Part 9( Uni+ ZawGyi )

657 30 4
                                    


​ေဒါက် ဒေါက် ဒေါက်..........

အလကာ် တံခါးလာခေါက်တဲ့သူကြောင့် ဒေါသထွက်သွားပေမယ့် နာရီကြည့်တော့ ၁ နာရီကျော်နေပြီ ဖြစ်တာကြောင့် ထ လိုက်ပြီး တံခါးခေါက်တဲ့သူကို ဝင်လာခိုင်းလိုက်တော့၏။

" ဝင်လာခဲ့ ကိုယ်တံခါးသော့မပိတ်ထားဘူး "

" သားနော် "

" သြော် အန်တီခက် ပါလား ဘာဖြစ်လို့လဲ "

" ခုမှနိုးတာလား သား အောက်မှာ ၁၀ နာရီလောက်တည်းက ရိပ်ကသားကိုထိုင်စောင့်နေတာ သားဘဲဒီနေ့တစ်နေရာရာသွားမယ်လို့ပြောထားတယ်ဆို "

" အာ......ဟုတ်သားဘဲ ကျွန်​တော်မေ့သွားတာ ညက နည်းနည်းသောက်လိုက်တော့ "

" ကဲ ကဲ ဟုတ်ပါပြီ ထတော့ ထတော့ ဒီနေ့တော့ ဘယ်မှလိုက်မပို့ရင်တောင် ရွှေတိဂုံကိုတော့လိုက်ပို့လိုက်ပါ သားရယ် အန်တီကတော့
ဒီနေ့ မလိုက်နိုင်တော့ဘူး သား daddy နဲ့ချိန်းထားလို့ "

" ဟုတ်ကဲ့"

"ဒီကောင်လေးကတော့ စကားကိုလေ ကဲ ကဲ ထပြီးတော့ လုပ်စရာရှိတာလုပ်တော့ "

" ဟုတ်ကဲ့ "

​ဒေါ်ခက်သာထွက်သွားတာနဲ့ ရေချိုးကာ ပုဆိုးနဲ့အကျီ်လက်ရှည်ကိုသေချာဝတ်လိုက်ပြီး အရိပ်ကိုခေါ်ကာ ရွှေတိဂုံသို့လိုက်ပို့လိုက်တော့၏။ဘုရားလဲဖူးရင်း ဒီအရွယ်ထိ ကလေးလို နေချင်တဲ့ရိပ်က ဘုရားဖူးပြီးတာနဲ့ ကစားကွင်းသွားချင်တယ်ဆိုလို့လဲ အလကာ်လိုက်ပို့လိုက်ရသေး၏။

အိမ်ပြန်ရောက်တော့လဲ ကိုယ်စီအနားယူလိုက်ပြီး နောက်ရက်တွေလည်ဖို့အတွက်သာ အားယူလိုက်တော့၏။

-----------------------------------

မင်းထက်သာရ သူ့အဖေသူ့ကိုဘာလို့
ပြင်ဦးလွင်ကိုလာခိုင်းလဲ တကယ်နားမလည်တော့ပေ။အရမ်းအရေးကြီးတဲ့ကိစ္စမဟုတ်ဘဲလာခိုင်းတာကြောင့်သာ အံ့သြနေရခြင်းပင်။

ဖေဖေခိုင်းမှဘဲ အလုပ်လုပ်လိုက် ခြံထဲမှာ
ပြည့်နေတဲ့ သူသိပ်ကြိုက်တဲ့ ပန်းလေးတေကို
ကြည့်လိုက်နဲ့ တော်တော်တော့အဆင်ပြေနေတော့၏။

အတိတ်မှသည်......Where stories live. Discover now