2🎥

512 54 8
                                    

"ok.. cut! အားလုံးတော်ကြတယ်!!"

p'Fourth နဲ့ p'satang တို့သရုပ်ဆောင်သွားတာကိုသူမျက်တောင်မခတ်ဘဲငေးကြည့်နေမိသည်...မိုက်လိုက်တာ..ဟာကွက်လေးတစ်ကွက်တောင်မရှိဘဲသရုပ်ဆောင်သွားကြတဲ့သူတို့က နိုင်ငံကျော်ဆိုတာထက်ကိုပိုတယ်!

"Gem Gem နောက်တစ်ခန်းကကလေးလေးမို့လား..."

"ဟုတ် p'satang "

"ကြိုးစားနော်ကလေးလေး..မင်းလုပ်နိုင်မှာp'သိတယ်ဟုတ်ပြီလား!"

"Ka...p' ကျတော်လုပ်နိုင်တယ်ဟီးဟီး"

ပြောဆိုရင်းပြုံးပြလာသော p'အားပြန်လည်ပြုံးပြလိုက်ရင်းပြောရမည့်စာသားများအားတစ်ခေါက်ပြန်လည်ဖတ်ရှုလိုက်သည်...ဖတ်နေရင်းမာမီပြန်လာတာကြောင့် မာမီ့နှင့်အတူအစမ်းလေ့ကျင့်လိုက်သည်..

"Hey..Nong Gem!"

ရုတ်တရက်နားထဲသို့ဝင်ရောက်လာသည့် သိပ်မရင်းနှီးသေးသောအသံကြောင့်အနောက်ဘက်သို့လှည့်ကြည့်လိုက်မိသည်...

"p'Fourth "

"ရော့..ငါ satang တွက်ဝယ်လာတာ မသောက်ဘူးဆိုလို့ Nongဘဲသောက်လိုက်တော့"

လက်ထဲတွင်ကိုင်ထားသော သခွားမွှေးအအေးခွက်လေးနှစ်ခွက်ထဲမှတစ်ခွက်ကိုကမ်းကာပေးလာသော P'ကြောင့် ပြူးကြောင်ကြောင်လေးနှင့်သာယူထားလိုက်ရသည်။သူယူလိုက်တာနှင့်တစ်ပြိုင်နက်ပြုံးပြကာဆိုလာသည့်စကားတစ်ခွန်းကြောင့်ရင်ထဲဒိုင်းခနဲ!

"နောက်တစ်ခန်းမှာမင်းရဲ့ကြိုးစားမှုရလဒ်ကိုကြည့်ရအောင် Nong Gem!"

"ဟ..ဟုတ်"

ကြက်သီးထစရာကောင်းအောင်ပြုံးပြရင်းထွက်သွားသော်လည်း..သူ့မျက်လုံးထဲတွင် ထိုအပြုံးလေးဟာဘာနဲ့မှလဲလို့မရအောင်ချိုမြလွန်းသည်..သူ p'Fourth ကိုအရမ်းစွဲလမ်းနေခဲ့မိတာဘဲ!

"ကဲ! Gem Gem အဆင်သင့်ဖြစ်ရင်စရအောင်"

ဒါရိုက်တာp'pou၏‌ပြောစကားကြောင့်ခေါင်းငြိမ့်ပြလိုက်ရင်း ရိုက်ကွင်းထဲသို့ဝင်လိုက်သည်..

"ဒါက ကာရိုက်တာ Jiyoနဲ့ pat တို့စတွေ့မဲ့အခန်း  အဆင်သင့်ဖြစ်ပြီလား နှစ်ယောက်လုံး!"

Actor Lover ♪Where stories live. Discover now