11🎥

433 46 13
                                    

"hey...ဟိုမှာရောက်လာကြပြီ ရိုက်ရိုက်.."

စင်ပေါ်သို့ခြေချလိုက်သည်နှင့်မျက်စိစူးစွာဖလပ်ဖလပ်နှင့်ပေါ်လာသောအလင်းရောင်များ...နေသားကျနေခဲ့ပြီမို့ သူ့အတွက်တော့အဆင်ပြေသည်ဆိုသော်ငြား ဘေးနားကကောင်လေးမျက်စိကြိမ်းမှာကိုတော့စိတ်ပူမိသည်...တွဲထားသောလက်လေးအားပိုမိုဆုပ်ကိုင်လိုက်ရင်း ထိုကောင်လေး၏မျက်နှာသို့ကြည့်လိုက်သည်...

"အဆင်ပြေရဲ့လား Gem~"

ခပ်တိုးတိုးရေရွတ်လိုက်သောသူစကားသံကြောင့်ကောင်လေးဟာလှည့်ကြည့်ရင်းအပြုံးလေးဖြင့် အဆင်ပြေကြောင်းခေါင်းငြိမ့်ပြလာသည်...သက်ပြင်းခပ်ဖွဖွချရင်း Micများစွာထောင်ထားသောအရှေ့သို့ရောက်ရှိသွားသည်...သူတို့ရှေ့မှာရှိနေတဲ့မီဒီယာတွေကတစ်နိုင်ငံလုံးရဲ့နာမည်ကြီးမီဒီယာတွေချည်းပါဘဲလား...ထိုအသိစိတ်ဖြင့် စိတ်ကိုလျော့ချကာငြိမ်သက်သွားအောင်ခဏမျှမျက်စိကိုမှိတ်ချလိုက်သည်...ထို့နောက်ပြန်လည်ကာဖွင့်ကြည့်တော့ မီဒီယာတွေရဲ့မျက်နှာတွေအစား ချစ်ရတဲ့ကောင်လေးရဲ့မျက်နှာကိုသာတွေ့မြင်လိုက်ရသည်..

"တစ်ခုခုဖြစ်လို့လား fot"

သူ့မျက်နှာရှေ့တွက်တည့်တည့်ကြီးရပ်နေသောကောင်လေးအား ဘေးသို့တွန်းလိုက်ရင်း *ဘာမှမဖြစ်ပါဘူး* ဟုအကြောင်းပြန်လိုက်သည်..

"Khon Fourth ဖြေပေးပါ khon Fourth နဲ့ Khon Gemini တို့ကဘယ်လိုပတ်သက်တာလဲ?"

ပထမဦးဆုံးစတင်ကြားလိုက်ရသည့်မေးခွန်းကြောင့် ပြုံးမိသွား၏..ဒါကသူကြိုတွေးထားတဲ့အတိုင်းဘဲ!

"ကျတော်နဲ့ Gemကရည်းစားတွေပါ"

သူအဖြေကြောင့်မီဒီယာအားလုံးဟာတအံ့တဩဖြင့်ဟိုတစ်ပေါက်ဒီတစ်ပေါက်ပြောသည့်စကားသံတွေဟာဆူညံလို့သွားသည်...

"ဒါဆို Khon တို့က ဘယ်လိုတွဲဖြစ်တာလဲဘယ်တုန်းကတည်းကတွဲနေကြတာလဲရှင့်"

"ကျတော်ကအရင်စလိုက်ခဲ့တာပါfotကနောက်မှလက်ခံတာ ကျတော်တို့က ဇာတ်ကားရိုက်နေတုန်းမှာဘဲချစ်သူဖြစ်သွားတာပါ.."

အထစ်အငေါ့မရှိ ကျွမ်းကျင်ပိုင်နိုင်စွာဖြေဆိုသွားသောကောင်လေးအားကြည့်ရင်းအံ့ဩနေမိတာတော့အမှန်...ပုံမှန်လူဆိုဒီလောက်ထိမလုပ်နိုင်ဘူးလေ..!

Actor Lover ♪जहाँ कहानियाँ रहती हैं। अभी खोजें