Part.24

1.1K 84 12
                                    

JungKook သည် သူအဖေ အတင်းပြန်ခိုင်းလို့သာ အိမ်ပြန်သွားရသည် သူ့စိတ်ထဲ Jimin နားကနေ တစ်ဖွမှ မခွာချင်ခဲ့ပါ။ ချစ်‌သူတွေပါလို့  အမှန်တိုင်းပြောလိုက်တာ တစ်ဖက်ကကောင်းတယ်ဆိုပေမဲ့ တစ်ခြားတစ်ဖက်မှာတော့ ကောင်းဖို့ အလားလာမမြင်ရပါ ။ အချစ်စစ်တို့မည်သည် ဘယ်တော့မှမဖြောင့်ဖြူးတာကြောင့် JungKook နဲ့ Jimin တို့ရဲ့အချစ်ရေးကရော ဖြောင့် ဖြောင့်ဖြူးဖြူးနဲ့လွယ်ကူပါ့မလား။

"သား ဆန်ပြုတ်သောက်ပီးရင် ဆေးသောက်ရမယ်နော်....."

"ဟုတ်ကဲ့အဖေ"

ဆန်ပြုတ်သောက်နေရင် မနက်က ကိစ္စခေါင်းထဲ ပြန်ဝင်လာတာကြောင့် Jimin က သူ့ပဖေက်ု မရဲတရဲလေးကြည့်ပီး မနက်က အကြောင်း စကားစခဲ့သည်။

"အဖေ....သားကို စိတ်ဆိုးနေလားဟင်???

"ဒီအကြောင်းကို  အဖေတို့နောက်မှ ပြောကြရအောင် အခုသားလဲ ကျန်းမာရေးက ကောင်းသေးတာမဟုတ်ဘူး အဖေလဲ လောလောဆယ် ခေါင်းတွေရှုပ်နေတယ်....ငါ့သားကျန်းမာအောင်ပဲအရင်လုပ်ပါ အဖေ့သားကြီးက အဖေ့စကားကို အမြဲနားထောင်ပီး လိုက်နာမယ်မှတ်လားး"

"ဟုတ်ကဲ့အဖေ ဒါပေမဲ့.....???

"နားထောင်မယ်ဆိုရင်ကို အဖေ့အတွက်လုံလောက်ပါပီ "

Jimin ဆက်ပြောမည်လုပ်သောစကားကို ဆက်မပြောရလေအောင် သူ့အဖေက ဖြတ်ပြောလိုက်သည်။ Jimin သည် သက်ပြင်းတိုးတိုးလေးချကာ နောက်လာမည့် ကိစ္စအားလုံးကို လက်ခံနိုင်ဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပဲ တွေးလိုက်တော့သည်။

"Daddy ကနည်းနည်းဖောင်းတယ်ကွာ....တကယ်ဆို ဆေးရုံမှာငါရှိနေသင့်တာ
အခုကြ ငါကအိမ်နေပီးဘာလုပ်ရမှာလဲ ပီးတော့ Hyung ကသက်သာသေးတာမဟုတ်ဘူးသူ့ဘေးနားမှာ ငါရှိနေမှ သူပိုပီးအားရှိမှာပေါ့ ခုဟာက မဟုတ်သေးပါဘူး"

"မင်းအဲလောက်စိတ်ပူနေတာကို ဘာလို့ပြန်လာနေသေးလဲ JungKook ရာ....."

"မပြန်ရင် Daddy နဲ့ငါ ဆေးရုံမှာထက်ပီးစကားများကြမှာ...."

"အဲဒါဆိုလဲ ပါးစပ်လေးပိတ်ပီး ငြိမ်ငြိမ်လေးနေတော့ ဟိုမှာ မင်းDaddyတစ်ယောက်လုံးရှိတာပဲ မင်းဘာမှစိတ်ပူမနေနဲ့......."

မောင့်အပိုင်Where stories live. Discover now