13🎬

363 41 13
                                    

'ဘုန်း!'

ကျောပိုးအိတ်အားဘီရိုထဲမှထုတ်ကာခုတင်ပေါ်သို့ပစ်တင်လိုက်သည်...ဟုတ်ပါသည်..ထိုနေ့ကသူတို့နှစ်ယောက်တိုင်ပင်ပြီးသည့်နောက်ပိုင်းတွင် နှစ်ယောက်သားခရီးထွက်ဖို့လမ်းပေါ်လာသည်... Fourth နဲ့ Gemini ကိုလှမ်းခေါ်ခဲ့ပေမဲ့ ကိုယ့်ထက်အရင်အမေရိကသို့ထွက်သွားသောသူတို့အတွဲအားသိပ်တော့မကြည်ချင်....ထားပါလေတော့ဆိုပြီး P'tay တို့အတွဲကိုခေါ်ကြည့်တော့လည်း ဒီတစ်ပါတ်ရိုက်ကွင်းရှိနေပါသည်တဲ့လေ...အဲ့တာလည်း စိတ်ရှည်နေပါသေးသည်... Pondphuwin တို့ကိုဆက်ခေါ်ကြည့်ပြန်တော့ Fan meeting ၃ရက်ဆက်တိုက်ပါတဲ့! စိတ်ပေါက်ပေါက်နဲ့ *မခေါ်ဘူးဟာ*ဟုဆိုရင်း သူနဲ့သူ့ချစ်ရသူနှစ်ယောက်သာပျော်ပျော်ကြီးခရီးထွက်ပစ်မည်ဟုစိတ်ထဲတွင်ကြုံးဝါးလိုက်တော့သည်...

အိတ်ထဲသို့အဝတ်တွေထိုးထည့်နေရင်း ဝင်လာသည့်ဖုန်းကြောင့်ကိုင်လိုက်သည်...

{ဟယ်လို..}

{Omm Win ငါတို့ဒီနေ့ထွက်ကြမလား ဘယ်သူမှမလိုက်ဘူးမို့လား}

ကြားလိုက်ရတဲ့အသံချိုချိုလေးက‌ထွက်နေတဲ့ဒေါသတွေကိုချက်ခြင်းသန့်စင်ပစ်လိုက်သလိုပင်...

{အင်း သွားကြမယ်လေ ငါလာရမလား?}

{ငါလာခဲ့မယ် ငါ့ဆီမင်းလာရင်ငါတို့တစ်ပတ်ကြီးပြန်ကွေ့နေရမှာ!}

{ဟုတ်ပြီ ဒါဆိုငါတို့ နေ့လယ် ၂လောက်ထွက်ကြတာပေါ့}

{Bye Win Good Luck}

{Ka}

"ဝူး...ဟူး!!"

ဝုန်းဒိုင်းဆိုသလိုအရူးတစ်ယောက်လိုမျိုးခုတင်ပေါ်သို့တက်ကာခုန်နေမိသည်...အရင်ကထက်နှစ်ဆပိုမြန်လာသောရင်ခုန်သံများအကြား ပျော်ရွှင်မှုဟာဘယ်လိုမှကိုထိန်းလို့မရသိမ်းလို့မရပေ...

*အချစ်ကလူကိုယွပိုးထိုးစေနိုင်တယ်ဆိုတာ...အမှန်ဘဲဟ!*

.....................
1:30 pm"

ဖုန်း screen လေးကိုကြည့်ရင်း တစ်စုံတစ်ယောက်ကိုသတိရမိပြန်သည်...ဒါကလည်း သူ့ကိုသဘောကျပြီးနောက်ပြီးဘယ်ရောက်ရောက်အနားမှာသူမရှိရင်ပေါ်လာတတ်တဲ့အကျင့်လေးတစ်ခု~

Actor Lover ♪Where stories live. Discover now