Part.22

1.1K 87 13
                                    

"Hyung....ဘာလို့ပြန်လာတာနောက်ကျနေရတာလဲ ဘယ်တွေဝင်နေသေးလို့လဲ???

"အော်....ဟို...ကား...ကားဘိန်းပေါက်သွားလို့ ဝပ်လျှော့မှာဝင်ဖာနေတာ...အဲဒါကြောင့်ကြာသွားတာ..."

"အဲဒါကို ဘာလို့ မောင့်ကို ဖုန်းဆက်ပီးမပြောတာလဲ.....မောင်လာကြိုမှာပေါ့...."

"မောင်ပင်ပန်းမှာဆိုးလို့ Hyungကမပြောတာပါ..."

"ဟုတ်ပါပြီဗျာ....ဒါဆိုလဲ ရေချိုးတော့လေ...
ပီးရင်ထမင်းအတူစားရအောင် အောက်ဆင်းခဲ့ မောင်အောက်က စောင့်နေမယ်....."

"အင်း.... Hyung ရေချိုးပီးဆင်းခဲ့မယ်နော်.."

"အင်းအင်း အကြာကြီး လုပ်မနေနဲ့အုံး ဖျားနေမယ်"

"ဟုတ်ကဲ့ပါမောင်ရယ် မောင့်စကားကို Hyung နားထောင်ပါ့မယ်"

JungKook အောက်ဆင်းသွားတော့ Jimin မျက်နှာပင် ချက်ချင်းမဲ့ကျသွားကာအခန်းထဲတွင် အသံမထွက်အောင် ကြိတ်ငိုနေခဲ့သည်။
မနက်ဖြန်စေ့စပ်ရတော့မယ့် ချစ်သူလေးရဲ့ အျက်နှာကိုလဲ ရဲရဲမကြည့်ရဲသလို ကြည့်လဲမကြည့်ရက်ခဲ့ပါ။ဒီတစ်ညတော့ Jimin အိပ်ပျော်မည်မဟုတ် အိပ်လဲမအိပ်ရဲ အိပ်လိုက်ရင်လဲ မိုးလင်းမှာကို သူသိပ်ကြောက်သည်။ အခန်းထဲတွင်အံကြိတ်ကာငိုပီး ခံစားရတာတွေကရင်ထဲပင်မဆန့်တော့အောင် ပြည့်ကာလျှံကျမတတ် တစ်ဆို့နေခဲ့သည်။ရင်ဖွင့်ပြောရအောင်လဲ ဘယ်သူ့ဘယ်သူကိုမှ သူ့အပူတွေမပေးချင်ခဲ့ တစ်ယောက်ထဲကြိတ်ခံစားပီး တစ်ယောက်ထဲငိုနေခဲ့တဲ့ကောင်လေး အရမ်းကိုသနားစရာကောင်းလွန်းလှသည်။

"မောင်......ထမင်းစားမယ်ဆို"

"အင်းလေ....လာ Hyung မောင်ကဗိုက်အရမ်းဆာနေပီ...."

"ဒါနဲ့ အဖေရောဟင်.."

"Daddy ပြန်မရောက်သေးဘူး မောင်တို့ပဲအရင်စားနှင့်မယ်လေ...."

"အင်း စားမယ်လေ..."

ထမင်းစာပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ထိုင်ပီး ထမင်းစားနေကြပေမဲ့ JungKook ကမနက်ဖြန်စေ့စပ်ပွဲ ကိစ္စကို ဘာတစ်ခုမှသိမထားတော့ ထမင်းကိုသာ အာရုဏ်စိုက်စားနေခဲ့ပီး Jimin ကတော့ ထမင်းပင်မစားနိုင်ပဲ JungKook မျက်နှာကိုပဲကြည့်ကာ မျက်ရည်များဝဲတတ်လာခဲ့ပြန်သည်။

မောင့်အပိုင်जहाँ कहानियाँ रहती हैं। अभी खोजें