5🎥

475 50 14
                                    

"မင်းကနတ်သားယောင်ဆောင်ထားတဲ့ဘီလူးလိုကောင်ဘဲ Gemini!"

Kidပြင်ပေးထားသောဝတ်စုံအားစမတ်ကျစွာဝတ်ဆင်လိုက်ရင်း မှန်ထဲတွင်ပေါ်နေသောသူ့၏ပုံရိပ်အားကြည့်မိသည်...မနေ့ညကရုန်းရင်းဆန်ခတ်ကြောင့်သူ့ရဲ့ပထမဆုံးအနမ်းလေးဟာဘီလူးနတ်သားဆီပါသွားခဲ့လေပြီ~နှုတ်ခမ်းဆီဆိုးထားသောနှုတ်ခမ်းသားအားတို့ထိရင်းထွက်လာသောဒေါသများကိုအံကြိတ်ကာမျိုချနေရသည်။

"Fourth အချိန်ကျပြီ သွားတော့မှာလားဗျ"

အဝတ်လဲခန်းထဲတွင်တစ်ယောက်ထဲဒေါသထွက်နေသောသူ့အား မန်နေဂျာဖြစ်သူkidမှသတိပေးစကားပြောလာသည်။

"အေး!"

ဘေးနားရှိစင်‌ပေါ်တွင်တင်ထားသောအိတ်လေးအားkidဆီသို့ပစ်ပေးရင်း ရိုက်ကွင်းဘက်သို့လျှောက်လာခဲ့သည်...

"Khon fourth Good morning !"

လမ်းတွင်တွေ့၍နှုတ်ဆက်လာသောဂျူနီယာလေးအားခေါင်းငြိမ့်ပြလိုက်ရင်းပြုံးကာနှုတ်ဆက်လိုက်သည်။

"Good morning ပါဗျာ"

ထွက်သွားသောဂျူနီယာလေးအားတစ်ချက်မျှကြည့်ရင်း ရိုက်ကွင်း‌ဆီသို့ဆက်လက်ဦးတည်လိုက်သည်။

"Fot..fot!!"

*ဟမ်!!!!ဘာ ဒါ..ဟိုကောင်!*

လျှောက်လှမ်းနေသောခြေလှမ်းများဟာအနောက်ဘက်မှထွက်ပေါ်လာသည့်ခေါ်သံကြောင့်ကျောက်ရုပ်ထုတစ်ခုလိုပင်ရပ်တန့်သွားခဲ့သည်..

"Fourth..ဘာဖြစ်လို့လဲ?"

"သွားနှင့် kidငါလာခဲ့မယ်"

"ဟုတ်!"

Kidအားရိုက်ကွင်းဘက်သို့ကြိုလွှတ်လိုက်ရင်းအသံလာရာသို့လှည့်ကြည့်လိုက်သည်။

"Fot!"

အမောသကောဖြင့်ရှေ့သို့ရောက်လာသောနတ်သားအယောင်ဆောင်ဘီလူးအားမေးငေါ့ပြလိုက်သည်..

"ဘာလဲ?"

"ဟို...ကျတော်မနေ့ကကိစ္စ..."

"အောင်း! ထားလိုက်တော့ ငါလဲစိတ်ထဲမထားဘူး ရပြီ!"

ခေါင်းကိုခါရမ်းကာပြောလိုက်ရင်းရှေ့တွင်ရှိနေသောကောင်လေးအားကြည့်လိုက်သည်..

Actor Lover ♪Where stories live. Discover now