နကိုကတည်းကဂျောင်ကုကိုကြည့်မရသူ
အစေခံခေါင်းဆောင်ကဂျောင်ကုသွားမယ်ပြောတာနဲ့
ကျေနပ်စွာပြုံးနေသေး~

"မဖြစ်ဘူးနော်ဂျောင်ကု အရင်ကငါ
သခင်လတ်အချုပ်ကျတုန်းကသွားဖူးတယ်
ဂျပန်တွေကအသေအနိုင်ကျင့်တာ~"

"ဘယ်လိုတွေလုပ်သလဲပြောပြ
အဲ့တာမှရှောင်သင့်ရင်ရှောင်ရမှာ~"

"အရင်ဆုံးကွာ ငါယူသွားတဲ့စားစရာတွေကိုသူတို့အတွက်တည်ခင်းပေးရတယ်~"

"အဲ့တာအပြင် အပိုဟင်းတွေကိုအင်္ကျီထဲဖွက်သွားလို့မရဘူးလား~"

"လုံးဝမရဘူး ဘာလို့ဆို အချုပ်ထဲစဝင်တာနဲ့ငါတို့မှာ
လက်နက်ပါမပါသိရဖို့အဝတ်စားအကုန်ချွတ်ပြရလို့~"

"ဟုတ်လား ပြီးတော့ရော?"

"အစားစာတွေကိုအဆိပ်ပါမပါငါအရင်မြည်းပေးရတယ်
ပြီးတာနဲ့သူတို့ကစားသောက်ကြပြီးငါကသူတို့ရဲ့ခြေထောက်ကိုနှိပ်ပေးရဖိနပ်တိုက်ပေးရစုံနေအောင်လုပ်ရတယ်ကွာ~"

"ခက်ခဲဘေမဲ့မသွားလို့လဲမဖြစ်ဘူးမို့
သွားဖို့ပြင်ဆင်လိုက်ဦးမယ် ပြောပြပေးလို့
ကျေးဇူးပါနော်~"

ဂျောင်ကုတစ်ယောက်ထယ်ယောင်းဆီအစားအသောက်ရောက်ဖို့နဲ့မြန်မြန်တွေ့နိုင်ဖို့အတွက်သူ့အဖွားကို
အကူညီတောင်းကြည့်ရာသူ့အဖွားကထယ်ယောင်းစားဖို့အတွက်စတင်ချက်ပြုတ်လေရဲ့~

"အဖွားရဲ့ဟင်းကြီးကလဲ မသိရင်မစင်ကြီးကျနေတာဘဲ~"

"အဲ့လိုမှဂျပန်တွေမစားမှာပေါ့~"

ထမင်းဟင်းတွေကိုပုံပျက်အောင်ချက်ပြုတ်လိုက်တဲ့ဂျောင်ကုအဖွားကရွှေဖရုံသီးကိုကြေညှက်အောင်ချက်လိုက်ပြီး
အတော်အသင့်စားကောင်းအောင်ကြော်ထားတဲ့အသားကိုလဲ
သူ့ရဲ့အမှုန့်ကြိတ်ထားတဲ့အားဆေးမြစ်အမှုန့်အမဲရောင်တွေဖြူးလိုက်တော့အသားဖတ်ကမီးသွေးမှုန်တွေနဲ့ရောနေသလို~

"လုပ်ပြန်ပြီ အဖွားရဲ့ဝက်သားကင်မ်ချီနပ်ကလဲ
မြေဝါတုံးပေါ်မှာကင်မ်ချီဖတ်တင်ထားတဲ့အတိုင်းဘဲ~"

"စကားများမနေနဲ့ သွား သောက်ရေသွားခတ်ချေ
ရေကို ဝါးကျည်ထောက်နဲ့ထည့်~"

~~ငွေ့~~{Complete}Where stories live. Discover now