Part 3

2.8K 210 3
                                    

အလုပ်တွေ အရမ်းကြိုးစားတဲ့ Kim Seok Jin
ခုဆိုရင် သူ့အဖေရဲ့ ခြေရားမနင်းနင်သေးရင်တောင်မှ အဖေ့ခြေဖျားလေးတော့ မှီပါသေးတယ်

အောင်မြင်ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လဲ ဖြစ်ပေသည် Hotel တော်"များ"
ကိုလဲ ပိုင်ဆိုင်ထားသေးသည်

ဂွာ‌ေချာ မြို့မှာ ရှိတဲ့ သူဌေးလင်မယားနှစ်ယောက်က
သားသမီး အရမ်းလိုချင်ခဲ့ပေမဲ့ သားသမီးရတနာ
မရနိုင်ခဲ့ပါဘူး

ဘူဆန်ကို အလုပ်နဲ့ လင်မယားနှစ်ယောက်လုံး ရောက်ခဲ့သည် ဖြစ်ချင်တော့ လင်မယားနှစ်ယောက်က ညီအကိုနှစ်ယောက်ရှိတဲ့အထဲမှာမှ အကိုဖြစ်သူ
Kim Seok Jin ကို တွေ့တွေ့ ချင်းမှာပဲ အရမ်းချစ်ကြတော့သည် ကလေးရဲ့ မိသားစုကို စုံစမ်းကြည့်တော့လဲ တစ်နေ့လုပ်တစ်နေ့စား အခြေအနေမှာရှိပြန်တယ် ဒီလိုနဲ့ လင်မယားနှစ်ယောက်က တိုင်ပင်ပြီး
Kim Seok Jin ကို မွေးစားဖို့ သူ့ မိဘ တွေစီကို
စာချုပ်စာတန်းတွေနဲ့ မွေးစားဖို့ ဆွေးနွေးတိုင်ပင်ရန်သွားကြတော့သည်

ဟိုရောက်တော့ Kim Seok Jin ကို အမွေစားအမွေခံ မွေးစားဖို့ သူ့ရဲ့ မိဘတွေစီက တောင်းပါတော့သည်
ပထမကတော့ အသည်းသန် မပေးနိုင်ပါဘူး
ငြင်းကြပေမဲ့ သူဌေးလင်မယားအပြင် ရပ်ကွက်လူကြီးတစ်ယောက်ပါ ကလေးရှေ့ရေးကို တွေးသင့်ကြောင်းပြောတော့မှ Kim Seok Jin အဖေနဲ့အမေက စဉ်းစားဖို့ အချိန် အဖြစ် 2ရက် စဉ်းစားခွင့်တောင်းပါတော့သည်

အချိန် 2ရက်ပေးပြီးနောက်တစ်ရက်ရောက်တော့
Kim Seok Jin အမေက သူ့သားကို မွေးစားဖို့ ခွင့်ပြုပါကြောင်း ရပ်ကွက် လူကြီးကတစ်ဆင့်ပြောခိုင်းတော့သည်

သူဌေးလင်မယားကလဲ မကြာပါဘူး ချက်ချင်းဆိုသလို ကားဖြင့် ရောက်ချလာပြီး
အမွေခံစာချုပ်တွေ မွေးစား စာချုပ်နဲ့တစ်ကွ
စင်စစ်သေချာစွာ လုပ်ပြီး Kim Seok Jinကိုခေါ်ကာ ဂွာချော ကိုပြန်သွားကြတော့သည်

Kim Seok Jin အသက် 20မပြည့်ခင်မှာ
သူ့ရဲ့ မွေးစား အဖေနဲ့အမေ ကားမှောက်ပြီး ဆုံးပါးသွားသည်
မိဘတွေမရှိတော့တဲ့နောက်ပိုင်းမှာတော့
Kim Seok Jin တစ်ယောက် အိမ်နဲ့ အလုပ်
အလုပ်နဲ့အိမ်သာဖြစ်နေသည်

မောင့်အပိုင်Where stories live. Discover now