အနှီးတွေကြားထဲကရိုးရာအင်္ကျီလေးက
သူဝတ်နေကျsizeထက်ကြီးနေပြီး ပုံဖော်ထားတဲ့ပန်းခက်တွေကအရမ်းလှတဲ့အပြင်အတွင်းကိုက
နူးညံ့တဲ့သိုးမွေးတွေနဲ့ထည့်ချုပ်ထားတာမို့တော်တော်နွေးမယ့်ပုံ~
"စျေးကြီးမှာဘဲ အရမ်းလှပြီးချုပ်ထားပုံကသေသပ်တယ်~"
ထို့နောက်ထယ်ယောင်းဝယ်ပေးတဲ့ကလေးအနှီးတွေကို
ဂျောင်ကုကသူ့အခန်းထဲကကျွန်းသေတ္တာလေးထဲ
သေချာထည့်သိမ်းပြီး သူ့အဖွားကိုဆေးအကြောင်းသွားပြောရတယ်။
"သမီး ဘယ်လိုလဲအကုန်အဆင်ပြေရဲ့လား
အဖေလဲတောင်ပိုင်းဆိပ်ကမ်းဘက်သွားနေရတော့မလာဖြစ်ဘူး~"
"အကုန်အဆင်ပြေပါတယ် လာပါနားပါဦး~"
Wakanaရဲ့အဖေအိမ်တော်ကိုရောက်လာချိန်မှာ
ထယ်ယောင်းကရုံးတော်ကိုသွားနေရပြီး
သခင်လတ်ကလဲမြို့ထဲသွားနေတာ~
"ထယ်ယောင်းအခြေနေဘယ်လိုလဲ~"
"ပုံမှန်ပါဘဲ ဘာအပြစ်မှတော့မလုပ်သေးဘူး~"
"ဟုတ်လား ကောင်းတာပေါ့ သူက
နကိုကတည်းကခပ်တုံးတုံးကောင်လေးပါ~"
"ဟုတ်တယ် ဒါဘေမဲ့သူ့အကိုလတ်ကပါးနပ်တယ်
သမီးသူ့ကိုသံသယရှိနေဘေမဲ့သံသယဝင်စရာဘာမှမတွေ့ဘူး~"
"နည်းနည်းကျပ်လိုက်လေငါ့သမီးရဲ့~"
"သူ့ကိုကျပ်လို့မရဘူးအဖေ ဒီတိုင်းလွတ်ထားပြီး
စောင့်ကြည့်တာကပိုကောင်းတယ်~"
"အင်းပါ ထယ်ယောင်းကိုထိန်းချုပ်ထားတာကိုသာမလွတ်စေနဲ့~"
"မလွတ်ပါဘူး ဟိုရေဖျင်းဖြစ်နေတဲ့ကောင်လေးလက်မှာ
ကျောက်လက်စွပ်နှစ်ကွင်းစွပ်ထားတာမြင်တယ်~"
"အဲ့တာကဘာထူးဆန်းလို့လဲသမီးရဲ့
သမီးလိုချင်လို့လား~"
"မဟုတ်ဘူးအဖေ အဲ့လက်စွပ်တွေကကိုရီးယားအယူအရ
အိမ်ထောင်သည်အမျိုးသမီးတွေဘဲစွပ်တာ ပြီးတော့
အဲ့လက်စွပ်တွေကအရေအသွေးကောင်းတယ် အစေခံတစ်ယောက်ကမဝယ်နိုင်ဘူး~"
"ထယ်ယောင်းပေးတာလား~"
"မသိဘူးစုံစမ်းနေတုန်းဘဲ ထယ်ယောင်းထက်
အလတ်ကောင်ပိုဖြစ်နိုင်တယ် ဘာလို့ဆိုသူ့ရဲ့အကြည့်တွေက
အဲ့ကောင်လေးအပေါ်မှာအရမ်းနူးညံ့နေတယ်~"
YOU ARE READING
~~ငွေ့~~{Complete}