Part 4(Uni+ZawGyi)

785 41 1
                                    


နော်အလကာ် စာမေးပွဲဖြေပြီးတော့မှ
ဦးနော်ထက်လွင်နဲ့ ဒေါ်ခက်သာတို့က ပြန်လာကြသည်။နော်အလကာ်ပါအတူပေါ့။

"သားသာရ မေမေတို့ပြန်ရောက်ပြီ"

"သမီးတို့ပြန်ရောက်ပြီလား"

"ဟုတ်ကဲ့တီကြည် သားမရှိဘူးလား"

အိမ်ပြန်ရောက်တော့ မင်းထက်သာရထွက်မလာပေမယ့် တီကြည်ကထွက်လာကာ ကြိုဆိုသည်။
တီကြည်ဆိုသည်က ဟိုးငယ်ငယ်ကတည်းက ဒီအိမ်မှာနေ ဒီအိမ်မှာ ကြီးလာသည့် အိမ်ဖော်ဖြစ်သည်။သို့ပေမယ့် ဦးနော်ထက်လွင်အဖေလက်ထပ်ကတည်းတည်းကမို့ တီကြည့်ကို မည်သူမှမလေးမစားမဆက်ဆံပင်။ အိမ်ရဲ့ လူကြီးသူမအဖြင့်သာ သဘောထားကြသည်။

တီကြည်က ကွမ်းလေးကို တမြုံမြုံဝါးရင်း
ဒေါ်ခက်သာကိုပြန်ဖြေလိုက်တော့သည်။

"မဟုတ်ပါဘူးတော် သူ့အခန်းထဲမှာ ရှိပါ့ ရှိပါ့
မနေ့ထဲက သာရလေးက ဘားမှမစားလို့လေ မနေ့ကညနေကအစောကြီးဘဲ အိပ်ချင်တယ်ဆိုပြီး ဝင်အိပ်နေတာ အခုထိ ထမလာသေးဘူး တံခါးခေါက်ပြီး မေးတော့လဲ အိပ်ချင်တယ်ချည်းပြောနေတာနဲ့ တီကြည်လဲ မပြောတော့တာ သာရလေးကိုတစ်ချက်လောက်ဂရုစိုက်လိုက်ပါအုန်း"

"ဟုတ်ကဲ့ တီကြည်
တီကြည် လုပ်စရာရှိတာလုပ်လိုက်နော် ခက်
သားကို သွားကြည့်လိုက်မယ်"

"အေးပါကွယ်"

တီကြည်က သက်ပြင်းဖွဖွချကာ မီးဖိုချောင်ထဲကို ပြန်ဝင်သွားတော့သည်။

!ဒေါက် ဒေါက်!

"သားသာရ ထမင်းမစားသေးဘူးလား သား
မေမေဝင်လာခဲ့မယ်နော်"

"......."

ပြန်စာမလာတဲ့သူကြောင့် ဒေါ်ခက်သာ တံခါးဖွင့်ပြီးသာ ဝင်လာလိုက်တော့သည်။

"သား..... "

"မေမေ..."

မေမေဆိုတဲ့ စကားသံကြားတော့ ဒေါ်ခက်သာ
မင်းထက်သာရကိုယ်လေးကို ပွေ့ချီလိုက်တော့သည်။မထင်ထားသည်က တစ်ကိုယ်လုံး ကျစ်ကျစ်တောက်ပူနေတာပင်။

"သားကိုယ်တွေပူနေပါလား
အမယ်လေး ကိုရေ ဆရာဝန်ဖြစ်ဖြစ် ဆေးရုံကားဖြစ်ဖြစ် ခေါ်ပေးပါအုန်း သား.... သား.....
သားမအိပ်နဲ့နော်......."

အတိတ်မှသည်......Where stories live. Discover now