6🎥🚨

728 62 25
                                    

"ကဲ နှစ်‌ယောက်လုံးအဆင်သင့်ဖြစ်ကြပြီလား?"

"ဟုတ်!"

"စမယ် အသင့်ပြင်..1.2.3. Action!"

"Haha...ဒါကမင်းကိုယ်တိုင်လုပ်ရမဲ့ကိစ္စလေ jiyoငါတော့မင်းကမ်းလှမ်းတာကိုငြင်းတယ်.."

'ဝုန်း!'

"ကျတော့်ကိုကူညီပေးပါ pat မင်းသာမကူညီရင်ဒါကိုဆုံးရှုံးရမှာ!"

ရုတ်တရက်ဆွဲဆောင့်လိုက်တာကြောင့်နံရံနှင့်ကျောပြင်ဟာရိုက်မိကာနာကျင်သွားသဖြင့် မျက်နှာလေးနည်းနည်းမဲ့သွားသည်မှာအမှန်..သို့သော်လည်းသရုပ်ဆောင်မပျက်ဖို့ရေးအတွက်အဓိကထားကာ..စူးရဲစွာစိုက်ကြည့်နေသောတဏှာနတ်သား၏မျက်လုံးသို့စေ့စေ့ကြည့်လိုက်ပြီး...

"Hkk..ငါမင်းကိုမကူညီနိုင်ပါဘူးလို့ပြောပြီးနေပြီဘဲလေ ဒီလိုကလေးက‌လားပုံစံတွေငါ့ကိုမလုပ်နဲ့!"

ဇာတ်ညွန်းထဲပါသည့်အတိုင်းပြောပြီးတာနှင့်ပင် သူ့လက်များအားချုပ်ကိုင်ထားသည့်လက်တစ်စုံကိုဖြုတ်ချကာ ကင်မရာရှိရာအရှေ့ဘက်သို့ဦးတည်လျှောက်လာခဲ့တော့သည်...

"Cut.!ဟုတ်ပြီ ဒီအပိုင်းဘဲ ရပြီ"

P'pouအော်သံကြားလေတော့မှ အောင့်တက်သွားသောကျောပြင်အားမမှီ့တမှီလက်လေးဖြင့်ပွတ်သပ်လိုက်ရင်းအနီးရှိခုံတန်းလေးတွင်ထိုင်လိုက်သည်။

"အဆင်ပြေရဲ့လား fot!"

သူအမြဲတမ်းသောက်လေ့ရှိသောသခွားမွှေးအအေးခွက်လေးနှင့်အတူရောက်ချလာသောတဏှာနတ်သား...

*အအေးကိုသဘောကျပေမဲ့ယူလာတဲ့လူကိုတော့ရိုတ်သတ်ပစ်ချင်တယ်!*

ကမ်းပေးသောအအေးခွက်အားဆွဲယူရင်းတစ်ငုံမျှသောက်ကာစားပွဲပေါ်၌တင်လိုက်သည်...ထိုစဉ်သူ့နားသို့ဝင်ထိုင်လာသောတဏှာနတ်သား!

"ဟူး~"

သက်ပြင်းယဲ့ယဲ့ချရင်းစားပွဲပေါ်မှောက်အိပ်လာသောအကောင်ကြောင့်မေးခွန်းထုတ်မိပြန်သည်.

"ပင်ပန်းနေပြီလား?"

ပြန်ဖြေသံမကြားပေမဲ့ခေါင်းထောင်ကာစိုက်ကြည့်လာသောတဏှာနတ်သားကြောင့်ပြောစရာရှိသည်များကိုဆက်ပြောလိုက်သည်..

Actor Lover ♪Where stories live. Discover now