"မဟုတ်ပါဘူးမောင်ရဲ့ ဘာလို့အဲ့လိုတွေးရတာလဲ~"

"appaရဲ့လက်တစ်ဖက်က ကျွန်တော့်ကြောင့်
ကျွန်တော့်ကြောင့်အဖြတ်ခံလိုက်ရတာ~"

မျက်ရည်တွေစီးကျကာပြောလာတဲ့ထယ်ယောင်းကြောင့်
ဂျောင်ကုလဲစိတ်မကောင်းဖြစ်ကာ
ကုတင်ပေါ်ထိုင်စေပြီးကျောကျယ်ကိုပွတ်ပေးနေလိုက်တယ်။

"စိတ်အေးအေးထားနော်မောင် ကိုယ့်ကိုယ်ကိုယ်အပြစ်အရမ်းမတင်ပါနဲ့~"

"ကျွန်တော်ကအတုံးမကျတဲ့သူပါ
ကိုယ့်မိသားစုကိုမကာကွယ်နိုင်တဲ့အပြင်
ဒုက္ခပါပေးလိုက်သေးတာ~"

"အခုမောင်ကအရမ်းငယ်သေးလို့ပါ
နောက်ဆိုကာကွယ်နိုင်မှာပါ အခုကတည်းကလက်မလျှော့လိုက်နဲ့~"

ဂျောင်ကုကဖြည်းဖြည်းချင်းစီထယ်ယောင်းကို
ဖြေသိမ့်ပေးတော့အချိန်တစ်ခုကြာတော့
စိတ်ရှင်းသွားတဲ့ထယ်ယောင်းက
အအိပ်ပျက်အစားပျက်ဒဏ်ကြောင့်အဖျားတက်လေပြီ~

"ကိုယ်တွေပူနေတာဘဲ အိပ်ယာပေါ်
လှဲနေနော်မောင် အစ်ကိုရေနွေးသွားယူဦးမယ်~"

"မသွားနဲ့ ဘယ်မှမသွားပါနဲ့~"

"ခနလေးပါမောင်ရဲ့ ချက်ချင်းပြန်လာခဲ့မယ်နော်~"

"မရဘူး မသွားနဲ့~"

သူ့လက်ကိုဆွဲထားပြီးလုံးဝမလွတ်ပေးတဲ့ထယ်ယောင်းကြောင့်ဂျောင်ကုလဲထယ်ယောင်းအိပ်ပျော်မှသာ
သွားဖို့စဥ်းစားရလေရဲ့~

"အဲ့တာဆိုလဲလာ အတူတူလဲနေရအောင်~"

"အွန်း~"

အိပ်ယာပေါ်နှစ်ယောက်အတူဘေးချင်းယှဥ်လဲလိုက်တာနဲ့
သူ့ရင်ခွင်သေးသေးလေးထဲမျက်နှာအတင်းထည့်အပ်လာတဲ့ထယ်ယောင်းကသူ့ကိုဖက်ထားလိုက်တာများတင်းလို့~

"မောင်က ကလေးလေးကျနေတာဘဲ~"

"ကျွန်တော်ကလေးမဟုတ်တော့ဘူး~"

"ဟဟ..အင်းပါ ချစ်လိုစတာကို~"

"ကျွန်တော့်ကိုတကယ်ချစ်တာလား~"

"ချစ်တယ်~"

"နောက်တစ်ခေါက်လောက်ထပ်ပြောကြည့်~"

~~ငွေ့~~{Complete}Where stories live. Discover now