မောင့်အပိုင် Part 10

2.9K 175 1
                                    

အကို.......ညက Jimin အခြေနေဘယ်လိုလဲ
သက်သာရဲ့လား

အင်း
ညက သူတော်"လေး ကိုယ်တွေပူနေလို့ အကိုတောင် စိတ်ပူနေတာ အကိုတို့ပြန်တဲ့အချိန်ကလဲ မိုးချုပ်နေတော့ ဆေးခန်းတွေလဲ ပိတ်ကုန်ပြီလေ သူကတော့ ပြောပါတယ် အိမ်ရောက်လို့ ဆေးသောက်ပြီး အိပ်လိုက်ရင် သက်သာ သွားမှာပါတဲ့ အကိုလဲ မအားသေးလို့ သက်သာလားလို့တောင် ဖုန်းဆက်ပြီး မေးမကြည့်ရသေးဘူး ပြီးမှမေးကြည့်တော့မယ်

ဟိုလေ အကို.....
ညက သူဘာတွေပြောသေးလဲ

ဘာကို သိချင်တာလဲ TaeHyung.....

အော် ဒီလိုဗျာ
ညက သူခေါင်းမူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောသေးလဲလို့ ကျွန်တော်က သိချင်တာ.......

မင်း အိမ်က ပြန်တော့ သူဘာမှ မပြောဘူး
လမ်း တစ်ဝပ်ထိ ငြိမ်နေတာ အကို့ ဘက်က စကားပြောတော့မှ သူပြန်ဖြေ‌တာ ဒါပါပဲ
ဘာလို့လဲ TaeHyung အထူးဆန်းတွေမေးနေတာ

ဘာမှ မဟုတ်ပါဘူး ဒီတိုင်း သိချင်လို့
မေးကြည့်တာ

အင်းပါ ခဏနေ အကိုတို့ ပြန်ရအောင်လေ
ဒီမှာ ထိုင်နေတာလဲ ကြာနေပြီ

ဟုတ်ကဲ့အကို

မနေ့ညက အကြောင်းကို Jimin ပြောပြလို့
Ho Seok သိနေလောက်ပြီ ထင်၍ TaeHyungသည် HoSeokကို စကားနှိုက်၍ မေးနေခြင်းပဲ ဖြစ်သည်
ငယ်"ထဲက မတည့်ခဲ့ ညီကို နှစ်ယောက်ကို ခုမှ ဆွဲစိပြီး တည့်အောင် လုပ်ပေးရမည်ဆိုတော့ TaeHyung သည် ကျားဖင်ပဲ ပြေးနှိုက်ချင်လာပါတော့သည်
မနက်ထဲက ထုတ်နေသော အကြံတွေလဲ အခုထိမထွက်လာသေးပါ ဒီလိုနဲ့ Jungkook နဲ့ ပြန်တိုင်ပင်ရန် ထိုင်နေကြ coffee ဆိုင်ကို လာဖို့ မတ်ဆေ့ ပို့လိုက်သည်
စိတ်ညစ်ပြီး အိပ်ပျော်နေသော Jungkook သည် ဝင်လာသော မတ်ဆေ့သံကြောင့် နိုးလာပြီး ဖုန်းဖွင့်ကြည့်လိုက်သည် တိုင်ပင်စရာ ရှိတယ်ဆိုသော စာကြောင့် ချက်ချင်း ဆိုသလို TaeHyung စီသို့
ကားဖြင့် ထွက်သွားတော့သည် နေမကောင်းဖြစ်နေသော Jimin သည်လဲ ထပ်ပြီး ငိုထားသောကြောင့်
ခေါင်းတွေ အလွန်ပင်ကိုက်ပြီး ကိုယ်နည်း"ပူကာ ကုတင်ပေါ်သို့ အိပ်ပျော်သွားတော့သည်

TaeHyung မင်းတိုင်ပင်စရာ ရှိတယ်ဆိုလို့ ငါအမြန်လာခဲ့တာ မင်းမှာ ဘာအကြံရှိလို့လဲ ငါ့ကို အမြန်ပြောပြကွာ.....

မောင့်အပိုင်Where stories live. Discover now