10🎥

452 49 8
                                    

သက်ပြင်းရဲ့ရဲ့ချလိုက်ရင်း ဖတ်လက်စမဂ္ဂဇင်းအားစားပွဲပေါ်သို့ပစ်တင်လိုက်သည်...

သူတို့ပင်လယ်ကနေပြန်လာပြီးနောက်ပိုင်းသတင်းတချို့ကပျံ့လို့နေသည်...သူနဲ့Gemတို့ဟာတွဲနေကြတာပါလို့ခပ်ရေးရေးလေးသတင်းထွက်နေပေမဲ့ fanတွေရဲ့ shipလို့သာမြင်နေကြတာကြောင့် သိပ်တော့ဂရုစိုက်နေစရာမလိုခဲ့သည်မို့လျစ်လျူရှုကာ ရိုက်လက်စဇာတ်ကားအားပြီးဆုံးအောင်ရိုက်ဖြစ်ခဲ့သည်...သို့သော် သူနဲ့Gemရဲ့ပထမဆုံးတွဲရိုက်ထား‌သောဇာတ်ကားကြီးရုံတင်တော့မည့်နေ့မှာပင် သူတို့နှစ်ယောက်ပင်လယ်ကမ်းခြေတွင်နမ်းနေ‌သည့်ပုံများဟာ"Fourth Nattawat jirochtikul နှင့် Gemini Norawit Titicharoenrak တို့ဟာတွဲနေကြောင်း အတည်ပြုလိုက်ပါပြီ"ဆိုသည့်ခေါင်းစဉ်ကြီးနှင့်အတူတစ်နိုင်ငံလုံးဖြန့်‌ကျက်နေသောထိပ်တန်းမဂ္ဂဇင်းကြီး၏ရှေ့မျက်နှာဖုံးတွင်ပါဝင်လာခဲ့လေသည်....ထိုအခြင်းအရာကပင်မီဒီယာတို့ကိုပို၍စိတ်ဝင်စားလာစေကာ သူတို့ဆီသို့စုပြုံရောက်ချလာဖို့အတွက်လမ်းစပေးခဲ့သလို...အခုအချိန်မှာရှိရှိသမျှမီဒီယာတွေအကုန်လုံးဟာသူ့ထက်ငါအပြိုင်သူတို့အားအင်တာဗျုးချင်နေကြသလို...သူတို့ဇာတ်ကားဟာလဲပြဿနာတွေကြောင့် တင်ရမလိုလိုမတင်ရမလိုလိုနှင့် p'pou ခမျာလည်းသနားစရာတောင်ကောင်းနေပြီဖြစ်သည်...သူမှာအားနာလွန်း၍မျက်နှာချငိးတောင်မဆိုင်ချင်တော့..

"Fot.!"

Sofaပေါ်တွင်ထိုင်ကာအတွေးပေါင်းစုံချာလည်လိုက်နေရာမှအနောက်ဘက်ကထွက်ပေါ်လာသောအသံလေးကြောင့်လေလွင့်နေသောအာရုံများဟာထိုအသံလေးတွင်စုစည်းလို့သွားသည်...

"Gem..နိုးနေပြီလား?"

"Ommmm....fotဘာဖြစ်လို့လဲဟင် ခုနကသက်ပြင်းတွေချနေတယ်!"

မျက်လုံးအားပွတ်သပ်ကာသူ့အနားဝင်ထိုင်လျက်ရင်ခွင်ထဲသို့တိုးဝင်လာသောအိပ်ပုတ်တဏှာကောင်လေးအားခေါင်းလုံးလုံးလေးကိုပုတ်ပေးလိုက်တော့ သဘောတကျဖြင့်ရီသည်...

"ဒီကိစ္စကြောင့်စိတ်ညစ်နေတာလား Fot?"

မဂ္ဂဇင်းကိုကောက်ကိုင်ကာဆိုလာသောသူအားခေါင်းငြိမ့်ပြလိုက်တော့သူ့အားနွေးထွေးသည့်အကြည့်လေးများဖြင့်ကြည့်ကာသူ့လက်နှစ်ဖက်အားအနူးညံ့ဆုံးဆုပ်ကိုင်လာခဲ့သည်~....

Actor Lover ♪Where stories live. Discover now