Part.20🔞

2K 98 2
                                    

"မောင်.....ဘာပဲဖြစ်ဖြစ် အဖေ့ရှေ့ဆိုရင် စကားကိုဆင်ခြင်ပြီးပြောပါ အဖေကအသက်ကြီးပြီလေ သူ့ကိုစိတ်တိုအောင်မလုပ်ပါနဲ့".

"ဒါဆိုမောင်က ဘာမှ မပြောပဲ Daddy ပေးစားတဲ့ အဲဒီ့ရှယ်လီဆိုတဲ့မိန်းမကို ယူရမှာလား... Hyung မောင့်ကိစ္စမောင်ပဲရှင်းမယ် Hyungက ဘာမှဝင်မပြောပဲမောင့်အနားမှာပဲရှိနေပေးပါ
Hyung ကိုမောင် ဒီတစ်ခုတော့တောင်းဆိုချင်တယ်...."

"Hyung ကလဲ အဖေစိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့ပါ အခု Hyung ရင်ထဲမှာ ဘယ်လိုခံစားနေရလဲ မောင်သိလားးး
ငယ်ငယ်ထဲက သားအရင်းလို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့အဖေ့ပေါ် Hyung ကျေးဇူးကန်းနေပီလားလို့ တွေးပီး ကိုယ့်ကိုကို လိပ်ပြာမလုံဘူးး Hyung လေ မောင့်ကိုချစ်မိတာ မှားနေပီလားဟင်...."

"အဲလိုမပြောပါနဲ့ Hyung ရယ်"
"မောင်တို့က တမင်ရည်ရွယ်ပီး လုပ်ယူထားတာမှမဟုတ်တာ ဖြစ်ချိန်တန်လို့ ဖြစ်လာတယ်လို့ပဲ မောင်ထင်တယ် နောက်တစ်ခါ အဲလိုတွေ လျှောက်မတွေးရဘူးနော်Hyung..."
"မောင့်ကိုကတိပေး"

"အင်း Hyung ကတိပေးပါတယ်"

"Hyung ကသိပ်လိမ္မာတာပဲ"
"မှတ်ထားနော် မောင့်ဘဝမှာ အချစ်ဦးနဲ့အချစ်ဆုံးက Hyung ကလွဲရင်ကျန်တဲ့သူဘယ်သူမှမရှိဘူး ရှိလာမှာလဲမဟုတ်ဘူး အရမ်းချစ်တယ်နော် Hyung......"

JungKook က Jimin ကိုရင်ခွင်ထဲထည့်ကာ တင်းကြပ်နေအောင်ဖက်ထားပီး ကျလုဆဲဆဲမျက်ရည်တွေကို မကျနိုင်အောင် ခေါင်းကိုအပေါ်သာ မော့ထားလိုက်သည်။ရင်ခွင်ထဲက သေးသေးလေးကလဲ မျက်ရည်ဆများဖြင့် ရင်ပြင်အကျယ်ကြီးထဲ တိုးဝင်ကာ မျက်နှာလေး ညိုးငယ်နေလျှက်။

~~~~~~~~~~~

Joon နဲ့ Yoongi ကို ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်ကိုအခုလိုကူညီပေးလို့"

"ရပါတယ်ဗျာ ညီကိုနှစ်ယောက် ပြန်ဆုံဖို့ ကံကြမ္မာက ဖန်လာပီပဲ ရှေ့လျှောက် ပျော်ရတော့မှာပါ ကျွန်တော်တို့လဲ SeokJin တို့ ညီကိုနှစ်ယောက်ပြန်ဆုံတာကို ထပ်တူဝမ်းသာရပါတယ် "

"ဟုတ်တယ် Hyung...ကျွန်တော်နဲ့အကိုါကို ကျေးဇူးတင်ဖိုါမလိုပါဘူး အခုဆို Hyungပျော်တာထပ်ကိုကျွန်တော်က နှစ်ဆလောက်ပိုပျော်နေတာ...."

မောင့်အပိုင်Where stories live. Discover now