12🎬

402 46 20
                                    

"satang!"

Gemini နှင့်စကားပြောနေရာမှသူ့ခေါ်သံကြောင့်လှည့်ကြည့်လာသည်...

*မျက်နှာလေးကချစ်စရာလေး!!!*

"ဘာလဲ Win?"

ဟုတ်တယ် Win...ဒါသူ့ကိုစစတွေ့ခြင်းမှာဘဲပေးခဲ့တာ..ထိုလူသားတရင်းတနှီးနဲ့ခေါ်ဆိုခဲ့တဲ့ပထမ‌ဆုံး Nickname လေး~

"လွှတ်ပေးလိုက်တော့လေ GemGemကို သူလည်းပြင်စရာရှိတာပြင်ရအုန်းမှာကို!"

"အင်းပါအင်းပါ..!"

သူ့ကိုပြောကာGeminiဘက်သို့ပြန်လှည့်လျက်စကားပြန်ပြောနေသောသဘောကျရသည့်လူသားလေးအားငေးကြည့်နေစဉ်မှာပင်...

"မင်းအတည်ကြီးလား Winynny ဟုတ်မှလဲလုပ်နော် အဲ့ကောင်ကစိတ်သိပ်မမှန်ဘူး! နည်းနည်းလွတ်နေတာ"

နားနားသို့ကပ်ကာခပ်တိုးတိုးပြောလာသောသူငယ်ချင်းအရင်းကြီး၏သတိပေးသံအားကြားတော့ ပြုံးမိလိုက်သည်...သူသိပ်သိတာပေါ့..သူချစ်မိခဲ့တဲ့လူသားကအရူးလေးလိုလိုနဲ့ အရမ်းကိုထက်မြက်တဲ့သူတစ်ယောက်ဆိုတာ!

"အင်း ငါတော့ငါ့ရွေးချယ်မှုအပေါ်ငါယုံတယ်!မင်းလဲ‌မင်းရွေးချယ်မှုအပေါ်ယုံကြည်လို့ဒီလိုအထိဖြစ်လာခဲ့တာဘဲလေ ခုတော့မင်းရဲ့လူကိုဂရုစိုက်အုန်း!"

ပုခုံးပေါ်တင်ထားသောFourth၏လက်အားဖြုတ်ချကာပြုံးပြလိုက်ရင်း Gemini နဲ့အခုထိကိုစကားမပြတ်နိုင်သေးသောသူ့ရဲ့မြတ်နိုးရာလူသားလေးအား လက်ကိုဆွဲကာ တစ်နေရာဆီသို့ခေါ်ထုတ်လာခဲ့တော့သည်...လှည့်မကြည့်လည်းသူ့ရဲ့သူငယ်ချင်းကြီးဟာအဆဲပေါင်းစုံဖြင့်ကျိန်ဆဲနေမည်ကိုလည်း သူကြိုသိနေခဲ့ပါ၏။

......................
Fan meeting ပြီးတာနဲ့ချက်ချင်းပြန်ချသွားသောသဲသဲကဲကဲအတွဲအား သူလှမ်းတားတောင်မမှီလိုက်ပေ...အစကတော့ လေးယောက်သားမုန့်အတူစားဖို့လုပ်ထားခဲ့ပေမဲ့အခုအချိန်မှာ သူနဲ့သူ့ရဲ့crushလေး satang kittiphop နှင့်နှစ်ယောက်ထဲသာကျန်ရှိနေတော့သည်။

ဖုန်းကိုစိုက်ကြည့်ကာတစ်ခုခုကိုအာရုံစိုက်နေပုံရသော satang အားလှမ်းခေါ်လိုက်တော့ အူကြောင်ကြောင်မျက်နှာဘေးလေးဖြင့်မော့ကြည့်လာသည်...

Actor Lover ♪Where stories live. Discover now