4🎥

459 51 25
                                    

" Fourth Nattawat jirochtikul"

ရေနွေးနွေးဖြင့်15မိနစ်မျှစိမ်ကာ ရေမိုးချိုးခေါင်းလျှော်ပြီးနောက် တဘက်တစ်ထည်ခေါင်းပေါ်တင်လျက် ဗီရိုကိုဖွင့်လိုက်ရင်းတွေ့ရာပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံကိုဆွဲယူကာဝတ်လိုက်သည်...မီးဖိုခန်းဘက်သို့သွားရင်းသောက်နေကြကော်ဖီတစ်ခွက်ကိုဖျော်လိုက်ပြီးနောက်ဧည့်ခန်းဆီသို့လျှောက်ကာsofaပါ်၌ထိုင်ချလိုက်သည်...ထို့နောက်သဘက်တင်ထားသောမခြောက်သေးသည့်ဆံပင်များအား သုတ်ရင်းစားပွဲခုံပေါ်ရှိ Removeကိုဆွဲယူလိုက် TVကိုဖွင့်လိုက်သည်..သို့သော်လည်း အာရုံဟာ TVတွင်မရှိ..5:00လာခေါ်မယ်ဟုပြောသွားခဲ့သည့် ကောင်လေးဆီကိုသာပျံ့လွင့်လို့နေသည်..

*ငါတစ်ကယ်ဘဲဘာဖြစ်နေတာလဲ!!*

ဖုန်းကိုထုတ်ကာအချိန်ကိုကြည့်လိုက်သည်...4:56 pm

"5:00တောင်ထိုးတော့မှာဘဲ..ငါဒီပုံစံနဲ့အပြင်ထွက်လို့အဆင်ပြေပါတယ်"

ရှည်နေသည့်အင်္ကျီလက်ရှည်အဖြူလေးအားဘောင်းဘီထဲသို့ထိုးထည့်လိုက်ရင်း ကြည့်ကောင်းအောင်ပြင်ဆင်လိုက်သည်...ခြောက်လုခြောက်ဆဲဆံပင်လေးအား dryer ဖြင့်မှုတ်လိုက်ရင်း ပုံသွင်းလိုက်သည်..‌များစွာသောခါးပတ်များထဲမှသဘောကျသည့်တစ်ခုကိုဆွဲယူရင်းပတ်လိုက်သည်..ထို့နောက် ထိုကောင်လေးပေးခဲ့သောလက်ဆောင်ဗူးလေးထဲမှ သေးသေးမျှင်မျှင်ဆွဲကြိုးလေးအား ဖြူဖွေးနေသောလည်တိုင်တွင်ချိတ်ဆွဲလိုက်သည်။

"Perfect!"

'ဒင်းဒေါင်..'

ဘဲလ်တီးသံကြောင့်တံခါးနားသို့လျှောက်သွားရင်းဖွင့်ပေးလိုက်သည်။

"P' "

"Gem.."

"ဟုတ်..!ကျတော်တို့သွားကြတော့မလားp' "

"Omm.."

သူမြင်ခဲ့တာပေါ့..သူ့လည်တိုင်ကိုကြည့်ရင်းကျေကျေနပ်နပ်ကြီးပြုံးသွားခဲ့တဲ့ထိုကောင်လေးရဲ့အပြုံးတွေကို...

"ဘယ်သွားမလို့လဲ..Gem"

"သိရမှာပေါ့p'ရဲ့ p'အချိန်မရလို့လားဟင်"

"အဲ..မဟုတ်ပါဘူးရယ် ဒီတိုင်းသိချင်လို့မေးတာ"

"အော်~ခနနေရောက်တော့မှာp' "

Actor Lover ♪Where stories live. Discover now