"အချစ်ရေဆိုတာက အဖွဲ့ဝင်အားလုံးကိုရည်ရွယ်တာ
ချစ်စိတ်ကြောင့်ခံစားရတာက ပြဿနာတစ်ခုရှိနေတယ်
အချစ်ပင်လယ်ထဲမျောလာတာကိုဆယ်ယူကုသ~~
သေချာတာကမသေသေးတဲ့လူတစ်ယောက်ပင်လယ်ထဲမျှောလာမယ်~အားလုံးကိုမြစ်ရိုးတစ်လျှောက်စောင့်နေဖို့သတိပေးရမယ်~"
အမြန်အဆန်ကိုနားလည်သွားတဲ့မိန်းကလေးက
သူတို့လူတွေကိုသတိပေးဖို့အတွက်
နေရာတိုင်းရဲ့ခေါင်းဆောင်တိုင်းကိုဖုန်းဆက်သတိပေးလေပြီ~
"appaတို့နှစ်ယောက် မနက်ဖြန်လာပို့တဲ့ထမင်းဟင်းတွေကိုစားဖြစ်အောင်စားနော်~"
"ဘာဖြစ်လို့လဲ~"
"မနက်ဖြန်appaတို့အစာထဲမှာ တစ်ရက်သေနိုင်တဲ့အဆိပ်ပါလိမ့်မယ် အဲ့တစ်ရက်အတွင်းအသက်မရှူသလိုနှလုံးလဲခုန်မှာမဟုတ်ဘူး အဲ့လိုဖြစ်သွားတာနဲ့မြစ်ထဲမျှောလိုက်မှာ
တစ်နေရာမှာကိုလေးရဲ့လူတွေကဆယ်ယူလိမ့်မယ်~"
"သဘောပေါက်ပြီ~"
သူ့အဖေနဲ့အစ်ကိုကြီးကိုလာပြောနေတဲ့ထယ်ယောင်းက
စျေးသွားတုန်းပိုးသားပိတ်အဖြူနဲ့ဂွမ်းကပ်ပိတ်အထူအနီရောင်အပြင်ချုပ်ပြီးသားရိုးရာအင်္ကျီကိုပါဝယ်ပြီး
အစေခံနှစ်ယောက်ကနေတစ်ဆင့်
ဂျောင်ကုကိုပေးခိုင်းထားတာ~
"သခင်ငယ်လေးပေးခိုင်းလိုက်တာပါ
ဆောင်းဝင်လာတော့မှာမို့ကိုယ့်ကိုယ်ကိုယ်ရော
ကလေးကိုပါကရုစိုက်ပါတဲ့~"
"ဟုတ်လား ယူလာပေးလို့ကျေးဇူးပါဘဲ~"
"ရပါတယ် ပြီးတော့မှာလိုက်သေးတယ် မနက်ဖြန်ရမယ့်ဆေးကိုသခင်ကြီးတို့စားမယ့်မနက်စာအစာထဲထည့်လိုက်ပါတဲ့~"
"မောင်ကမလာဘူးလား~"
"အဲ့တာတော့မသိဘူးဗျ ဒီတိုင်းမှာလိုက်လို့~"
"အော်..ဟုတ်ပါပြီ~"
ထယ်ယောင်းလာရင်လဲမတွေ့ချင်သလို
မလာပြန်ရင်လဲတွေ့ချင်ပြန်တဲ့ဂျောင်ကုက
သူ့ကိုယ်သူတောင်နားမလည်နိုင်~
"တစ်ခါတည်းအနားလုံးပြီးသားဘဲ ကောင်းလိုက်တာ
အသားကလဲနူးညံ့နေတာဘဲ ဟင် အင်္ကျီလဲပါတယ်~"
YOU ARE READING
~~ငွေ့~~{Complete}