Part 5

2.6K 187 4
                                    

Jungkook သည် သူ့အခန်းထဲကို ပြန်ဝင်သွားပြီး
စောစောက နမ်းခဲ့တာတွေကို တွေးပြီး ပြုံးကာနေသည်
ဘယ်လောက်ပဲ ကြည့်မရဘူး ပြောနေပါစေ
ဘယ်လိုပဲ ‌မတွေ့ချင် မမြင်ချင်ဘူးပဲပြောပြော သူ့ရဲ့
မသိစိတ်လေးကတော့ Park Jimin ဆိုတဲ့ကောင်လေးကို မတွေ့ရင် မျက်လုံးလေးက ရှာနေတတ်သေးသည်
Jimin အပေါ်မှာ အနိုင်လိုချင်စိတ်/ရိုင်းပြတဲ့ စိတ် ဆန္ဒထပ် မျက်စိရှေ့မှာ မြင်နေရတဲ့အလှလေးကို
ထိတွေ့ချင်တဲ့စိတ်က ပိုပြီး စိတ်အား ထက်သန်နေခဲ့သည်
နှုတ်ကသာ မင်း အပေါ် ရိုင်းစိုင်းချင်တယ်ပြောပြီး
လက်တွေ့ ကျ"အနမ်းပေးတဲ့အချိန်မှာတော့
ကြမ်းတမ်းရိုင်းပြမနေပဲ ချစ်သူကို ကြင်"နာ"
အနမ်းလေး ပေးလိုက်သလိုပင် နူးညံ့မှု အပြည့်နဲ့
သိပ်ကို ညှင်သာလွန်းခဲ့သည်

သူငါ့ကို ဘာလုပ်တာလဲ......??
ဒီကောင်ဘာအရူးထတာလဲ ရူးများရူးနေပြီလား
ဒါမှ မဟုတ် ငါပဲ လျှောက်တွေးနေမိတာလား
အာ.....မဟုတ်သေးပါဘူးး
ဖြောင်းးဖြောင်းးဖြောင်းး(ပါကို လက်ဖြင့်ရိုက်သံ)
သူဒီလို လုပ်တာ ငါ့ကို အနိုင်လိုချင်လို့ပဲဖြစ်ရမယ်
ဟုတ်တယ် သူက ဘာပဲ လုပ်ရ" အနိုင်ရရင်ပြီးရောဆိုတဲ့ကောင်မျိုး အများကြီးတွေ လျှောက်မတွေးသင့်ဘူး Park Jimin အများကြီးတွေမတွေးသင့်ဘူး

အတွေးပေါင်းများစွာ တွေးပြီးခဏအကြာ ထမင်းစားရန် Jimin သည် အပေါ်မှ အောက်သို့ ဆင်းလာခဲ့သည် ထမင်းစာပွဲဝိုင်းကို ကြည့်လိုက်‌တော့ Jungkook ကိုတွေ့ပြီး သွားနေတဲ့ ခြေလမ်းလေးတွေ တုံ့ခနဲရပ်တန့်သွားသည်
ညနေကအဖြစ်ပျက်ကို ပြန်တွေးမိတိုင်း Jimin တစ်ယောက် မျက်နှာကြီး နီရဲနေ‌‌ေလသည်

သား.... လာလေထမင်းစားရအောင်

သားမစားချင်သေးဘူးအဖေ??

အဖေတို့နဲ့ အတူ ထမင်း တစ်ခါထဲ စားပါလား
မိုးချုပ်မှစားရင် အစာမကြေဖြစ်နေမယ်
လာတစ်ခါထဲ ဝင်စားလိုက်

သူ့အဖေပြောလို့သာ စာပွဲခုံဘေးက ထိုင်ခုံမှာ ထိုင်လိုက်ပြီး ထမင်းစားဖို့ပြင်လိုက်တော့သည်
Jungkook နဲ့ မျက်နှာချင်းဆိုင် ထိုင်နေပေမဲ့
Jimin သည် မျက်နှာ လွှဲ၍သာနေလေသည် Jimin ထမင်းစားတာကိုကြည့်ပြီး သူဌေးJeonက စကားစ၍ပြောတော့သည်

မောင့်အပိုင်Where stories live. Discover now