3🎥

480 45 18
                                    

"ဟူး~အဆင်ပြေပြီ!"

နက်ခ်တိုင်ကိုစနစ်တကျစည်းလိုက်ရင်းကိုယ်လုံးပေါ်မှန်ရှေ့တွင်ဟိုလှည့်ဒီလှည့်ဖြင့်အလုပ်ရှုပ်နေသော Gemini

"Gem Gemဘာလိုလို့လဲသား"

ပစ္စည်းတစ်ချို့ကိုအိတ်ထဲထည့်နေရင်းမေးလာသည့်မာမီ့ကြောင့်ခေါင်းကိုခါပြလိုက်သည်..ထို့နောက်စားပွဲခုံလေးဆီသို့လျှောက်သွားလိုက်ရင်း p'Fourth အတွက်ကိုယ်တိုင်ကိုယ်ကျအစအ‌ဆုံးပြင်ဆင်ထားသောလက်ဆောင်ဘူးသေးသေးလေးအား မာမီ့ဆီသို့ကမ်းပေးလိုက်ရင်း..

"မာမီ ဒါလေးပါတစ်ချက်ထည့်ထားပေးနော် ကျတော်အတွက်အရမ်းအရေးကြီးတယ်နော်"

"ဟုတ်ပါပြီရှင်"

မာမီကပြုံးပြရင်းပြောသည်...ပုံသွင်းထားသောဆံပင်အားတစ်ချက်မျှသပ်တင်လိုက်ရင်း နောက်ဆုံးပေါ်မျက်မှန်အားတပ်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်လျက်ကွန်ဖီးဒန့်လယ်ဗယ်အပြည့်ဖြင့်ရိုက်ကွင်းဆီသို့လျှောက်လာခဲ့လိုက်တော့သည်...

¶အားး!! ဟဲ့ဟဲ့ဟိုမှာငါတို့နတ်သားလေးရောက်လာပြီ!!!¶

¶အိုက်စ်! ချစ်စရာလေးဟယ် ချောလိုက်တာ¶

¶အရမ်း‌ချောတယ်မာမီတို့နတ်သားလေးရေ!!!¶

ရိုက်ကွင်းထဲသို့ခြေချလိုက်သည်ဆိုတာနှင့်သူ့fanများ၏အသံများဟာဖုံးလွှမ်းသွားတော့သည်...အပြုံးလေးတစ်ပွင့်ဖြင့်အားလုံးကိုနှုတ်ဆက်ရင်း ဒါရိုက်တာဘေးနားရှိထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်..မာမီမှလိုအပ်သည်များကိုလိုက်ကြည့်ရင်းသူ့ကိုအသေအချာပြင်ဆင်ပေးနေလေသည်..ခဏအကြာတွင်အော်သံများဟာထပ်မံဖုံးလွှမ်းသွားလေသည်..ဒါဟာသူလာတုန်းကထက်အဆ၁၀၀လောက်ပိုကျယ်တယ်!

¶Arrr...!!!!! Fot Fot အရမ်းချစ်ဖို့ကောင်းတာဘဲကလေးလေးရေ!!¶

¶p'Fourthအရမ်း‌ချောတယ်ရှင့်!!!!!¶

¶အမလေးလေးချောချက်ကနှခေါင်းသွေးပါလျှံကုန်ပြီနော်သားသားFourthရေ!!!!!¶

သေချာပေါက်စီနီယာကြီး Fourth ပေါ့...အအေးဘူးအားသောက်နေရာမှအော်သံများလာရာအရပ်သို့လှည့်ကြည့်လိုက်မိသည်..

Actor Lover ♪Where stories live. Discover now