သားရေတွေတွန့်နေတဲ့သူ့အဖွားရဲ့လက်ကို
ဂျောင်ကုကိုင်ပြီးငိုနေချိန်မှာသတိရမိတာက
သူ့မိဘတွေမရှိတော့ကတည်းကသူဒီလက်ကိုတွဲပြီး
ကြီးပြင်းလာခဲ့တာကိုဘဲ~အခုတော့ဒီလက်တွေကသူ့လက်ကို
မဆုပ်ကိုင်ထားနိုင်တော့ဘူး~
"ဂျောင်ကုအဖွားကလူကောင်းတစ်ယောက်မို့ ကောင်းရာဘုံကိုရောက်မှာပါ~"
"မြေးကမွေးတဲ့..အဖွားရဲ့မြစ်လေးကိုတောင်မကြည့်သွားဘဲ
ဘာလို့ထွက်သွားတာလဲ..ဟင့်..ကလေးမွေးရင်
အရမ်းနာမှာမို့အနားမှာရှိနေပေးမယ်ဆိုတာကလဲလိမ်တာလား~"
"သတိထားပါဦးအစ်ကိုအသေးလေးရယ်
အဖွားလဲထွက်သွားချင်လွန်းလို့ပါ့မဟုတ်တာ~"
"ဒီမှာဂျောင်ကု ဒါလေးက အဖွားမသေခင်ပေးသွားခဲ့တာ
ကိုယ်နဲ့မကွာအမြဲဆောင်ထားပါတဲ့
ဒုက္ခတွေအန္တာရယ်တွေကနေကာကွယ်ပေးလိမ့်မယ်တဲ့
အပြည့်အဝမဟုတ်ဘေမဲ့လဲပေါ့~"
ဒီတစ်ကြိမ်မှော်ပညာကိုသုံးရင် သေရမယ်ဆိုတာသိနေတဲ့
အဖွားဖြစ်သူကသူ့မြေးနဲ့သူ့မြစ်အတွက်အဆောင်ဆွဲကြိုး
နှစ်ကုံးကိုအရင်ဖန်တီးပြီးမှမှော်ပညာကိုသုံးခဲ့တာ~
*"ငါမရှိရင်ငါ့မြေးဒုက္ခရောက်လိမ့်မယ်~"*
"နောက်ဆုံးအချိန်အထိ ကျွန်တော့်ကိုကာကွယ်ဖို့ဘဲ
ကြိုးစားခဲ့တာလားအဖွားရယ် ကျွန်တော်ကျတော့
အဖွားကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူး~"
ဂျောင်ကုတစ်ယောက်ငါးရက်တည်းနဲ့မီးတွင်းထဲကထွက်ကာ
သူ့အဖွားကိုမြစ်ကမ်းဘေးမီးသင်္ဂြိုလ်ကြတော့
ကလေးနဲ့ထယ်ယောင်းကသူ့အနားမှာမို့ ဝမ်းနည်းမှုဒဏ်ကို
ကြံ့ကြံ့ခံနေနိုင်တာ~
"မငိုပါနဲ့တော့အစ်ကိုအသေးလေးရယ်
အားနည်းပြီးနေမကောင်းဖြစ်လိမ့်မယ်~"
"မရှိတော့ဘူး..ဟင့်..အစ်ကို့မှာ
သွေးသားရင်းချာတစ်ယောက်မှမရှိတော့ဘူး~"
"ဘာလို့အဲ့လိုပြောရတာလဲ သားလေးက
အစ်ကို့ရဲ့သွေးသားရင်းချာဘဲလေ~"
"သားလေး..ဟင့်..မားမားရဲ့သားလေး~"
သူ့သားလေးကိုဖက်ရင်းငိုနေတဲ့ဂျောင်ကုကို
ထယ်ယောင်းလဲရင်ခွင်ထဲသိမ်းသွင်းထည့်ကာ
တင်းကြပ်နေအောင်ဖက်ထားပေးလိုက်တယ်။
YOU ARE READING
~~ငွေ့~~{Complete}