Ep.17

1.3K 102 9
                                    

ညကအရက်သမားလေး နိုးလာရင်သောက်ဖို့ သံပုရာရည်အဆင်သင့်ဖျော်ထားကာ ရုံးသွားဖို့ Jimin တစ်ယောက်ပြင်ဆင်နေတော့သည်။အများကြီးသောက်မလာဖို့တစ်တွတ်တွတ်မှာနေတာတောင် ကောင်ဆိုးလေးကနားမထောင်ပဲ မူးရူးနေအောင်သောက်လာလို့ မောင့်အပိုင်လေးကနှာကောက်ခါ ကောင်ဆိုးလေးကိုနိုးမသွားပဲဘဲ company ကိုသွားခဲ့သည်။ဟိုဘက်လိမ့် ဒီဘက်လိမ့် အိပ်နေရင်း ဘေးကမောင့်အပိုင်လေးကို လက်က‌ဟိုစမ်းဒီစမ်းလျှောက်စမ်းနေပြီးမရှိတော့ မျက်လုံးများဖွင့်ကာ ထကြည့်လိုက်သည် ။မျက်လုံးလေးကဝေ့ရှာနေစဉ် အလုပ်စာပွဲပေါ်တင်ထားတဲ့ သံပုရာရည်ခွက်ကိုမြင်သွားပြီ ကောင်ဆိုးလေးက ပြုံးသွားခဲ့သည်။လူကသာမောင့်အနားမှာ ရှိမနေနိုင်ပေမဲ့ သံပုရာရည်သောက်ပြီး မောင်အမူးပြေသွားအောင် စီစဉ်ပေးထားတဲ့ မောင့်အပိုင်လေးကို သူပိုင်ဆိုင်ထားတယ်ဆိုတဲ့အပြုံးမျိုးဖြင့်ပြုံးနေဆဲ။အလုပ်စာပွဲနားရောက်တော့ သံပုရာရည်နှင့်အတူ စာတစ်စောင်ပါထားခဲ့သေးသည်။

"မောင်"
"မနေ့ညကအများကြီးမသောက်ဖို့  Hyung ပြောထားပါလျှက်နဲ့ Hyung စကားကိုမောင်နားမထောင်ပဲ မောင်ထင်ရာလုပ်ခဲ့တယ်နော် ....ညက Hyung  ဘယ်လောက်ဒုက္ခရောက်လဲမောင်သိလား.....သိမှာလဲမဟုတ်ပါဘူး ညကမောင်မူးရူးနေတာကိုး အဲဒါကြောင့် Hyung  မောင်နဲ့ ဒီနေ့စကားပြောဖို့စိတ်ကူးမရှိဘူး ခုကစပြီးမောင်နေချင်သလိုနေ လုပ်ချင်သလိုလုပ် Hyung ဘာမှမပြောတော့ဘူး Hyung ပြောတော့လဲ အရာမှမရောက်တာ အဲဒါကြောင့်လွတ်လွတ်လပ်လပ်နေခဲ့ "
ပုံ/မောင့် Jimin

"ဟင်"
Hyung ငါ့ကိုစိတ်ဆိုးသွားတာပဲ ညကငါဘာတွေပြောခဲ့လဲ.....ဘာတွေပြောခဲ့လဲ....ဘာမှမမှတ်မိဘူး ဒုက္ခပဲ  တစ်ရက်လုံးစကားမပြောပဲ ဘယ်လိုလုပ်နေနိုင်မှာလဲ  Hyung ငါ့ကိုအပစ်ပေးတာကြီးလွန်းတယ် ငါဘယ်လိုမှ မလိုက်နာနိုင်ဘူး Hyung စိတ်ဆိုးပြေအောင် ငါဘယ်လိုချော့ရင်ကောင်းမလဲ.......အာ စိတ်ညစ်လာပြီ ငါကချစ်ပဲချစ်တတ်တာ မချော့တတ်ဘူး  ပြီးတော့ Jimin ဒိလိုစိတ်ကောက်တတ်လိမ့်မယ်လို့လဲ မထင်ခဲ့ဘူး ဘယ်လိုလုပ်ရမလဲ မစဉ်းစားတတ်တော့ဘူး.....!!!!
"အေး ဟုတ်ပြီ ငါ TaeHyung စီကအကြံဉာဏ်တောင်းရမယ်"???

မောင့်အပိုင်Where stories live. Discover now