အနောက်ကနေ လှမ်းခေါ်တဲ့သူရဲ့အသံက တည်ငြိမ်စွာပင်။
ခေါ်လာတဲ့နာမ်စားကလဲ 'ကိုကြီး' တဲ့လေ။နှိုင်းမညီ
အာမေဋိတ်အသံလေးသာထွက်မိပြီး အနောက်သို့လှည့်မကြည့်မိပေ။သူ့အာရုံတွေထွေပြားနေပေမယ့်
ထိုလူကတော့ သူ့ဘေးနားမှာလာရပ်ကာ သူ့မျက်နှာကို ကြည့်၍ပြောလာတော့သည်။

"ကျေးဇူးတင်ပါတယ် ကိုကြီး"

"မလိုပါဘူး
မင်းလိုအောင်မြင်နေတဲ့လူတစ်ယောက်က
Emglish စာကိုကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် လုပ်ထားသင့်တယ်"

"ကိုကြီးကဘဲ အမြဲတမ်းဒီညီလေးကို
လိုက်ကူညီပေးလို့မရဘူးလား"

လင်းထက်က ခါးအနည်းငယ် ကုန်းကာ ​ပြောတော့
နှိုင်းမညီနဲ့လင်းထက်မျက်နှာက နီးကပ်စွာပင်။

"လင်းထက်"

"ကိုကြီး​ပြောပါ
ကျွန်တော်နားထောင်နေပါတယ်"

"ဟိုမှာ Make Up Artist တွေစောင့်နေပြီ
​မင်းမြန်မြန်သွားသင့်တယ်"

"မအရိပ်တောင် မရောက်သေးဘူး
ကိုကြီးကဘာတွေလောနေတာလဲ"

"လင်းထက်"

"နှုတ်ဆက်ပါတယ် ကျွန်တော့်ရဲ့အကို"

ထိုစကားကို သံရှည်စွဲကာပြောသွားတာဖြစ်တာကြောင့် နှိုင်းမညီပိုမို ဒေါသထွက်သွားတော့သည်။
မနေ့ညက ကိစ္စကြောင့် သူ့ကိုအခုလိုဆက်ဆံနေတာကိုသိပါသည်။သို့ပေမယ့် ထိုသို့ အေးစက်စွာ
စကားပြောပြီး နဂိုလို ညီအစ်ကိုဆက်ဆံရေးကို
နှိုင်းမညီသဘောမကျပေ။ထိုဆက်ဆံရေးကနေ
မကျော်ချင်ပေမယ့် ယခုဆက်ဆံရေးကိုလဲ သူ
မပျော်ပေ။နှိုင်းမညီ သက်ပြင်းသာချလိုက်ပြီး
အလုပ်ဆီကိုသာ အာရုံစိုက်လိုက်တော့သည်။

********************

Company ရောက်တာနဲ့ အလင်္ကာက သာရအခန်းထဲမှာစောင့်နေလိုက်တော့သည်။သာရကတော့
လုပ်ရမယ့် အလုပ်တွေရှိတာကြောင့် လင်းထက်
Make Up ပြင်ပေးနေတဲ့အခန်းထဲကိုသာ
ဦးတည်လာလိုက်ပြီး အကုန်လုံးကိုညွှန်ကြားတော့သည်။မတွေ့ချင်သည့် အမျိုးသမီးကတော့
လင်းထက်ဝတ်ရမယ့် ဒီဇိုင်းအပိုင်းကို ပြင်ဆင်ပေးလို့နေတော့သည်။

အတိတ်မှသည်......Where stories live. Discover now