"အဒေါ်ကလဲနောက်နေပြန်ပြီ~"
"ပါးလေးကဖောင်းနေတာဘဲနော်အစ်ကိုအသေးလေး
ဗိုက်ထဲမှာဘာမှလဲမစားရဘဲနဲ့~"
"အစ်ကိုစားလိုက်သမျှကသားလေးအတွက်အဟာရဖြစ်တယ်လေမောင်ရဲ့~"
ထယ်ယောင်းကဂျောင်ကုပုခုံးမှာခေါင်းမှီထားပြီး
နို့စို့နေတဲ့သူ့သားလေးရဲ့ပါးကိုလက်ညိုးနဲ့အသာထိနေတော့
ဂျောင်ကုပြုံးနေရင်းမှသူ့အဖွားကိုသတိရသွားရော~
"အဖွားကိုလဲမတွေ့ဘူး အဖွားရောဟင်အဒေါ်ကြီး~"
"အာ~~အဖွားက ရုတ်တရက်နေမကောင်းဖြစ်ပြီး
ချောင်းပါဆိုးလာလို့ လေလုံတဲ့အဒေါ်အခန်းမှာ
ဆေးသောက်ပြီးအိပ်ခိုင်းထားတယ်~"
"တော်သေးတာပေါ့အသက်အန္တာရယ်မထိခိုက်သွားလို့
အဖွားမှော်ပညာသုံးလိုက်တာကျွန်တော်သိတယ်
သုံးလိုက်တာလဲအရမ်းများလို့အရမ်းစိုးရိမ်သွားတာ~"
အခုမှမီးဖွားထားကာစဂျောင်ကုကို
အမှန်တိုင်းပြောလိုက်ရင်သွေးလန့်ပြီးရူးသွားနိုင်တာမို့
အဒေါ်ကြီးတွေလဲမလိမ်ချင်ဘဲလိမ်ကြရတာပေါ့~
"ရေဖျင်းတဲ့လား??အခုတော့ကလေးထွက်လာပြီ
ဟားဟားး ဘယ်လောက်တောင်အံ့သြဖို့ကောင်းလဲ~"
"သခင်မ~~"
ဂျောင်ကုအကြောင်းအကုန်သိသွားတဲ့Wakanaက
မယုံနိုင်လဲဖြစ် ဝမ်းလဲသာကာ
ဟားတိုက်ရယ်နေမိတော့တယ်။
"ကြိုးနှစ်ချောင်းပြတ်သွားလို့ငါကဝမ်းနည်းနေတာ
ချက်ချင်းကြိုးနှစ်ချောင်းပြန်ရလာတော့
ဝမ်းသာစရာဘဲပေါ့~"
"အခုချက်ချင်းဖမ်းပြီးနှိပ်စက်လိုက်ရမလားသခင်မ~"
"မလုပ်နဲ့ လွတ်ထားပေးလိုက် သံယောဇဥ်များလေ
ဆုံးရှုံးရမှာကြောက်လေမို့ သံယောဇဥ်တွေတွယ်ခိုင်းထားလိုက်ဦး~"
"ဟုတ်ကဲ့ ဒီတိုင်ဘဲစောင့်ကြည့်ထားပါ့မယ်~"
"စောင့်ကြည့်တာကသူတို့ကိုသတိပေးသလိုဖြစ်တယ်
ဒီတိုင်းလွတ်လပ်ခွင့်ပေးထားလိုက် အဲ့တာမှအချစ်တွေတိုးပြီး
ငါ့အတွက်ကစားရတာကောင်းလာမှာ~"
YOU ARE READING
~~ငွေ့~~{Complete}