"အစ်ကိုအသေးလေးသဘောဘဲ~"
ဂျောင်ကုကသူ့ကိုရေသုတ်ပေး
အဝတ်စားကူဝတ်ပေးလုပ်နေဘေမဲ့ထယ်ယောင်းကတော့
ဂျောင်ကုပေးထားတဲ့နဖူးစည်းကိုသာကြည့်ရင်းပြုံးလျှက်~
"သဘောကျလားမောင်~"
"အွန်း သဘောကျတယ် လက်မှာပြန်ချည်ပေး~"
"ဟုတ်ပါပြီ ပေး ချည်ပေးမယ်~"
သူ့ရဲ့လက်မှာဂျောင်ကုရဲ့နဖူးစည်းကိုချည်ပြီးတာနဲ့
ထယ်ယောင်းကသူ့အစ်ကိုအတွက်ရေခတ်ကာ
အတူတူကျောက်ဂူထဲသွားကြပြီ~
"နိုးနေပြီလားကိုလေး မျက်နှာသစ်ဖို့ရေခပ်လာတယ်~"
"အွန်~"
သူ့ကိုရေအိုးလှမ်းပေးတဲ့ထယ်ယောင်းရဲ့လက်မှာ
ဂျောင်ကုရဲ့နဖူးစည်းကိုတွေ့တဲ့သခင်လတ်က
သူတို့ရဲ့ရိုးရာဓလေ့ကိုသိထားတာမို့ပြုံးတောင်မပြုံးနိုင်~
"အစ်ကိုအသေးလေးထမင်းချက်တတ်တယ်မဟုတ်လား
ဆန်နည်းနည်းယူလာတယ်ချက်ပေးပါဦး~"
"ချက်လိုက်မယ်လေ မောင်ကအကုန်ယူလာတာဘဲ~"
"ဟုတ်တယ် အသားခြောက်တွေလဲပါတယ်
လိုအပ်တာတော်တော်များများပါတယ်~"
"အဲ့တာဆိုဘယ်တော့အိမ်ပြန်ကြမှာလဲ~"
"အခြေနေငြိမ်သွားရင်လာခေါ်ဖို့အစေခံတစ်ယောက်ကိုမှာခဲ့တယ်~"
"အင်းပါ~"
ဂျောင်ကုထမင်းချက်ဖို့ပြင်ဆင်နေချိန်
ထယ်ယောင်းကသူ့အစ်ကိုရဲ့ဒဏ်ရာကိုစစ်ဆေးကာ
ပတ်တီးလဲဆေးအသစ်ထည့်ပေးနေလေရဲ့~
"ဟက်..ချိုး!~"
"မောင်နှာစေးပြီကြည့် ကိုယ်လဲပူနေသလိုဘဲ~"
ထယ်ယောင်းနှာချေလိုက်တာနဲ့
ချက်ချင်းရောက်လာကာကိုယ်ပူစမ်းရင်း
စိတ်ပူနေတဲ့ဂျောင်ကုကိုကြည့်ကာ
သူ့အတွက်မဟုတ်မှန်းသိတဲ့သခင်လတ်တစ်ယောက်
ရင်ထဲနေလို့မကောင်း~
"ဘာမှမဖြစ်ပါဘူး အစ်ကိုအသေး...အော့..ဝေါ~"
"မောင်!~"
ရုတ်တရက်ပျို့အန်တဲ့ထယ်ယောင်းကို
ဂျောင်ကုစိတ်ပူစွာနဲ့ကျောမှာအသာထုပေးတော့
ဗိုက်ထဲအစာမရှိတာကြောင့်ဘာမှထွက်မလာ~
YOU ARE READING
~~ငွေ့~~{Complete}