"ဟုတ်ကဲ့ပါ~ဂျောင်ကုရေ သားငယ်လေးစားဖို့
အမဲသားဆန်ပြုတ်လေးသွားလုပ်ခဲ့ပါလား
အမဲသားကိုမနံစေနဲ့နော်~"
"ဟုတ်ကဲ့ အခုဘဲသွားလုပ်ခဲ့ပါမယ်~"
တာဝန်ပေးခံရလို့ဝမ်းသာပျော်ရွှင်စွာထွက်သွားတဲ့ဂျောင်ကုကအဖွားဖြစ်သူနဲ့ကြီးပြင်းလာတာမို့
ချက်ပြုတ်ရေးပိုင်းမှာကျွမ်းကျင်တယ်လေ~
"အဖွားရဲ့အစာစားချင်စိတ်ဖြစ်စေတဲ့ဆေးကဘယ်ဟာလဲအဖွား~"
"ဖန်ပုလင်းနဲ့ထည့်ထားတဲ့အဝါရောင်အမှုန့်လေ~"
"ဟုတ် တွေ့ပြီ ဒါမဟုတ်လားအဖွား~"
"ဟဲ့ အဲ့တာကာမအားတိုးဆေးကြီး
အဝါနုရောင်နဲ့ဟာမှမင်းပြောတဲ့ဆေး~"
"အဖွားကသေချာမှမပြောတာ~"
တကယ်ဆိုဂျောင်ကုကပြာပြာယာယာနဲ့သေချာမကြည့်တာ
သူယူလာတဲ့ကာမအားတိုးဆေးအမှုန့်က
အဝါဆိုတာထက်လိမ္မော်ရောင်ဘက်ပိုရောက်တယ်။
"နှီးဖျားလေးနဲ့တစ်ခါကော်ဆိုရပြီနော်
အရမ်းများသွားရင်ဘေးဖြစ်မယ်~"
"ဟုတ်ကဲ့အဖွား~"
ထယ်ယောင်းအတွက်သူ့စိတ်ကြိုက်ချက်ပြုတ်ပြီးနောက်
ရလာတဲ့အမဲသားဆန်ပြုတ်ကိုပန်းကန်ထဲထည့်ကာ
ထယ်ယောင်းဆီသို့~
"ဆန်ပြုတ်ရပါပြီသခင်ကြီး~"
"ရောက်လာပြီလားဂျောင်ကု~"
"Nae~"
"သမားတော်ကမကြာခင်နိုးလာမယ်လို့ပြောတယ်
နိုးလာရင်ဆန်ပြုတ်တိုက်ပြီးဆေးတိုက်လိုက်ဦးနော်~"
"သခင်ကြီးကရော~"
"အာ..သားငယ်နိုးလာလို့ငါ့ကိုတွေ့ရင်ထပ်ပြီးဝမ်းနည်းနေမှာစိုးလို့အပြင်ထွက်တော့မယ်~"
ပြောပြီးတာနဲ့အပြင်ထွက်သွားတဲ့Mr.kimကြောင့်
ဂျောင်ကုစိတ်မကောင်းဖြစ်ကာထယ်ယောင်းနိုးလာမယ့်အချိန်ကိုထိုင်စောင့်နေလိုက်တယ်။
"အား~~ခေါင်းကိုက်လိုက်တာ~"
"ခနလောက်ထိုင်မလားမောင်~"
"အင်း~"
မျက်နှာကြုံ့ကာနိုးလာတဲ့ထယ်ယောင်းကို
ထူပေးပြီး ကုတင်ခေါင်းရင်းကိုမှီထိုင်စေကာ
ကျောဘက်မှာခေါင်းအုံးခုထားပေးတဲ့ဂျောင်ကု~
YOU ARE READING
~~ငွေ့~~{Complete}