~~~~~~~~~~~~~~~~~~~~~~~~~~
"ထယ်ယောင်း ဒီညအကြီးအကဲတွေ့ဆုံပွဲpartyရှိတယ်နော်~"
"ငါသိပါတယ် မင်းလဲလိုက်မှာမဟုတ်လား~"
"ကျွန်မကအဓိကဘဲလေ~"
Wakanaရဲ့ယုံကြည်မှုကိုရဖို့အလုပ်ကိုသာ
ကရုစိုက်လုပ်နေတဲ့ထယ်ယောင်းက အစောင့်တွေရဲ့
တင်းကြပ်မှုကြောင့်ဂျောင်ကုနဲ့မျက်နှာချင်းဆိုင်မတွေ့ရတာတောင်လအတော်ကြာခဲ့ပြီ~
"ဘယ်သွားမလို့လဲမြေးလေး~"
"အိမ်ထဲမှာဘဲနေရတာမွန်းကျပ်လာလို့
အပြင်ကိုလမ်းလျှောက်ထွက်မလားလို့~"
"မွေးခါနီးဖွားခါနီးကွယ် မသွားစမ်းပါနဲ့~"
"မစိုးရိမ်ပါနဲ့အဖွား ကျွန်တော် ဟိုကောင်လေးနှစ်ယောက်ကိုလဲခေါ်သွားမှာပါ~"
"သွားလို့မဖြစ်ဘူးမြေး အဖွားအာရုံထဲမှာမီးတွေမြင်နေရတယ်~"
"မီး??..အဲ့တာဆိုမြစ်ကမ်းဘေးသွားလိုက်ပါ့မယ်
တကယ်လို့မီးတွေ့ခဲ့ရင်တောင်ရေနဲ့ငြိမ်းလို့ရတယ်လေ~"
သူ့အဖွားသူ့ကိုစနေတယ်ထင်တဲ့ဂျောင်ကုက
သူ့ကိုစောင့်ရှောက်နေတဲ့
အစေခံနှစ်ယောက်နဲ့အတူဂျပန်အစောင့်တွေဆီ
သစ်ခုတ်ဆိုပြီးခွင့်တောင်းကာအပြင်ထွက်မြစ်ကမ်းဘေးသို့~
"ဟား~~အခုမှဘဲလမ်းဆန်းသွားတော့တယ်~"
"ရာသီဥတုအရမ်းအေးတာမို့ ခနနေပြီးပြန်ကြရအောင်နော်~"
ဆောင်းဝင်နေပြီမို့အအေးဓာတ်ကများနေပြီး
မြစ်ဘေးလေကလဲတိုက်ခတ်နေတာကြောင့်
အစေခံနှစ်ယောက်ကဂျောင်ကုကိုစိတ်ပူနေဘေမဲ့
ဂျောင်ကုကတော့ထယ်ယောင်းဝယ်ထားပေးတဲ့
အတွင်းသိုးမွေးခံအင်္ကျီနဲ့နွေးနေရောဘဲ~
"မောင်နဲ့မတွေ့ရတာအရမ်းကြာပြီ
အဆင်ရောပြေရဲ့လားမသိဘူး~"
"အဆင်ပြေမှာပါ စိတ်မပူပါနဲ့ ကိုယ့်ကိုယ်သာကရုစိုက်ပါ~"
"မင်းပြောကြည့် မောင်ကငါ့ကိုသဘောကျတယ်လို့ထင်လား~"
"သဘောကျပါတယ် အခုကအနေကျပ်နေတဲ့အခြေနေမို့
လာမတွေ့တာပါ~"
YOU ARE READING
~~ငွေ့~~{Complete}