"ကျွန်တော့်မှာအကြံတစ်ခုရှိတယ် အဲ့တာကအသုံးဝင်လိမ့်မယ်~"

ထယ်ယောင်းကသူ့အကြံကိုပြောပြလိုက်ရာ
ပထမကသခင်လတ်လက်မခံဘေမဲ့
အရမ်းကိုသဘာဝကျတဲ့နည်းလမ်းဖြစ်နေလို့လက်ခံလိုက်ရတယ်။

"မျက်နှာမှာဒဏ်ရာနဲ့ ဘာဖြစ်လာတာလဲ~"

"အစ်ကိုအလတ်ထိုးထားတာ ရိုးနေပြီမို့နာတောင်မနာတော့ဘူး~"

သူ့မိန်းမWakanaရဲ့ရှေ့သမင်သက်သက်ထိုးခံထားတဲ့
ဒဏ်ရာကိုအမြင်မြင်အောင်ပြပြီးသူ့ဆီအာရုံရောက်လာတာနဲ့
စီစဥ်ထားတဲ့အတိုင်းပြောကာစာကြည့်ခန်းဘက်ထွက်သွားတဲ့ထယ်ယောင်း~

"အစေခံတွေလာကြစမ်း!"

"Nae..မမလေး~"

အိမ်တော်ရှေ့ရဲ့အစေခံတွေဟာ
Wakanaကိုသူတို့ရဲ့သခင်မလို
ဆက်ဆံနေကြတာကကြောက်လို့မဟုတ်ဘဲ မျက်နှာရချင်လို့~

"မင်းတို့တွေငါမေးတာကိုအမှန်တိုင်းဖြေနော်~"

"ဟုတ်ကဲ့မေးပါ~"

"ထယ်ယောင်းနဲ့သူ့အစ်ကိုလတ်ရဲ့ဆက်ဆံရေးကဘယ်လိုလဲ~"

"သခင်လေးနှစ်ယောက်ကငယ်ကတည်းကမတည့်ကြဘူး
ခနခနရန်ဖြစ်ကြတယ် ကြီးလာတော့လဲ
ရင်းရင်းနှီးနှီးမရှိကြဘူး သူတို့ကိုကြည့်လိုက်ရင်သူစိမ်းတွေလိုဘဲ~"

"ဟုတ်လား ပျော်စရာမကောင်းတော့ဘူးဘဲ~"

ထယ်ယောင်းတို့ရဲ့လှည့်ကွက်ထဲခြေတစ်လမ်းဝင်သွားတဲ့Wakanaကသူ့ကိုယ်သူလုံးဝသတိမထားမိ~

"နောက်ပြီးတော့ အနောက်ဘက်မှာကောင်လေးတစ်ယောက်တွေ့တယ် နဖူးစည်းမစည်းတဲ့တစ်ယောက်လေ~"

"အော် သူကဂျောင်ကုလေ အနောက်ဆောင်ရဲ့အစေခံ~"

"အဲ့ကောင်လေးနဲ့ထယ်ယောင်းရဲ့ဆက်ဆံရေးကရော~"

"မပြောချင်ပါဘူးမမလေးရယ် အဲ့ကောင်ကလေ
သခင်ငယ်လေးကိုကြိုက်တာ ယောကျာ်းချင်းချင်းကြီးကို
ရွံစရာကြီး~"

"ထယ်ယောင်းကရော??"

"သခင်ငယ်လေးကဘယ်ကြိုက်မလဲ အရူးပါ့မဟုတ်တာ
ဟိုကောင်ကသာတစ်ဖက်သတ်ဖြစ်ပျက်နေတာ~"

~~ငွေ့~~{Complete}Tahanan ng mga kuwento. Tumuklas ngayon