16🎬

361 33 10
                                    

"အောက်အီးအီးအွတ်!"

မနက်ခင်းကြက်တွန်သံကြောင့်နားပါးလှသည့် Winynny တစ်ယောက်မျက်စိများပွင့်ဟလာခဲ့သည်...ထထိုင်မလို့လုပ်ပေမဲ့ တင်းကြပ်စွာဖက်တွယ်ထားသည့်လက်ကြောင့် ထဖို့ရာအဆင်မပြေခဲ့ပေ....ထို့ကြောင့် ဖြည်းဖြည်းချင်းဆီရုန်းထွက်လိုက်သည်...ထို့နောက် ခြင်ထောင်ကိုအသာလေးဟကာ ခြေကိုဖွဖွနင်းလျက် လွယ်အိတ်များထားထားသောနေရာဆီသို့လျှောက်လာရင်း သွားတိုက်တံနှင့်သွားတိုက်ဆေးထုတ်ကာ အိမ်အောက်ဘက်သို့ဆင်းလာခဲ့သည်...အိမ်ရှေ့တွင့်အသင့်ဖြည့်ပေးထားသောရေစည်လေးထဲမှရေကိုခပ်ရင်း သွားတိုက်မျက်နှာသစ်လိုက်သည်...

"အောင်း! Nong Winynny ကအစောကြီးနိုးနေတာဘဲ"

မျက်နှာသစ်နေရင်းခေါ်သံကြောင့်အသံလာရာသို့ကြည့်လိုက်သည်...

"P'Mix "

"အင်းဟုတ်တယ် ဒီမှာ ကလေးတွေစာသင်ဖို့လေ စာအုပ်ကမနေ့ကဒီမှာကျန်ခဲ့တာ အဲ့တာလာယူတာပါ"

ခြံစည်းရိုးနားတွင်ကပ်လျက်‌ရှိနေသောခုံတန်းလေးပေါ်မှစာအုပ်အားယူရင်း ပြုံးလျက်ထောင်ပြကာပြောလာသည့်ဆရာလေးအားပြန်လည်ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်သည်..

"ကောင်းကောင်းသွားပါ p' "

"ဟုတ်ကဲ့ပါဗျ"

ထွက်သွားရန်ပြင်နေသောဆရာလေး Mixအားကြည့်ရင်းအကြံတစ်ခုရသွားသဖြင့် လှမ်းတားလိုက်သည်...

"p'Mix"

"Ka"

"ကျတော် P'Mix စာသင်တာကိုလိုက်ကြည့်လို့ရမလား?"

"ရတာပေါ့ "

"ဒါဆို ခနလေးနော် ကျတော်အင်္ကျီသွားလဲလိုက်အုန်းမယ်"

"ဟုတ်ကဲ့ပါဗျ"

အိမ်ပိုင်ရှင်အားခဏစောင့်ခိုင်းရင်းအိမ်ပေါ်သို့တက်ကာပေါ့ပေါ့ပါးပါးအဝတ်အစားကိုဝတ်လိုက်သည်... satang အားခေါ်ဖို့လုပ်ပေမဲ့အိပ်မောကျနေတဲ့ချစ်ရသူကြောင့်မနှိုးရက်တော့ဘဲ တစ်ယောက်တည်းလာလိုက်လာခဲ့လိုက်တော့သည်...

....................
"ဟေး!! ငါတို့ဆရာလေးရောက်လာပြီ!!"

အော်သံများနှင့်အတူပြေးထွက်လာသောကလေးငယ်များဟာ သူတို့၏ဆရာဖြစ်သူအားဖက်ကြသည်...ပြုံးပျော်ကာနေကြသည့်သူတို့ကိုကြည့်ရင်း သူပါအလိုလိုပြုံးမိလာသည်
...ထို့နောက်လက်ဆွဲကာခေါ်ဆောင်လာသော P'Mix နောက်သို့အလိုက်သင့်သာလိုက်လာခဲ့ရပါတော့သည်...

Actor Lover ♪Where stories live. Discover now