Park.21

1.2K 75 8
                                    

"သားရေ"

"ဗျာ..အဖေ"

"ဒီလာပါအုံး အဖေသားနဲ့ပြောစရာဆိုတာထပ် တိုင်ပင်စရာလေးရှိလို့...."

"ဟုတ်ကဲ့ အဖေ"

"မနက်ဖြန် မင်းညီ JungKook နဲ့ ရှယ်လီကို စေ့စပ်ပေးဖို့ အဖေအားလုံး စီစဉ်ထားတယ် သားက စေ့စပ်ပွဲ မပီးမချင်း JungKook ကို မျက်စိအောက်က အပျောက်မခံပဲ မျက်ခြေမပျက် စောင့်ကြည့်ပေးရမယ်"

"ဗျာ....."

"ဘာဖြစ်လို့လဲသား..."

"ဟို ဟို ညီလေးစေ့စပ်ပွဲလုပ်တာ မမြန်လွန်းဘူးလားအဖေ....!!!!

"မမြန်ဘူး သူမြန်တယ်ထင်လဲ ငါဂရုမစိုက်ဘူး...အဓိကက ဒီကောင်ငါပေးစားတဲ့မိန်းမနဲ့ လပ်ထပ်ပီး ခြေငြိမ်သွားရင် ငါကျေနပ်တယ်"
"ဒီတော့သားကလဲ တစ်ဖက်တစ်လမ်းကနေ အဖေ့ကိုကူညီပေးအုံး ....အခုအဖေလုပ်နေတာတွေအားလုံးက သားတို့ကောင်းဖို့အတွက်ပဲ အဖေလုပ်နေတာ...."

"ဟိုလေ....အဖေ???

"ပြီးတော့....သားရဲ့ မင်္ဂလာပွဲကြရင်လဲ အဖေက ခမ်းခမ်းနားနားကြီး လုပ်ပေးအုံးမှာ......

Jimin စကားပြောမည်အလုပ် သူဌေး Jeonက နားမထောင်ပဲ သူပြောချင်ရာတိုးပြောနေသည်။

"အဖေလဲ Yoongi နဲ့ မတွေ့တာကြာပီ "
သားတို့ချင်းတွေ့ဖြစ်ကြသေးလား???

"ဟုတ် တွေ့ဖြစ်ပါတယ်"

"Yoongi ကိုပြောလိုက်ပါ အလုပ်အားတဲ့နေ့ကြ အဖေနဲ့လာပီးစကားလေးပြောပါအုံးလို့...."

"ဟုတ်ကဲ့အဖေ သားပြောလိုက်ပါ့မယ်"

"သားနဲ့ Yoongi တို့ရဲ့ အချစ်ရေးကရော အဆင်ပြေတယ်မှတ်လား!!!!

Jimin သည် ငိုချင်တဲ့စိတ်ကို မနည်းထိန်းပီး မျက်အိမ်ထဲမှ လျှန်တတ်လာတဲ့ မျက်ရည်တွေကို စီးကျမလာအောင် အံကြိတ်ထိန်းပီး သူ့အဖေမေးသောစကားတွင်ပြန်မဖြေနိုင် ခေါင်းပင်ညိမ့်ပြလိုက်ရသည်။

"အေးအေး ဒါဆိုလဲ သားလုပ်စရာရှိတာလုပ်လေ အဖေလဲနားတော့မယ်...."

"အဖေရယ်......"
"သားအဖေ့ကို ဘယ်လိုပြောပြရပါ့မလဲ"
"သားချစ်သူ...သားချစ်တဲ့သူက"
"Yoongi မဟုတ်ဘူး"
"အဖေ့ရဲ့သား JungKook ပါလို့ ..."
"အဖေကိုဘယ်လိုမျက်နှာချင်းဆိုင်ပီး ပြောပြရမလဲ...."
"ကိုယ့်ချစ်သူက တစ်ခြားကောင်မလေးနဲ့"
"စေ့စပ်ကြောင်းလှမ်းတဲ့ကိစ္စကို "
"သားဘယ်လိုပုံစံမျိုးနဲ့ကူညီရမလဲအဖေရယ်...."
"ဟင့် ငါဆိုတဲ့ ကောင်ကလဲ"
"ကျန်တဲ့နေရာတွေသာ သတ္တိရှိပီးး"
"ပြတ်ပြတ်သားသားလုပ်တတ်တာ"
"ခုလိုချိန်မျိုးမှာကြ ငါဘာမှအသုံးမကျပါလား....."
"ဟင့် ကိုယ့်ချစ်သူကို သူမျက်လက်ထဲကိုယ်တိုင်ထည့်ပေးတဲ့ကောင် သူရဲပေါကြောင်တဲ့အကောင်"

မောင့်အပိုင်Where stories live. Discover now