"နာနေလား ခြေထောက်ကအရမ်းရောင်နေတယ်~"

"မနာပါဘူး အဒေါ်ကြီးတွေပြောတာတော့
ကိုယ်ဝန်ဆောင်တိုင်းဒီလိုဖြစ်တယ်တဲ့~"

"ဟုတ်လား နှိပ်ပေးမှာမို့နာရင်ပြောနော်~"

"မနှိပ်ပေးလဲရပါတယ် ညမှကလေးတွေကိုခိုင်းလိုက်မယ်~"

"ညကညပေါ့~"

ပြောပြီးတာနဲ့ထယ်ယောင်းကဂျောင်ကုရဲ့ခြေထောက်တွေကို
ရေနွေးနွေးလေးနဲ့ရေဆေးပေးရင်းနှိပ်ပေးနေတော့
ဂျောင်ကုစိတ်ထဲကြည်နူးမဆုံး~

*ခနသာပျော်ရွှင်မှုမှန်းသိဘေမဲ့ သဘောကျတယ်မောင်~*

*ဖြစ်နိုင်ရင်အနားမှာနေပြီးနေ့တိုင်းပြုစုပေးချင်တယ်အစ်ကိုအသေးလေးရယ်~*

"အား...ကျွတ်စ်...ကျွတ်စ်~"

"တောင်းပန်ပါတယ် အရမ်းနာသွားလား~"

"မဟုတ်ဘူး ဗိုက်မှာကန်နေတယ်~"

"ဘယ်သူကန်နေတာလဲ ဘယ်သူကလုပ်ရဲတာလဲ~"

ချက်ချင်ထရပ်ပြီးဂျောင်ကုရဲ့ဘေးဘီတွေကို
လိုက်ကြည့်နေတဲ့ထယ်ယောင်းကြောင့်ဂျောင်ကုရယ်ချင်ဘေမဲ့အခုတော့မရယ်နိုင်သေး~

"ကလေး ဗိုက်ထဲကကလေးကန်နေတာ~"

"ဟင်..ဘယ်..ဘယ်နားမှာလဲ~"

"ဒီနားမှာ ဆက်တိုက်ကိုကန်နေတာ~"

ကလေးကန်နေတဲ့ဗိုက်နေရာကိုထယ်ယောင်းလက်ယူပြီးစမ်းခိုင်းလိုက်တော့ ကလေးရဲ့သိသာရဲ့အထိအတွေ့ကြောင့်
ထယ်ယောင်းရင်ထဲဆို့နစ်လာပြီးချက်ချင်းမျက်ရည်တွေဝဲလာရော~

*ဒါ ငါ့ကလေးပါလား သူရှင်သန်နေတယ်~*

"ဘာဖြစ်လို့လဲဟင် တစ်ခုခုဖြစ်လို့လား~"

"အာ..ဘာမှမဖြစ်ပါဘူး ရေမအေးခင်မြန်မြန်လေးခြေဆေးရအောင်~"

မျက်ရည်တွေကိုဖုံးကွယ်ဖို့အမြန်ခေါင်းငုံ့ထိုင်ချကာ
ဂျောင်ကုခြေထောက်ကိုကိုင်လိုက်ဘေမဲ့
သူ့မျက်ရည်တွေကဂျောင်ကုခြေဖမိုးပေါ်ဆင်းတက်ကုန်ပြီ~

"ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့မတွေးပါနဲ့
အစ်ကိုကိုယ်တိုင်ကကျေနပ်ခဲ့တာမို့ဘာမှမဖြစ်ပါဘူး
ပြီးတော့ဒီကလေးကိုလဲအပြစ်တစ်ခုအမှားတစ်ခုလို့မမြင်စေချင်ဘူး ဒီကလေးကအစ်ကိုတစ်ယောက်တည်းပိုင်တဲ့ရတနာလေးမို့ပါ~"

~~ငွေ့~~{Complete}Where stories live. Discover now