18🎬 🎥(end)

823 49 24
                                    

"အသက်ကလေး"

ခါးပေါ်သို့ရောက်ရှိလာသည့်လက်တစ်စုံကြောင့် ခပ်ဟဟရီလိုက်မိသည်...

ဖာပန်းဒေါင်းကပြန်လာတာနှင့်ပင် နှစ်ယောက်သား သတင်းစာရှင်းလင်းပွဲပေါင်းများစွာကိုလုပ်ခဲ့ရ၏...သူတို့နှစ်ယောက်အခြေအနေအားကြားသိသွားသည့် Fourth တို့ဟာ အမေရိက ကနေချက်ချင်းပင်ပြန်ချလာခဲ့သည်...

အရာအားလုံးက်ုဖွင့်ချပြီးသည့်နောက်ပိုင်း Geminifourth နဲ့ Satangwinny အတွဲတို့ဟာ ထိပ်တန်း BL Actor များအဖြစ်ရပ်တည်နေကြတဲ့လူတွေဖြစ်လာခဲ့ကြသည်..

ဇာတ်ကားတွေဆက်တိုက်ရိုက်နေခဲ့ရပြီး ဖိတ်ကြားခံရတဲ့ပွဲတွေဟာလည်းတစ်နေ့တခြားပိုမိုများပြားလာခဲ့သည်...

ပင်ပန်းရတယ်ဆိုပေမဲ့ ဒါကသူတို့အတွက်ပျော်စရာတစ်ခုပါဘဲ...လူတွေဟာသူတို့ကိုလက်ခံပေးပြီး ဆက်လက်အားပေးနေတာကပျော်စရာဘဲမဟုတ်လား!

"အသက် ဘာတွေတွေးနေတာလဲ ‌ကိုယ်ဗိုက်ဆာတယ်"

"မကျက်သေးဘူးလေ ဘယ်လိုလုပ်ပေးရမှာလဲ.!"

"ကိုယ်မနက်စာမစားချင်ဘူး မငိးကိုစားချင်တာ"

"တော်တော့ satang ငါ့ကိုစနေတာရပ်တော့!"

အရှက်ကြီးသည့်သူ့အားစရတာကိုကြိုက်သည့်ရည်းစားကို သူမနိုင်ပါ...

ခါးကိုသိုင်းဖက်ရင်းနားသယ်အားမထိတထိကျီစယ်နေသည့် Satanကိုတွန်းထုတ်ရသည်၊။

"ဖယ်လို့ ငါဒီမှာမနက်စာပြင်နေတယ်လေ"

"မသိဘူးကွာ!"

သူ့ကိုလိုက်ကာကပ်ချွဲနေသည့်ဒီလူဟာ မာနကြီးသည့်မင်းသား satang kittiphop ဟုပြောလျှင်ယုံနိုင်ဖွယ်ရာမရှိပေ...

ပြောမရသည့်အဆုံးလွှတ်သာထားရသည်...မနက်စာကျက်သည့်အခါထည့်ရာတွင်လည်း ဖားလိုကပ်နေသည့်သူကြောင့် မနည်းခွာထုတ်လိုက်ရပါသေးသည်.....

"အသက်ခွံ့ကျွေး"

"ကိုယ့်ဘာသာစားလေ"

"အသက်ခွံ့ကျွေးမှစားမယ်"

ပြောဆိုရင်းအနားနားသို့ပါးစပ်ဟကာတိုးလာသည့်လူကြောင့် မနိုင်တော့သည့်သူကသာပင် ခွံ့ကျွေးလိုက်ရသည်...

Actor Lover ♪Where stories live. Discover now