Part 11( Uni+ ZawGyi )

614 22 1
                                    


"Dandelion တဲ့ မင်းရဲ့ အမှုန်လေးတွေ အကုန်လုံး လေထဲအကုန်လွှင့်သွားရင် ဆုတောင်းပြည့်တယ်ဆို အဟက်​​! မင်းက ပန်းလေးလေ ဆုတောင်းတွေပြည့်အောင် ဖန်တီးပေးရအောင် နတ်ဘုရားလဲမဟုတ်သလို တန်ခိုးရှင်မှမဟုတ်ဘဲ ဘယ်လိုလုပ်လူတွေရဲ့ဆုတောင်းတွေကို မင်းကဖြည့်ဆည်းပေးနိုင်မှာတဲ့လဲ မင်းကဒီအတိုင်းပန်းလေးတစ်ပွင့်ပါ
ဒါပေမယ့် အခုတော့ ငါလဲ မင်းဆီမှာဆုတောင်းချင်တယ် ဆုတောင်းတွေက တကယ်မပြည့်ခဲ့ရင်တောင် ကျွန်တော်သိပ်ချစ်ရတဲ့ Dandelions ပန်းလေးတွေဆီမှာ ကျွန်တော် ဆုတောင်းချင်တယ် အဲ့ဆုတောင်းကဘာလဲဆိုတော့......"

" ကျွန်တော့်ပေါ်ရှိတဲ့ ကိုကို့ရဲ့ ရန်ငြိုးနဲ့ အမုန်းတရားတွေ အမြန်ဆုံး ကွယ်ပျောက်ပါစေသား"

!ဖူး....!

ဆုတောင်းပြီးတာနဲ့ သာရက ကလေးငယ်တစ်ယောက်လို မှုတ်လိုက်သည်။ပန်းမှုန်လေးတွေက လေထဲမှာ လွှင့်ကြဲလျက်။ဒါပေမယ့် ထိုဆုတောင်းက သူ မဆုတောင်းခင်ကတည်းက
ပြည့်နေပြီးသားဆိုတာကို သူမသိခဲ့ပါ။

အလကာ် တစ်ယောက်တည်းစကားတွေပြောနေတဲ့ ကောင်လေးရဲ့စကားသံကိုကြားတော့ အနည်းငယ်ပြုံးမိသည်။သူအခုလို အခွင့်ရေးယူခဲ့တာတောင် အဲ့ကလေးက သူ့အပေါ်ရန်ငြိုးရှိတယ်ဘဲထင်နေတာတဲ့လေ။

"အဲ့ဆုတောင်းက မဆုတောင်းခင်ကတည်းက
ပြည့်ပြီးသား​ပါ ကလေး"

အလကာ် ထိုအတိုင်းသာ ထိုနေရာမှာပင် သာရကို မတ်တပ်ရပ်ရင်း စောင့်သည်။ဝီစကီတစ်ဝက်ကျော်ကျော်လောက်ရောက်တော့ သာရ ဆက်မသောက်တော့ဘဲ ထားခဲ့ကာ အိမ်ပေါ်သို့တက်သွားတော့သည်။ထိုလူသားလေးတက်သွားမှ
အလကာ်ကနောက်ကနေဆက်လိုက်သည်။

အခန်းဆီသေချာရောက်သွားမှန်းသိမှသာ
သက်ပြင်းချလိုက်တော့သည်။

"ကိုယ့်ကိစ္စတွေအမြန်ဆုံးရှင်းပြီးတာနဲ့
ကိုယ်မင်းအပေါ်ကို ကောင်းအောင်ကြိုးစားမှာပါ"

...........................,.........

သာရနိုးတာနဲ့​ဘေးနားက နာရီကိုကြည့်တော့
၁၂ နာရီ ပင်ရှိပြီဖြစ်တာကြောင့် ရေချိူးလိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့၏။

အတိတ်မှသည်......Where stories live. Discover now