"ငါ့သားလေးပိန်သွားလိုက်တာကြည့်ပါဦး
အခန်းထဲအဖေကိုတောင်အဝင်မခံဘဲဘာတွေလျှောက်လုပ်နေတာလဲ~"
"ဟို~~သခင်ကြီးသမားတော်မရောက်ခင်
သခင်ငယ်လေးကိုကိုယ်လက်သန့်စင်ပေးထားလို့ရမလား~"
"ရတာကရပါတယ် ဒါဘေမဲ့မင်းလဲပင်ပန်းနေပြီမဟုတ်လား
သွားနားတော့လေ တစ်ခြားအစေခံကိုခိုင်းလိုက်မယ်~"
"မပင်ပန်းပါဘူး ရတယ် ကျွန်တော်လုပ်ပေးလိုက်မယ်~"
ဂျောင်ကုကထယ်ယောင်းအနားကလုံးဝမခွာချင်သူမို့
ချက်ချင်းရေနွေဇလုံသွားယူကာ
ထယ်ယောင်းကိုသန့်ရှင်းပေးပြီ~
"အင်း...အစ်ကိုအသေးလေး~~"
"အစ်ကိုရှိတယ် ဆက်အိပ်နော်~"
အဖျားရှိန်ကြောင့်ယောင်တာတောင်
ဂျောင်ကုကိုမို့Mr.kimတစ်ယောက်
သူ့သားထယ်ယောင်းရဲ့ငယ်စဥ်ကတည်းကဂျောင်ကုအပေါ်ထားတဲ့သံယောဇဥ်ကိုဖြတ်လို့မရမှန်းသိနေပြီ~
"သားငယ်လေးကိုကရုစိုက်ပေးလို့ကျေးဇူးပါဂျောင်ကု
ရှေ့လျှောက်လဲကရုစိုက်ပေးပါဦး~"
"ဟုတ်ကဲ့ပါသခင်ကြီး~"
"သားငယ်လေးကလူတစ်ယောက်ကိုလွယ်လွယ်နဲ့မတွယ်တာတတ်ဘူး သူတွယ်တာမိတဲ့လူကိုလဲလွယ်လွယ်နဲ့မလွတ်ပေးတတ်ဘူး~"
"Nae~"
ထယ်ယောင်းရဲ့လက်ကိုလက်နှစ်ဘက်နဲ့ဆုပ်ကိုင်ကာ
မသိမသာခိုးနမ်းနေသေးတဲ့ဂျောင်ကုကို
Mr.kimတစ်ယောက်မမြင်ချင်ယောင်ဆောင်ပေးရတာလဲမလွယ်လှ~
*မိန်းမယောကျာ်းတောင်မဟုတ်ဘဲဘာလို့
ဒီလောက်တောင်မြတ်နိုးတွယ်တာနေတာလဲ~*
~~knock~~knock~~
"ခေါ်ခိုင်းလိုက်တဲ့သမားတော်ရောက်ပါပြီသခင်ကြီး~"
"ကောင်းပြီ ဝင်လာခိုင်းလိုက်~"
သမားတော်ရောက်လာတာနဲ့တစ်ပြိုင်နက်ဂျောင်ကုက
အဝေးကိုသွားကာ စိတ်ပူပန်မှုအပြည့်နဲ့
ထယ်ယောင်းမျက်နှာကိုလှမ်းကြည့်နေတာ~
"မစားမအိပ်နေတော့အားပြတ်သွားတာပါ
ဆေးထက်အစာဝင်အောင်ကျွေးပါ အဲ့တာဆို
ခနလေးနဲ့ပြန်ကောင်းလာလိမ့်မယ်~"
YOU ARE READING
~~ငွေ့~~{Complete}