"သခင်ငယ်လေးပါပါတာလား သခင်လတ်နဲ့မတည့်တာကို~"

"ဒီတိုင်းစကားပြောကြရင်းဝိုင်သောက်လိုက်ကြတာ
ဖြစ်နိုင်တာကမူးလို့ပါလာတာထင်တယ်
မဟုတ်ရင်သူ့ဟာကထောင်မှမထောင်တာ~"

"ဟုတ်မှာပါ မနက်စာကိုဘာသုံးဆောင်ချင်လဲမမလေး~"

"အရင်နေ့ကအတိုင်းဘဲလုပ် ဒါနဲ့ ထယ်ယောင်းရော~"

"သခင်ငယ်လေးက အစေခံနှစ်ယောက်နဲ့မြို့စျေးကိုသွားပါတယ်မမလေ စစ်သားနှစ်ယောက်လဲလိုက်သွားပါတယ်~"

"သခင်မ ကျွန်တော်တို့ဒီအိမ်ကပျံထွက်လာတဲ့စာပို့ငှက်ဖမ်းမိထားပါတယ်~"

ရုတ်တရက်ဝင်လာတဲ့ဂျပန်စစ်သားတစ်ယောက်က
Wakanaဆီကိုစာပို့ငှက်နဲ့အတူငှက်ဆီကပါလာတဲ့
စာလိပ်ကိုလာပေးလို့wakanaဖတ်ကြည့်ရာ ချက်ချင်းစိတ်ရှုပ်သွားရော~

📝မြတ်နိုးရပါတော့အချစ်ရေ~~
အချစ်ကိုစတွေ့တဲ့နေ့ကတည်းကချစ်စိတ်ကြောင့်
သေမတတ်ခံစားနေရပါတယ်~~ဒီစိတ်ကြောင့်
သေသွားခဲ့ရင်မင်းရဲ့အချစ်ပယ်လယ်ထဲမျှောလာမှာမို့
တွေ့တဲ့နေရာမှာမေတ္တာတွေနဲ့အမြန်ဆယ်ယူပြီးကုသပေးပါ
မင်းလက်နဲ့ထိရင်ပြန်ရှင်လာမှာမို့~~📝

"ဒါကဘာလဲ ရည်းစားစာလား
စာနဲ့ပို့တယ်ဆိုတော့အထက်တန်းလွှာမိန်းကလေးဆီပို့တာဘဲဖြစ်ရမယ် ပြီးတော့လက်ရေးကထယ်ယောင်းလက်ရေးမဟုတ်ဘူး~"

"ဘယ်လိုဆက်လုပ်ရမလဲသခင်မ~"

"ငှက်မှာစာပြန်ထည့်ပြီးလွတ်လိုက် ပြီးရင်ဘယ်ကိုသွားတာလဲလိုက်ကြည့် စာကရိုးရှင်းမနေဘူး~"

"ဟုတ်ကဲ့~"

Wakanaပြောတဲ့အတိုင်းငှက်ကိုစာနဲ့အတူပြန်လွတ်ပေးရာ
ငှက်ကအိမ်တော်ကြီးတစ်ခုကိုပျံသွားပြီး
ကောင်မလေးတစ်ယောက်ဆီရောက်သွားတော့
ကောင်မလေးကစာကိုဖတ်ပြီးပြုံးနေတာမို့ဂျပန်စစ်သားတွေလဲပြန်သွားကြလေရဲ့~

"ခေါင်းဆောင်ဆီကစာဘဲ အဓိပ္ပာယ်ကောက်ရဦးမယ်~"

စာဖတ်သူကောင်မလေးကအထက်တန်းလွာထဲကဖြစ်ပြီး
သခင်လတ်တို့ရဲ့တော်လှန်ရေးသမားအဖွဲ့ဝင်မို့
အိမ်အပြင်ဘက်ရှိနေချိန်မျက်နှာကတစ်မျိုးဖြစ်ကာ
အိမ်ထဲဝင်သွားချိန်မှာတော့မျက်နှာကတစ်မျိုး~

~~ငွေ့~~{Complete}Where stories live. Discover now