Part 1

9.4K 384 8
                                    

သားကြီး ကားအဆင်သင့်လုပ်ထား ခဏနေရင်
အဖေတို့လေဆိပ်သွားမယ် နောက်ကျလို့မဖြစ်ဘူး
တော်ကြာ အဖေတို့နောက်ကျနေရင် သားငယ်က
စိတ်ဆိုးနေမယ် သားကြီးသိတယ်မှတ်လား
မင်းညီလေးက စိတ်တိုးရင်ချော့မရဘူးဆိုတာ

သိတာပေါ့အဖေရာ.....
ညီလေးက စိတ်ဆိုးလဲလွယ်တယ်
စိတ်ကောက်လဲလွယ်တယ်လေ ပြီးတော့
ကြီးတာတွေငယ်တာတွေနားမလည်ဘူး
အနိုင်ကျင့်မယ် အနိုင်ယူမယ်
အဲဒါသူ့အကျင့်ပဲအဖေ

နိုင်ငံခြားကပြန်လာတဲ့ Jungkook ကိုကြိုဖို့
လေဆိပ်ကို Jimin တို့သားအဖနှစ်ယောက်ကားဖြင့် ထွက်သွားကြတော့သည်

အင်္ကျီအနက်/ဘောင်းဘီအနက်/ဦးထုပ်အနက်/ဖိနပ်အနက်နှင့်Maskအနက်ရောင်ကိုတပ်ကာ
လေဆိပ်ကိုရောက်လာခဲ့တော့သည်လူတွေကြားထဲကနေ သူ့အဖေကို မျက်လုံးလေးဝေ့ပြီးရှာနေစဉ်
Shirtအင်္ကျီအဖြူရောင်လေး ဝတ်ထားတဲ့ Jimin က
လက်ပြကာခေါ်လိုက်သည်

Jungkook လည်း
အထုပ်ဆွဲကာ Jimin လက်ပြရာနေရာသို့ ဦးတည်၍ဆက်လျှောက်လာခဲ့ပြီး Jungkook အဖေဖြစ်သူ သူဌေးကြီးJeon ကိုပြေးဖက်လိုက်တော့သည်

ဟာ Daddy.....
သားက Daddy ကိုလွမ်းနေတာ

Daddy လဲသားကိုလွမ်းနေတာပါကွာ...
ဟိုမှာနေရတာဘယ်လိုလဲသား အဆင်ပြေရဲ့လား

အဆင်ပြေပါတယ်
ရောက်စတုန်းကတော့ အခက်ခဲရှိပေမဲ့ အချိန်နည်း"ကြာလာတော့လဲ အဆင်ပြေသွားတာပဲ

ဟုတ်ပါပြီ....
သားဒီမှာဘယ်သူလဲကြည့်ပါအုံး
မင်းကိုကြီးလေ.....ကိုကြီးကိုနှုတ်ဆက်လိုက်အုံး
သားကြီးကမင်းကို သိပ်တွေ့ချင်နေတာ....

အခုလဲတွေ့နေရတာပဲ
နှုတ်ဆက်ဖို့လဲ မလိုလောက်ဘူးလို့ သားထင်တယ်

သားးးး
မင်းအကို ကိုဘယ်လိုပြောလိုက်တာလဲ....
ဒီကောင်တော့

ရ.....ရပါတယ်အဖေရယ်
သားကိုမနှုတ်ဆက်လဲ သားအဆင်ပြေပါတယ်
ပြီးတော့ သားတို့က ညီအကိုတွေပဲ သားသူ့ကို
ခွင့်လွှတ်ပါတယ်

ဘာညီကို
မင်းနဲ့ငါက ညီအကိုတွေလဲမဟုတ်သလို
ဘာမှလဲမတော်ဆက်ဘူး parkJimin မင်းကို
Daddy က.......

မောင့်အပိုင်Where stories live. Discover now