"အွန်း..အိပ်တော့မှာ~"
"လက်ကဘာလုပ်တာလဲ အိပ်ပါတော့ဆို~"
သူ့အင်္ကျီရင်ဘတ်ထဲလက်နှိုက်နေတဲ့ထယ်ယောင်းကို
ဂျောင်ကုကအလိုမလိုက်တော့ဘဲ
လက်ဖယ်ခိုင်းရတယ်။
"ကိုင်ပြီးအိပ်မယ်လေ ရတယ်မဟုတ်လား~"
"ကိုင်စရာဘာရှိလို့လဲ ဒီတိုင်းအိပ်တော့~"
"မရဘူး မရဘူး မကိုင်ရရင်မအိပ်ဘူး~"
"မောင်..ခိခိ..ကလေးလဲမဟုတ်ဘဲနဲ့~"
နှစ်ယောက်သား သခင်လတ်ကိုမေ့ကာ
ကလူးနေကြပြီးနောက်ဆုံးတော့ထယ်ယောင်းက
ဂျောင်ကုကိုဖက်ကာသူ့အစ်ကိုဘေးအိပ်ပျော်သွားပြီ~
"သေချာကြည့်တော့မောင်ကတော်တော်လေးပိန်သွားတာဘဲ
ရှေ့လျှောက်အိပ်ရေးဝဝအိပ်ခိုင်းရတော့မယ်..မွ~"
သူနဲ့သခင်လတ်ရဲ့ကြားအိပ်နေတဲ့ထယ်ယောင်းကို
ဂျောင်ကုကတဖွဖွနမ်းနေရင်း မီးအရှိန်လျော့သွားတဲ့မီးဖိုကို
ထင်တွေထထည့်ဆေးပြုတ်ရည်တည် ရေနွေးတည်နဲ့
သခင်လတ်သတိရလာချိန်ဆေးကတိုက်ပေးရသေးတာမို့
ဂျောင်ကုကောင်းကောင်းမအိပ်လိုက်ရ~
"ရေချိုးမလို့လားမောင် အေးတယ်လေ
ဖျားလိမ့်မယ်~"
"မအေးဘူး ကျွန်တော်ပူနေတာ~"
ရေတံခွန်မှာမျက်နှာသစ်ကြရင်း
အဝတ်အစားတွေချွတ်နေတဲ့ထယ်ယောင်းက
ပြောတဲ့အတိုင်းပူနေတာမို့ရေအေးအေးနဲ့ရေချိုးတော့တာ~
"ခေါင်းရေမစိုစေနဲ့နော်မောင်~"
"မစိုစေရပါဘူး~"
"အစ်ကိုစောင့်နေမှာမို့သေချာချိုးနော်မောင်~"
"မစောင့်ပေးလဲရ...စောင့်နေတာကောင်းပါတယ်~"
သူ့ကိုစောင့်နေရရင်ပင်ပန်းမှာစိုးရိမ်
မစောင့်ခိုင်းပြန်ရင်လဲ ဂျောင်ကုကသူ့အစ်ကိုလတ်နဲ့
နှစ်ယောက်အတူဖြစ်နေပြန်မှာဆိုတော့ပေးမသွားချင်ပြန်~
"အခုမှအေးသွားတော့တယ်~"
"လာ အင်္ကျီဝတ်ရအောင် အင်္ကျီတစ်ထည်က
ရေသုတ်လိုက်စို့နော်မောင်~"
YOU ARE READING
~~ငွေ့~~{Complete}