"hai~"
Wakanaပြောတာတွေကိုကြားနေတဲ့သခင်လတ်က
ဂျပန်စကားကိုကောင်းကောင်းနားလည်တာမို့
ဒီအကြောင်းသူ့ညီကိုပြောပြရပေးဦးမည်~
"အောက်မှာချထားလို့ရတယ်လေသခင်ငယ်လေး~"
"ရပါတယ်မွေ့ထားလိုက်မယ်~"
ကလေးကအိပ်ပျော်နေတာတောင်လက်ထဲကမချဖြစ်နေတဲ့ထယ်ယောင်းကြောင့်ဆေးပြုတ်ရေတွေသောက်ရပြီး
မီးထိုင်နေရတဲ့ဂျောင်ကုကပြုံးလို့ရယ်~
"ဖြည်းဖြည်းထိုင်~"
"Nae~"
"ကလေးသေးသေးလေးမွေးထားတာဘဲ~"
"ဟေ့ မထိနဲ့~"
ကလေးကိုကိုင်ဖို့လက်လှမ်းလာတဲ့ အစေခံကလေးတစ်ယောက်ကိုချက်ချင်းတားလိုက်တဲ့ထယ်ယောင်းကြောင့်
အစေခံကလေးငယ်လေးမှာငိုမဲ့မဲ့ဖြစ်သွားရပြီ~
"ကလေးကိုလန့်အောင်မလုပ်ပါနဲ့မောင်ရယ်
သူကသားလေးကိုဒီတိုင်းကြည့်ချင်ရုံပါ~"
"ကိုင်ဖို့လုပ်နေတာအစ်ကိုအသေးလေးရဲ့
သူ့လက်ကမြေကြီးတွေနဲ့ညစ်ပတ်နေတယ်~"
"ဟုတ်လား အဲ့တာဆိုဂျူဂျူးသွား လက်သွားဆေးခဲ့
ပြီးရင်မောင်လေးကိုလာထိကြည့်နော်~"
"ဟုတ်ကဲ့~"
သူ့သားလေးကို ကလေးတွေအပါအဝင်
အစေခံတွေအားလုံးကပွေ့ချီကြကြည့်ကြထိကြလုပ်နေကြတာကိုထယ်ယောင်းလုံးဝမကြိုက်ဘေမဲ့
ဒီအစေခံတွေကဘဲဂျောင်ကုကိုစောင့်ရှောက်ခဲ့ကြတာမို့
ကန့်လဲမကန့်ကွက်ရက်~
"အူငဲ...အူငဲ~"
"ငိုနေပြီ ပေးခဲ့ကြတော့~"
"သေးပေါက်ချလိုက်ပြီ အနှီးလဲပေးရမယ်~"
အနှီးကိုထယ်ယောင်းဝယ်ပေးထားတဲ့
ပိုးသားပိတ်အဖြူနဲ့ဂွမ်းကပ်ပိတ်အနီကိုသာသုံးတာမို့
ကလေးကဂျိုဆွန်းခေတ်မင်းသားငယ်လေးနဲ့တောင်တူတယ်။
"အိပ်တော့လေအစ်ကိုအသေးလေး
အရမ်းပင်ပန်းနေပြီကို~"
"မောင်ပြန်တော့မှာလားဟင်~"
"မပြန်သေးပါဘူး မနက်မှပြန်မှာ~"
"ပြန်ရောလာဦးမှာလား~"
YOU ARE READING
~~ငွေ့~~{Complete}