"အရမ်းချစ်တယ်မောင်~"
ဂျောင်ကုဆီကအဲ့လိုစကားကြားရတာက
သူ့အတွက်ပျော်ရွှင်စရာဖြစ်နေဘေမဲ့
သူ့ဘက်ကတော့ဂျောင်ကုကိုချစ်လားမချစ်လားသေချာမသိ~
"နားထောင်လို့ကောင်းတယ် မကြာခနကျွန်တော့်ကို
အဲ့လိုပြောပေး~"
"အချိန်တိုင်းပြောပေးနေမယ် မောင်မကြားချင်တော့တဲ့အထိ~"
"ကျေးဇူးပါဘဲ~"
"အစ်ကိုကကျေးဇူးတင်ရမယ့်လူပါ
မောင့်ကိုချစ်နေတာကိုစိတ်မဆိုးတဲ့အပြင်
ချစ်နေခွင့်ပါပေးလို့~"
"အဲ့လောက်ချစ်နေတယ်ဆိုဘာလို့
အရင်နေ့ကလာမတွေ့တာလဲ~"
"အဲ့တုန်းကက မောင်မခေါ်တော့
မောင်မအားဘူးလို့ထင်လို့လေ လာချင်တာတော့
အရမ်းကိုလာချင်တာ~"
"နောက်ဆို ကျွန်တော့်ဆီလာချင်တဲ့အချိန်တိုင်းလာခဲ့~"
"မောင်တကယ်ပြောတာနော်~"
"တကယ်ပေါ့~"
ကိုယ်အရမ်းပူပြီးအဖျားရှိနေတဲ့ထယ်ယောင်းက
ဂျောင်ကုနဲ့စကားပြောနေလိုက်တာများ
ဘာမှမဖြစ်နေတဲ့အတိုင်း~
"ခနလောက်ဖြစ်ဖြစ်အိပ်လိုက်ပါလားမောင်
မျက်လုံးတွေအရမ်းနီနေတယ်~"
"အိပ်လိုက်ရင် အစ်ကိုအသေးလေးထွက်သွားမှာပေါ့~"
"မထွက်သွားဘူး မောင်နိုးလာတဲ့အထိစောင့်နေပေးမယ်~"
"တကယ်ပြောတာဟုတ်ရဲ့လား~"
"တကယ်ပြောတာပါ အစ်ကိုဘယ်မှမသွားဘူး~"
ထို့နောက်ထယ်ယောင်းကခေါင်းလဲအရမ်းကိုက်နေပြီမို့
ဂျောင်ကုရင်ဘတ်မှာမျက်နှာအပ်ကာ
အိပ်ဖို့ကြိုးစားလိုက်တာနဲ့ဂျောင်ကုကလဲခေါင်းလေးပွတ်ပေးနေလေရဲ့~
"အိပ်ရေးဝအောင်အိပ်နော်မောင် အိပ်ယာနိုးလာတဲ့အခါ
အားအင်အပြည့်နဲ့ကံကြမ္မာခရီးကိုဆက်လျှောက်ဖို့ကြိုးစား~"
ဂျောင်ကုရဲ့နူးညံ့တဲ့အသံသင်းပျံ့တဲ့ကိုယ်သင်းနံ့ကြောင့်
ထယ်ယောင်းအိပ်ပျော်သွားတာနဲ့တစ်ပြိုင်နက်
ဂျောင်ကုကMr.kimကိုခေါ်ကာထယ်ယောင်းအတွက်သမားတော်ခေါ်ခိုင်းပြီ~
YOU ARE READING
~~ငွေ့~~{Complete}