Part 4

2.7K 211 4
                                    

မင်းကလဲကွာ ကြာလိုက်တာ ငါ့မှာတော့ တွေ့ချင်လွန်းလို့ စောင့်နေရတာ

Sorryပါကွာ ငါဟို အရှုပ်ထုပ်စီကို ကားသွားယူနေလို့ ပိုပြီးကြာသွားတာ

ဟိုအရှုပ်ထုပ်ဆိုတာက မင်းရဲ့
အဖေမတူအမေကွဲ ကိုကြီးကို ပြောတာလား

ဟုတ်တယ် ငါ့မှာ စိတ်အနှောင့်ယှပ်ဖြစ်စရာဆိုလို့
သူပဲရှိတာ ခုလဲ သူ့ကြောင့် စိတ်ရှုပ်လာရတယ်

အွန်း....အဲဒါကြောင့်မင်းမျက်နှာက မှုန်ကုတ်နေပြီး မသာမယာဖြစ်နေတာကိုးး
ကဲပါ ငါတို့ ဘယ်သွားကြမလဲ Coffee တစ်ဆိုင်မှာ သွားထိုင်ရအောင်လေ

အေးး သွားကြမယ်

ကားကို သာမောင်းနေတာ Jungkook ရဲ့ စိတ်ထဲမှာတော့ ဒေါသကမပြယ်သေး Jimin ပြောတဲ့ စကားသာ နားထဲ စွဲနေသည်

သူက ကျွန်တော့ညီလေးပါ ဖေဖေက အလို လ်ုက်ထားတော့ ဆိုးချင်တိုင်းဆိုးပြီး ရိုင်းချင်တိုင်းရိုင်းနေတာ

တောက်......
ငါ့ကိုများ သူ့ညီလေးတဲ့ ဆိုးချင်တိုင်းဆိုးပြီး ရိုင်းချင်တိုင်းရိုင်းနေတာတဲ့လား ...ဟင့်
Park Jimin မင်းပြောမှာ ရိုင်းချင်လာသလိုပဲ

ဟျောင့် Jungkook မင်း ဘာဖြစ်ပြန်တာလဲ
ကားမောင်းရင်း တစ်ယောက်ထဲ စကားတွေ ပြောနေတာ

ဘာဖြစ်ရမှာလဲ ဟို အရှုပ်ထုပ်အကြောင်း ခေါင်းထဲရောက်လာလို့ ဒေါသထွက်နေတာ မင်းပဲတွေးကြည့်ကွာ သူနဲ့ငါက ဘာမှ သွေးမတော်သားမဆက်တာ ငါ့ကို သူ့ညီလေးပါဆိုပြီး ပြောတယ်ကွာ
ငါက သူ့ညီလေးမှ မဟုတ်တာ

အေးပါ ဒါတွေ တွေးမနေပါနဲ့ ဟိုမှာ ငါသောက်နေကြ Coffee ဆိုင် အဲနားမှာပဲ ကားရပ်လိုက်
မင်း ဒီဆိုင်က Coffee ကို ‌မသောက်ဖူးဘူးမဟုတ်လား အရမ်းကောင်းတယ် သောက်ကြည့်

မင်းပြောတာ ဟုတ်မဟုတ် သောက်ကြည့်တာပေါ့

သောက်ကြည့်စမ်းပါ မင်းကြိုက်သွားစေရမယ်

TaeHyung နဲJung Kook တို့ Coffee ဆိုင်ရဲ့ ထောင့်တစ်နေရာမှာထိုင်ကာ စကားတွေ ဖောင်ဖွဲ့ပြီး ပြောလို့ မပြီး ထိုအချိန်မှာပဲ Jimin နဲ့ Ho Seok Coffee ဆိုင်ထဲ ဝင်လာတာကို Tae Hyung ကမြင်ပြီး
Jungkook ကို လက်တို့၍ ပြလိုက်သည်
Jimin က သူ့အာရုဏ်နဲ့ သူမို့ Tae Hyung နဲ့
Jungkook ကို မမြင်လိုက်ပါ

မောင့်အပိုင်Where stories live. Discover now