နှစ်ယောက်သားမျက်နှာချင်းဆိုင်စကားပြောနေကြချိန်မှာ
ထယ်ယောင်းကဂျောင်ကုကိုတည့်တည့်ကြည့်နေဘေမဲ့
ဂျောင်ကုကတော့ခေါင်းငုံ့လျှက်သာ~
"ဒါနဲ့အခု အဲ့ပိတ်စဖြူတွေနဲ့ဘာလုပ်နေတာလဲ~"
"အာ ဒါက ကလေးအတွက်အနှီးလုပ်ဖို့ပိတ်စတွေကို
အနားလုံးနေတာပါ~"
"ဒီဟာတွေကမွေးကင်းစကလေးအတွက်ဆိုမကြမ်းလွန်းဘူးလား~"
"နူးညံ့တဲ့ပိုးချည်ပိတ်ကိုသုံးချင်ဘေမဲ့
မတတ်နိုင်တဲ့အခြေနေမို့ ကျွန်တော်ဝယ်နိုင်တဲ့အကောင်းဆုံးအစကိုသုံးမလို့ပါ~"
"ဒါကိုအပြင်ဘက်ပတ်ဖို့သုံးလိုက် အတွင်းဘက်
အသားနဲ့တိုက်ရိုက်ထိနိုင်တာကိုတော့ ပိုးချည်ပိတ်ဝယ်ပေးမယ်~"
"ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်သခင်လေး
ဒါဘေမဲ့ ဒါနဲ့လဲအဆင်ပြေပါတယ် အဖွားကပြောတယ်
ဒီပိတ်သားကတစ်ရေလျှော်လိုက်ရင်ပျော့သွားမှာတဲ့~"
"ပိုးသားလောက်တော့မပျော့နိုင်ဘူးမဟုတ်လား~"
"ဒါဘေမဲ့လဲ ကျွန်တော့်ကလေးအတွက်သခင်လေး
ဝယ်ပေးဖို့မလိုပါဘူး~"
"အစ်ကိုသိထားဖို့က အဲ့မွေးလာမယ့်ကလေးက
ကျွန်တော်နဲ့ဆိုင်တယ်ဆိုတာဘဲ~"
ပြောပြီးတာနဲ့ချက်ချင်းထထွက်သွားတဲ့ထယ်ယောင်းက
စိတ်တိုသွားတာမို့ဂျောင်ကုတစ်ယောက်
သက်ပြင်းချရင်းသူ့ဗိုက်ကိုကိုင်နေမိတယ်။
"ကလေးရဲ့ပါးပါးက ကလေးကိုအရမ်းချစ်တာဘဲ
မားမားကိုတော့စိတ်ဆိုးသွားပြီ~"
သူနဲ့အတူရှိမနေဘေမဲ့လဲ မမွေးရသေးတဲ့ကလေးကိုချစ်တဲ့အပြင် အခုတလော သူ့ကိုနေ့တိုင်းနီးပါးလာတွေ့တဲ့
ထယ်ယောင်းကြောင့်ဂျောင်ကုဝမ်းသာမိတာအမှန်~
"မမလေး ဒီနေ့အိပ်ယာထနောက်ကျတယ်နော်~"
"အွန်း ညကဟိုညီအစ်ကိုနှစ်ယောက်နဲ့
ညနက်သွားလို့လေ~"
အစေခံအသစ်နှစ်ယောက်နဲ့ဖြစ်သွားတဲ့ကိစ္စကို
ထယ်ယောင်းတို့ညီအစ်ကိုနှစ်ယောက်နဲ့ဖြစ်ခဲ့တယ်ထင်နေတဲ့Wakanaက စိတ်ကျေနပ်နေတာအမှန်~
YOU ARE READING
~~ငွေ့~~{Complete}