Right Person Wrong Time(မိုးမခမောင်နှင့်ဒေစီအဲလက်စ်တို့၏အချစ်ဇာတ်လမ်း)

1K 24 2
                                    

ဘယ်ကစပြီးဘယ်လိုကျနော် "ကိုကြီး"နဲ့လွဲခဲ့သလဲတော့မသိ..။ကျနော်သိတာကတော့ ကျနော် "ကိုကြီး"ကို စတွေတဲ့ စက္ကန့်ပိုင်းအတွင်းမှာ..ကျနော်"ကိုကြီး"ကိုချစ်မိသွားတယ်ဆိုတာပါပဲ။
"love at first sight" ဆိုတာမျိုးထင်ပါရဲ့။
ကျနော်ကပညာအရည်အချင်းနှိမ့်သလို..၊ဒီဘားမှာသူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ စာပွဲထိုးလုပ်ခွင့်ရတယ်လေ။ စာပွဲထိုးဆိုတာထက်..ဧည့်သည်တွေကိုလိုတာထက်ပိုပြီးဧည့်ခံပေးရတဲ့ စာပွဲထိုးဆိုလည်းမမှားဘူးပေါ့။ ကျနော်ဘဝက တစ်နေ့တစ်နေ့ ညနေစောင်းကနေ မနက်အာရုဏ်တက်ချိန်အထိအလုပ်လုပ်လိုက်၊မနက်ကနေညနေစောင်းထိအိပ်လိုက်နဲ့ သံသရာလည်နေတာ၊ကျနော့်မြင်ကွင်းရှေ့ "ကိုကြီး"ရောက်မလာခင်အထိပေါ့။
'မိုးမခ မင်းဘယ်ကိုငေးနေတာလဲ..အလုပ်လုပ်လေ!'
Bossရဲ့ငေါက်သံကိုကြားပင်မဲ့ ဂရုမစိုက်နိုင်လောက်အောင်"ကိုကြီး"ကိုငေးကြည့်နေမိတယ်။ သိပ်လှတာပဲဗျာ။ကျနော်"ကိုကြီး"နဲ့စကားပြောကြည့်ချင်တယ်၊ခင်ချင်တယ်၊ရင်းနှီးချင်တယ်၊"ကိုကြီး"ဘေးမှာ"ကိုကြီးရဲ့"ဘဝလက်တွဲဖော်အဖြစ်နေချင်တယ်။
'ကိုကြီး..တစ်ယောက်ထဲလားဗျ..ကျနော်အဖော်လုပ်ပေးရမလားဗျ...'
ရဲတင်းစွာ စကားသွားစမိတယ်။"ကိုကြီးက ကျနော့်အသံကြားရုံနဲ့တင် ကျနော့်ကိုမကြည့်ပဲ တစ်ခြားဖက်ကိုမျက်နှာလွှဲသွားပြီး။
'မလိုဘူး...ငါယောကျာ်းလေးတွေကိုစိတ်မဝင်စားဘူး..'
ပြတ်သားလိုက်တာဗျာ။ကျနော်ကဖြင် ခြေလှမ်းတွေစတောင်မတိုးရသေးဘူး၊ကိုကြီးစကား​ကြောင့်နောက်ပြန်လှည့်ရတော့မှာပါပဲ။
'ဟာ..ကျနော့်ကို ဘာထင်နေတာလဲဗျ..ကျနော်က ကိုကြီးထင်သလိုမဟုတ်ပါဘူးဗျ...'
မုသားစကားကိုဆိုမိတယ်။ကျနော်က"ကိုကြီး"ထင်တဲ့အတိုင်းမကောင်းတဲ့၊မမြတ်တဲ့ လူဖြစ်နေပင်မဲ့ "ကိုကြီး"အပေါ်ကျနော်ချစ်မိနေတာကတော့စစ်မှန်တဲ့ခံစားချက်တစ်ခုပါ။
'သခင်လေး..ကျနော်နေရာရှင်းပေးဖို့ manager
ကိုပြောလိုက်ရမလား'
သခင်လေးတဲ့လား။မွန်မြတ်လိုက်တာ။ကျနော်က"ကိုကြီး"အတွက်ထိုက်တန်တဲ့လူတစ်ယောက်မဟုတ်ပါဘူး၊ဒါမဲ့..ကျနော်တကယ်ပဲ ချစ်မိသွားတော့ဘယ့်နှယ့်လုပ်ရမလဲ"ကိုကြီး"ရယ်။
'အို..သခင်လေးတဲ့လား..ကိုကြီးကbossလား..မိုက်တယ်ဗျာ..ကျနော်နဲ့ကွာပါ့..ကိုကြီးကျနော့်ကိုစကားမပြောချင်တာလဲ ဖြစ်သင့်ပါတယ်လေ..ဟီး...ကျနော်သွားတော့မယ်နော်'
ကျနော်လည်းအားနာမိတာမို့ "ကိုကြီး"စိတ်မရှုပ်ရအောင်ထွက်သွားပေးဖို့ခြေလှမ်းပြင်မိတယ်။
'နေအုံး...မင်းငါ့ဆီကဘာလိုချင်လို့လဲ...'
"ကိုကြီး"ကကျနော့်ကိုလှမ်းကြည့်ရင်းမေးလာခဲ့တယ်။
'ကိုကြီးရဲ့အချစ်တွေ...ဟီး..'
ကျနော်လည်ခပ်မြန်မြန်ပဲ(I love You)လက် signထောင်ပြရင်းပြန်ဖြေမိတယ်။
'ဟ့..မင်းရဲလှချီလား'
"ကိုကြီး"မျက်နှာမှာကျနော့်အပေါ်စိတ်တိုတာမျိုးမဟုတ်ပဲ ဒီတိုင်းအံ့အားသင့်သွားသလိုမျက်နှထားနဲ့ပြန်ပြောလာခဲ့တယ်လေ။
'ဟီး..... ကိုကြီးစဥ်းစားပေးနော်ကျနော့်ကို နောက်မှတွေ့မယ်ဗျ..'
ကျနော်လည်းပြောပြီးတာနဲ့ ပြေးထွက်လာခဲ့လိုက်တော့တယ်။"ကိုကြီး"နဲ့စကားပြောခွင့်ရတာက ကျနော့်ရင်တွေပေါက်ကွဲမတက်ခုန်စေလို့လေ။
နောက်နေ့တွေမှာ "ကိုကြီး"နဲ့မထင်မှတ်ပဲခဏခဏတွေ့ဆုံနေတာမို့..၊ကျနော်ကြိုးစားမိတယ်၊"ကိုကြီး"ကျနော့်ကိုပြန်ချစ်လာအောင်ပေါ့။
'ကိုကြီး..ကျနော့်ကိုအဖြေမပေးသေးဘူးလားဗျ'
"ကိုကြီး"လက်မောင်းကိုတွဲဖက်ပြီးချွဲလို့ရလေယက်တဲ့အထိ"ကိုကြီး"နဲ့ ရင်းနှီးနေပြီလေ။
'ငါမှမင်းကိုမကြိုက်တာ..'
"ကိုကြီး"က ခပ်ပြုံးပြုံးမျက်နှထားနဲ့ပြန်ဖြေလာတာမို့။
'မကြိုက်ပဲ ကျနော့်ကိုဘာလို့ကိုကြီးအနားအကပ်ခံတာလဲ..လူကိုလာပြီးကြိုးရှည်ရှည်နဲ့ဆွဲနေသလိုပဲ..'
ကျနော်လည်းဆူပုတ်ပုတ်နဲ့ပဲ "ကိုကြီး"လက်မောင်းကိုဖက်ထားတဲ့လက်ကိုဖြုတ်ချရင်းပြောမိတယ်။
'ငါမင်းကိုငါ့နားလာဖို့ မလာဖို့အမိန့်မထုတ်ထားဖူးဘမတားမြစ်ထားဖူးလေ..မင်းကငါ့အပိုင်မှမဟုတ်ပဲ..မင်းလွတ်လပ်ခွင့်ကိုပိတ်စရာအကြောင်းမှမရှိပဲကို...'
အိုး....။တည်ကြည်ပြီး ၊ကြည့်ကောင်းလိုက်တာ။ပိုပြီးကြွေသွားပြီကွာ။
'wow..ကိုကြီးကအသေမိုက်တယ်ဗျာ..ကိုကြီးသာကျနော့်ကိုလက်ခံလိုက်လို့ကတော့ လမ်းလည်ခေါင်ထွက်ပြီးကပြစ်မယ်'
ကျနော် အားပါးတရ အသံမြှင့်ပြီးပြောမိတယ်။
'မင်းကအက်လောက်သတ္တိရှိလို့လား'
"ကိုကြီး"ကမယုံသလိုမျက်နှထားနဲ့မျက်ခုံးတစ်ဖက်ပင့်ရင်းမေးလာတာမို့။
'မယုံဘူးလား..မယုံရင် ကျနော့်ကိုချစ်တယ်လို့သာတစ်ခွန်းပြောလိုက်..ကျနော်ချက်ချင်းကပြမယ်..'
ကျနော်လည်း အနိုင်ပြန်ပြောမိတယ်။ကျနော်တကယ်လုပ်မယ်ဆိုတာကို "ကိုကြီး"ကိုသက်သေပြချင်တာမို့။
'ဟားဟား..လာပြီးအခွင့်ကောင်းယူနေတဲ့ကောင်စုတ်လေးပဲ..'
"ကိုကြီး"ရယ်တယ်။ပိုပြီးကြည့်ကောင်းတယ်။ကိုကြီးဆီကနေမျက်လုံးမခွာနိုင်အောင်ပဲ ၊"ကိုကြီး"ကသိပ်ကိုမှဆွဲဆောင်မှုရှိလွန်းတယ်။
'ကိုကြီးကျနော့်ကိုမောင်လို့ခေါ်ပါ့လား..'
ခေါ်စေချင်မိတယ်။ကိုယ်ကြီးနှုတ်ခမ်းဖျားလေးကနေ "မောင်"ဆိုပြီးခေါ်တာလေး..နားထောင်ချင်မိတယ်။
'ဘာလို့?'
"ကိုကြီး"ကအူတူတူရုပ်လေးနဲ့ပြန်မေးလာတယ်လေ။
'ဟို..ကျနော့်နမည်ကမိုးမခမောင်လေ...အဖျားစွတ်ပြီးမောင်လို့ခေါ်လို့ရတာကို..ကိုကြီးက ကျနော့်ကိုစကားပြောတိုင်းခေါ်တိုင်းမင်း ဆိုတဲ့အသုံးအနှုန်းကြီးပဲသုံးနေတာ နားခါးတယ်'
ကျနော် "ဟန်ဆောင်ကာမူပို"ဆိုတဲ့အတိုင်းနားနှစ်ဖက်အုပ်ပြီးမျက်နှာရှစ်ခေါက်ချိုးနဲ့ပြောမိတယ်။
'အွန်း...မောင်...အီးးအော်ဂလီဆန်တယ်လိုခံစားရတယ်'
"ကိုကြီး"ကျနော့်ကို"မောင်"လို့ခေါ်လိုက်တာ လားလို့။ဟုတ်နေတာပဲ။
'ကိုကြီးတကယ်ခေါ်တယ် အိုးးချိုလိုက်တာဗျာ..'
ကျနော်"ကိုကြီး"ကိုအူယားလွန်းလို့ အတင်းဖက်ထားမိတယ်။
'တော်စမ်းပါ...'
"ကိုကြီး"က ကျနော့်ခေါင်းကိုအသာလေးတွန်းထုတ်ရင်းပြောလာတယ်လေ။"ကိုကြီး"မျက်နှာလေးရဲနေတာပဲ။ရှက်နေတယ်ထင်ပါရဲ့။
တစ်ရက်မှာ..၊ကျနော်အလုပ်ကိုသွားခါနီး လမ်းမှာ"ကိုကြီး"ကိုတွေတာမို့ ၊နောက်ကနေတိုးတိုးလေး ခြောက်ဖို့အလုပ်မှာ။
'ငါသူ့ကိုချစ်မိနေပြီ...'
ဘယ်လို။"ကိုကြီး"က ချစ်မိနေပြီတဲ့လား..။ကျနော့်ကိုလား။
'သခင်လေးသေချာရဲ့လား...သူကသခင်လေးအတွက်သင့်တော်မယ်ဆိုတာ...'
'ငါမသိဘူး...ဒါမဲ့ငါသူ့ကိုတကယ်ချစ်တယ်....'
သေချာနေပြီ။"ကိုကြီး"ပြောနေတဲ့စကားတွေထဲက "သူ"ဆိုတဲ့နာမ်စားလေးရဲ့ ပိုင်ရှင်က ကျနော်ဆိုတာ။
'ဗျာ!ကိုကြီးလည်းကျနော့်ကိုချစ်တယ်ဟုတ်လား..'
'ဟင်..မင်းဘယ်အချိန်ထဲကရောက်နေတာလဲ..'
ကျနော်နောက်ကနေထအော်မိတော့ "ကိုကြီး"လန့်သွားပုံပေါ်ပါရဲ့။ကျနော်လည်း"ကိုကြီး"ကိုနောက်ကနေသိုင်းဖက်လိုက်ရင်းပြုံးရင်းပြောမိတယ်။
'ကိုကြီးကျနော့်ကိုချစ်မိနေပြီလို့ပြောလိုက်တဲ့အချိန်ထဲက...ဟီးပျော်လိုက်တာဗျာ..လာလိုက်ခဲ့'
ကျနော်"ကိုကြီး"လက်နွေးနွေးကိုဆွဲပြီး အားအင်အပြည့်နဲ့ပြေးခဲ့မိတယ်။
'ဟင်..ဘယ်သွားမလို့လဲ..နေပါအုံး..'
ကိုကြီးကလည်း ကြောင်စီစီလေးနဲ့ ကျနော့်နောက်တန်းလန်းကြီးပါလာတော့တာပေါ့။
'သခင်လေး...ဟေ့ကောင်ရပ်စမ်း'
"ကိုကြီး"ရဲ့Bodyguardလိုက်လို့မမှီအောင်၊ကျနော် taxiအမြန်ငှားပြီး "ကိုကြီး"ကိုကားပေါ်တွန်းတင်ရင်း ကားဆရာကိုအမြန်မောင်းခိုင်းလိုက်ရတယ်။ဘယ်နေရာကိုလဲဆိုရင်..မြို့လည်ခေါင်ပေါ့ဗျာ။
'မင်းတကယ်လုပ်မလို့လား'
'မောင်လို့ခေါ်...'
'အေးပါ..မောင်...တကယ်ပဲ..'
'ကျနော်ကိုကြီးကိုအရမ်းချစ်တယ်...'
ကျနော်"ကိုကြီး"လက်ကိုဆွဲပြီး မြို့လည်ခေါင်လူတွေအများကြီးရှိတဲ့နေရာမှာ..ကခဲ့ပါတယ် ။"ကိုကြီး"ကိုပါ ကျနော်နဲ့အတူ ကစေခဲ့ပြီး.."Perfect".... ကျနော်တို့နှစ်ယောက်အတွက်သီးသန့်လိုဖြစ်လာမဲ့သီချင်းလေးနဲ့ပေါ့....။ကျနော်ယုံကြည်တယ် ။ကျနော့်အနားမှာ"ကိုကြီး"လုံခြုံစွာနေနိုင်အောင် ကျနော် ကိုကြီးကိုကာကွယ်ပေးမှာ၊တစ်ဘဝလုံးစာအတွက်ပေါ့။
'ကိုကြီးကျနော့်ကိုချစ်လားဟင်"
'ဒါကိုပဲထပ်ခါထပ်ခါမေးနေတော့မှာလား..မောင်ရဲ့'
Coffeeပူပူကိုသောက်ဖို့လွယ်တဲ့အထိအေးအောင်အသာလေးဂရုတစိုက်နဲ့မှုတ်နေတဲ့"ကိုကြီး"။
'ကျနော်ဒီတိုင်းပဲမေးချင်လို့ပါ'
အမြဲကြားချင်တယ်။"ကိုကြီးကျနော့်ကိုချစ်မှန်းသိလျှက်နဲ့ကိုခဏခဏကြားချင်နေမိတယ်။
'အွန်း...ချစ်တယ်...အရမ်းချစ်တာ..တုန်နေအောင်ကိုချစ်တာ..'
"ကိုကြီး"ကသူ့လက်ထဲက Coffeeခွက်လေးကိုစာပွဲပေါ်အရင်ချလိုက်ပြီး ကျနော့်မျက်နှာလေးကို "ကိုကြီး"ရဲ့ လက်သွယ်သွယ်နဲ့အုပ်ကိုင်ကာပြောလာခဲ့တယ်လေ။
'ကျနော်လည်း..မဟုတ်ဖူး..ကျနော်ကပိုလို့တောင်ချစ်သေးတယ်..ဟီး'
ကျနော့်ကိုကြီးရဲ့ခေါင်းလေးကိုရင်ခွင်ထဲထည့်ကာသိုင်းဖက်ထားရင်းပြန်ပြောမိတယ်။
'ငါသိပါတယ်... ရော့..နွေးသွားပြီသောက်လိုက်အုံး'
"ကိုကြီး"က ကျနော့်ပါးလေးကိုခပ်ဖွဖွနမ်းလိုက်ပြီး အစောက "ကိုကြီး"ကိုယ်တိုင်အအေးခံထားတဲ့ Coffeeကိုကျနော့်ကိုတိုက်တယ်လေ။ကျနော်နဲ့ကိုကြီးနဲ့က ဆင်တူတာအတော်ရှားတယ်ဗျ။ဒါမဲ့ဒီCoffee...(Americano)ကတော့.."ကိုကြီး"နဲ့ကျနော်အကြိုက်ချင်းတူနေပါတယ်။အရင်ကတော့Coffeeသောက်ရင်ပဲဖြစ်ဖြစ်၊ဘယ်သွားသွား၊ဘာစားစားတစ်ယောက်ထဲဆိုပင်မဲ့ အခုကတော့ မတူတော့ဘူး။ကျနော့်ဘေးမှာ"ကိုကြီး"အမြဲရှိနေတယ်။"ကိုကြီး"အပြင်ဦးကိုကိုနိုင်တောင်အစစ်ပါသေး။ဘယ်လိုပဲဖြစ်ဖြစ်ကျနော့်မှာမိသားစုတစ်ခုရှိသွားသလိုခံစားရတယ်၊နွေးထွေးတယ်။ကျနော်ပျော်နေချိန် လိုက်ပျော်ပေးမဲ့သူရှိလာသလို၊ကျနော်ဝမ်းနည်းအားငယ်တဲ့အချိန်မှာလည်းနှစ်သိမ့်ပေးမဲ့သူရှိလာခဲ့တယ်။"ကိုကြီး"ကကျနော့်အတွက်တော့အရာရာပါပဲ။
'မောင်...ငါ့ကိုဘယ်အချိန်ထိငေးကြည့်နေမှာလဲ'
"ကိုကြီး"သတိပေးမှအသိဝင်မိတယ်။ကျနော်Coffeeတွေတောင်အေးစက်လို့နေပြီ၊ကျနော်နော်ဘယ်လောက်ကြာကြာ "ကိုကြီး"ကိုငေးကြည့်နေမိမှန်းကိုမသိတော့ပါဘူး။
'ကိုကြီး...ကျနော်တစ်ခုလောက်မေးချင်တယ်'
'အွန်းမေးလေ'
"ကိုကြီး"ကကျနော်စကားပြောတာကိုအမြဲ သေချာအာရုံစိုက်ပြီးနားထောင်ပေးတက်တယ်။သဘောကျလိုက်တာ။
'ကျနော်..ကျနော်အရင်ကလုပ်ခဲ့တဲ့..'
စိုးရိမ်မိတယ်။ကျနော်အရင်ကလုပ်ခဲ့ဖူးတဲ့အလုပ်ကြောင့်..တစ်နေ့မှာ"ကိုကြီး"သိသွားခဲ့ရင်ကျနော့်ကိုစွန့်ပစ်လိုက်မှာကိုကြောက်တယ်။
'ငါနားလည်တယ်မောင်.... '
"ကိုကြီး"ကနူးနူးညံ့ညံ့လေးပြုံးရင်းပြောလာတယ်။ကျနော့်ကိုလည်းနားလည်ပေးတယ်။ဘယ်လောက်တောင် ကောင်းမွန်တဲ့လူလည်း"ကိုကြီး"ရယ်။
'အဟင့်...'
မျက်ရည်တွေကသူ့အလိုလိုပါးပြင်ထက်အတားအဆီမရှိစီးကျလို့လာပြီ။
'မငိုနဲ့...ငါမကြိုက်ဖူး..'
'ဟုတ်...အဟင့်..'
'ဟူး...လာ...ခလေးလားငိုရအောင်'
"ကိုကြီး"က ကျနော့်ကို သူ့ရင်ခွင်ထဲထည့်ထားရင်းနှစ်သိမ့်ပေးခဲ့တယ်။ပျော်တယ်။ဒီလိုလေးထာဝရရှိသွားချင်တယ်။
ကျနော်တို့ချစ်သူစဖြစ်တဲ့နေ့ကစလို့ ကျနော် အလုပ်ထွက်ခဲ့ပြီး အချိန်ပိုင်းအလုပ်တစ်ချို့ကိုပြောင်းလုပ်နေခဲ့တာမို့ "ကိုကြီး"နဲ့တွေ့ရတဲ့အချိန်ကနည်းလို့လာခဲ့ပါတယ်။"ကိုကြီး"ကတော့ကျနော့်ကိုအလုပ်မလုပ်ဖို့ပြောပင်မဲ့ ကျနော်ကတော့ကိုကြီးအပေါ်ဝန်မပ်စေချင်ဘူးလေ။ကျနော်လည်းပဲအရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်တာမို့ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားကြည့်ချင်တယ်လေ။
'ကိုကြီး...ကျနော့်ကိုစောင့်ရတာကြာသွားလားဗျ..တောင်းပန်ပါတယ်နော် ဒီနေ့မှကျနော့်အလုပ်ရှင်က..'
ကျနော်းအားနာမိတယ်"ကိုကြီး"အေးနေတော့မှာပဲ။
'မရှင်းပြလည်းဖြစ်ပါတယ်မောင်ရဲ့..လာပါအုံးလွမ်းနေတာ...'
"ကိုကြီး"ကကျနော့်ကိုစိတ်လည်းမဆိုသလို ပြုံးပြီး ရင်ခွင်ထဲဆွဲသွင်းရင်းပြောလာတာမို့၊ပျော်မိတယ်။ကျနော်လည်းပဲ "ကိုကြီး"ကိုပြန်ပြီးတင်းတင်းကျပ်ကျပ်ဖက်ထားမိတယ်။ကျနော်တို့နှစ်ယောက်ရဲ့ဘဝလေးကအချစ်တွေ့နဲ့ပြည့်နှက်ပြီးပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကိုဖြတ်သန်းခဲ့ရတာပေါ့။ဒါမဲ့..Juneဆိုတဲ့.."ကိုကြီး"လက်အောက်မှာအလုပ်လုပ်ခဲ့ဖူးတဲ့လူပေါ်မလာခဲ့တဲ့အချိန်အထိပဲဆိုပါတော့။
'မိုးမခမောင်ဆိုတာ မင်းလား'
'ဟုတ်ပါတယ်ဗျ..အကို့ကိုကျနော်မြင်ဖူးတယ် ကိုကြီးရဲ့အလုပ်ကမလား'
ကျနော်လည်းသိနေပြီးသားမို့ ရင်းရင်းနှီးနှီးပြန်ပြောမိတယ်။
'မင်း..ဒေ..စီ..ကိုချစ်လား'
'ဟမ်..ချစ်..ချစ်တာပေါ့ဗျ'
တစ်မျိုးကြီးပဲ။ကျနော်ကြောက်စိတ်ဝင်လာမိတယ်၊သူ့ပုံစံကမူမမှန်တာမို့။ ကျနော်အနားတစ်ဖြေးဖြေးကပ်လာခဲ့တယ်။ပြီးတော့ အမှောင်ကျသွားခဲ့တယ်။ဘာကိုမှမမှတ်မိတော့ဘူး။ကျနော်သတိရလာတဲ့အချိန်မှာ ကျနော့်ကိုကြိုးတွေနဲ့တုတ်ထားခဲ့တယ်။
'မင်းနှိုးလာပြီပေါ့...ဟူး....ငါ့ကိုယ်ငါမိတ်ဆက်မယ်'
Juneက ကျနော့်ရှေ့ ငုတ်တုတ်လာထိုင်ရင်းပြောလာခဲ့တယ်။
'ငါက...မင်းချစ်သူ...ဒေ..စီ..အဲ..လက်စ်ကိုငါ့အပိုင်ဖြစ်နေချင်နေတဲ့ကောင်ပဲ'
'ဘာ..'
'ဟင့်...မင်းကိုxာကောင်ကိုသူဘာတွေမက်မောသွားသလဲမသိ..'
'ရတယ်ပြော...ငါ့ကိုမင်းကြိုက်သလောက်ပြောလို့ရတယ်..ဒါမဲ့ ကိုကြီးကိုတော့ ထိဖို့မစဥ်းစားနဲ့..'
ကျနော်သေရင်သေပါစေ၊ကျနော့်အတွက်တစ်ယောက်ထဲသားရှိတဲ့"ကိုကြီး"ကိုတော့..အထိခိုက်ခံမှာမဟုတ်ဖူး။
'သတ္တိတွေရှိနေတယ်ပေါ့...ဒီမှာ..မင်းငါခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့..ငါသူ့ကိုလက်ဖျားနဲ့တောင်မတို့ဘူး..ဟုတ်ပြီလား'
ကျနော်သူခိုင်းတဲ့အတိုင်းလုပ်ခဲ့မိတယ်။"ကိုကြီး"ကျနော့်ကိုရွံမုန်းသွားအောင်ပေါ့။
'မောင်.....'
ကျနော့်ဆီ "ကိုကြီး"ရောက်လာတော့ ကျနော့်ပုံစံကိုမြင်ပြီး "ကိုကြီး"မျက်နှာလေးဖြူဖပ်သွားခဲ့တယ်။ပြီးတော့ မေ့မလဲရုံတမယ်...လဲကျသွားခဲ့တယ်။
'မင်းလင်လာပြီဟ..နှုတ်ဆက်လိုက်အုံးလေကွာ...ရုပ်လေးကိုလည်းကြည့်လိုက်ကြပါအုံး...မင်းလည်းစိတ်ပါရင် လာခဲ့လေ မင်းလင်လေးက သိပ်အရသာရှိတာပဲ..'
'...'
ရွံစရာစကားလုံးတွေ....ကျနော်ကြားနေရတယ်။ကျနော့်မှာငြင်းခွင့်မရှိဘူး။ကျနော်တစ်ချက်လောက်ငြင်းဆန်မိတာနဲ့"ကိုကြီး"ကိုသူအလွတ်ပေးမှာမဟုတ်ဖူး။
'သခင်လေး!ဟင်..! မင်းတို့ရပ်စမ်း...'
ဦးကိုကိုနိုင်...ကိုကြီးကိုထွေးပွေ့ပေးဖို့လူတစ်ယောက်အဖြစ်ရောက်လာခဲ့လို့သာပေါ့။
'သခင်လေး သတိဝင်ပါအုံး...'
'....'
ဦးကိုကိုနိုင်က "ကိုကြီး"ကိုယ်လေးကိုလှုပ်ခါပြီးအသိဝင်အောင်လုပ်နေခဲ့တယ်။ရဲတွေလည်းရောက်လာခဲ့တာမို့..အားလုံးကိုဖမ်းခေါ်သွားခဲ့တယ်လေ။ကျနော်လည်းထရပ်ပြီး "ကိုကြီး"ရဲ့စိတ်ပျက်မှုဆီကထွက်ပြေးဖို့အတွက်အင်အားမရှိတော့တာမို့ ဒီတိုင်းထိုညစ်နွမ်းနေတဲ့နေရာမှာလှဲလျှောင်းလျှက်သာ။ခဏကြာတော့မှ။
'ဟင်..မောင်..မောင့်...ထ..ထပါအုံး...ငါလာကယ်ပြီလေကွာ...ဒါတွေကဘာတွေလည်း..မောင့်..ထပါအုံးကွာ...ငါ..ငါကယ်ခဲ့သင့်တာ...ငါရူးကြောင်ကြောင်နဲ့ရပ်ကြည့်နေခဲ့မိတယ်...ငါဟာ​​သေသင့်တဲ့လူပဲ..!'
"ကိုကြီး"က ကျနော့်ကိုပွေ့ဖက်တယ်။ကျနော်ထင်တာ"ကိုကြီး"ကျနော့်ကိုမုန်းသွားလောက်ပြီလို့လေ။
'ကိုကြီး....ကျနော်တောင်းပန်ပါတယ်...ကျနော်....ကျနော်မဖြစ်သာလို့....'
တောင်းပန်မိတယ်။ဟိုလူတွေလည်းမရှိတော့တာမို့။ဆေးခပ်ထားတဲ့အရှိန်ကြောင့်လည်းပါတာမို့ ကျနော် ဝမ်းနည်းမိတယ်၊အိပ်ချင်လာပြီ။
ကျနော်အမှောင်ကမ္ဘာကလွတ်မြောက်လာခဲ့တဲ့နောက်မှာ "ကိုပြီး"က ကျနော့်ကိုသူ့အနားမှာခေါ်ထားခဲ့တယ်။ကောင်းကောင်းလည်းဂရုစိုက်တယ်။စောင့်ရှောက်တယ်၊ပျော်မိပင်မဲ့ အားလည်းနာမိတယ်။
'မောင်..နိုးပြီလား..ငါမောင့်အတွက် စွတ်ပြုတ်လေးချက်ထား...'
'ကျနော်အက်နေရာမှာ တစ်ခါထဲသေခဲ့သင့်တာ...'
ကျနော်"ကိုကြီး"မျက်နှာလေးကိုတောင်မကြည့်ဝံ့ပါဘူး။
'မောင်...အက်လိုတွေမပြောရဘူးလေ..မောင်ငါ့ကိုထားခဲ့နိုင်လို့လား..'
ဘယ်ထားခဲ့နိုင်ပါမလဲ"ကိုကြီး"ရယ်။ကျနော်က "ကိုကြီး"ကို စချစ်မိခဲ့တဲ့လူပါ။"ကိုကြီး"အချစ်ကိုရဖိုဘယ်လောက်ထိကြိုးစားခဲ့ရသလဲဆိုတာ"ကိုကြီး"အသိဆုံးပါ။
'ကျနော်ကိုကြီးကို မထားခဲ့ချင်ဘူး..ဒါမဲ့...ကျနော်က ကိုကြီးအတွက် သန့်ရှင်းတဲ့လူတယောက်ပြန်ဖြစ်လာနိုင်တော့မှာမဟုတ်ဖူး....'
ကိုယ့်ကိုယ်ကိုမုန်းမိတယ်။ကျနော့်လို့လူက "ကိုကြီး"အနားမှာရှိမနေသင့်ပါဘူး။
'ငါတောင်းဆိုပါတယ်မောင်...ငါ့ကိုဂတိပေးပါ..ငါ့ကိုဘယ်တော့မှမထားသွားဘူးလို့...'
'တောင်းပန်ပါတယ်..... '
မသန့်ရှင်းတဲ့လူတစ်ယောက်ဖြစ်နေခဲ့တဲ့အပြင်..ကိုကြီး မျက်စိရှေ့မှာတင် ကျနော့်ရဲ့စိတ်ပျက်ဖွယ်မြင်ကွင်းကိုကြည့်စေခဲ့မိတယ်။မတန်ပါဘူး။ကိုကြီးအတွက် ကျနော်က မထိုက်တန်တဲ့လူတစ်ယောက်ပါ။ကျနော်တစ်ယောက်ထဲကိုကြီးမသိအောင် ထွက်လာခဲ့တယ်။ခြေဦးတည့်ရာပေါ့။ကျနော်အသက်ဆက်ရှင်ရမလား၊သေလိုက်ရမလားပေါ့။ လေစိမ်းတွေတအားတိုက်နေတာပဲ။အမြင့်ကြောက်တဲ့ကျနော့်အတွက် ဒီချောက်ကမ်းပါးက သိပ်ကိုကြောက်စရာကောင်းအောင်မြင့်မားလွန်းပါတယ်။ဒါမဲ့ အဆုံးသတ်လိုက်ချင်ပြီ။ကျနော်သာသေသွားရင် အားလုံးပြီးဆုံးသွားမှာ။
'မိုးမခ...မင်းသတ်သေလိုက်လို့...ငါက ဒေ..စီကိုအနှောက်အယှက်မပေးတော့ဘူးလို့မင်းထင်လို့လား'
'ဟင်...မင်း..မင်းဘယ်လိုလုပ်...'
ထပ်ပြီးဖမ်းခေါ်သွားပြန်ပြီ။ထပ်ပြီးမလုပ်ပါရစေနဲ့တော့..။တော်သေးတာပေါ့..ဒီကြားထဲနှစ်တွေမှာ "ကိုကြီး"မြန်မာနိုင်ငံပြန်သွားခဲ့တယ်။ဒီကိုလည်းပြန်မလာခဲ့တာမို့..ကျနော်အသက်ဖြောင့်ဖြောင့်ရှုနိုင်တော့တယ်။ဒါမဲ့..Juneသူ့ညီမလေးမွေးနေ့အတွက်ရော.."ကိုကြီး"ကြောင့်ပါ..မြန်မာကိုပြန်လာခဲ့တယ်။ကျနော့်ကိုပါအတူခေါ်လာရင်းပေါ့..။
မြန်မာနိုင်ငံပြန်ရောက်တာနဲ့ "ကိုကြီး"ကိုJune သူ့ညီမကျောင်းမှာ ကောင်လေးတစ်ယောက်ကိုကျောင်းလာပို့တာကိုတွေ့ခဲ့တယ်တဲ့လေ။ကျနော်အကြိမ်ကြိမ်အခါခါ တောင်းပန်ခဲ့တယ်။ရှိခိုးဦးချပြီးတော့ကို..."ကိုကြီး"ကိုထပ်ပြီးဘာမှမလုပ်ဖို့..ဒါပင်မဲ့လည်း။
'ကျစ်..မူးလိုက်တာကွာ...ငါဘယ်ရောက်နေတာလဲဟ'
ထပ်ပြီးလိမ်ရအုံးမယ်။June"ကိုကြီး"ကိုဖမ်းခေါ်လာခဲ့တယ်။
'ကိုကြီးလားဟင်...'
စလာပါပြီ။ ကျနော်ရင်ထဲကမပါတဲ့စကားတွေနဲ့ ဝန်ခံချပြလို့မရပဲ Juneပြောခိုင်းတဲ့အတိုင်း၊လုပ်ခိုင်းတဲ့အတိုင်းပြောခဲ့ရလို့၊လုပ်ခဲ့ရလို့ အဆုံးသတ်မှာ ကိုကြီးဆီက ကြားလိုက်ရတဲ့စကားလုံးတွေက ကျနော့်နှလုံးသားတစ်ခုလုံးကိုကြေမွသွားစေခဲ့တယ်။
"ဥပြစ်ခါပြုလိုက်တာ..."တဲ့လား။
ခံနိုင်ပါတယ်။ ကျနော်ခံနိုင်ပါတယ်။ကျနော့်ဘဝတောင်ရစရာမရှိပဲပျက်စီးယိုယွင်းနေပြီပဲ။ ဟိုကောင်လေး..ဓနဆိုသူ...၊"ကိုကြီး"ရဲ့ အချစ်သစ်ထင်ပါရဲ့ လိုက်ဖက်ပါတယ်။ကျနော်ထက်"ကိုကြီး"ကိုအန္တရာယ်ကြားက ကယ်တင်နိုင်တဲ့သူပေါ်လာခဲ့ပြီပဲ။ကျေနပ်ပါတယ်။"ကိုကြီး"သာမထိခိုက်ပဲပျော်နေတာမြင်နေရရင်ကိုအဆင်ပြေပါပြီ။အခုတော့အားလုံးပြီးဆုံးသွားသလိုခံစားရတယ်။ကျနော့်ဘက်မှာဘယ်သူမှရှိမနေတော့ဘူး။မွေးလာကတည်းကတစ်ယောက်ထဲမွေးလာခဲ့ရတာပဲ၊မိဘမရှိတစ်ကောင်ကြွက်၊အနှိမ်ခံ၊အရိုက်ခံ၊အစော်ကားခံလူတန်းစားပဲကို၊ဒီလောက်ကတော့မမှုပါဘူး၊ကျနော့်ရင်ဘက်ထဲကသေလောက်အောင်နာကျင်နေရရုံကလွဲလို့ပေါ့။
'ဘယ်လို...သွေးကင်ဆာ...'
ကောင်းလိုက်တာ။ကျနော်ကမကြာခင်မှာသေရတော့မယ့်လူတစ်ယောက်ပါလား။ဘယ်လိုလုပ်ရမလဲ၊ကျနော်"ကိုကြီး"ကိုမခွဲနိုင်သေးဘူး။ကျနော်မသေခင်လေးတော့.."ကိုကြီး"နဲ့ထွေးပွေ့မှုလေးခံယူချင်သေးတယ်။တစ်ယောက်ထဲ နုံချာနေတဲ့အခန်းကျဥ်လေးရဲ့ထောင့်တစ်ထောင်မှာတိတ်ဆိတ်စွာကြိတ်ငိုနေမိတယ်။ကျနော်ငိုနေတဲ့အချိန်မှာ နှစ်သိမ့်ပေးမဲ့"ကိုကြီး"ကျနော့်အနားမှာမရှိတော့ဘူးပဲ။
ကျနော့်ကိုယ်ကျနော်သတ်သေဖို့အကြိမ်ကြိမ်အခါခါကြိုးစားခဲ့တယ်။ဒါမဲ့မအောင်မြင်ခဲ့ဘူး။ကျနော်ကြောက်တယ်။ကျနော်"ကိုကြီး"နဲ့ပဲနေချင်တယ်။"ကိုကြီး"ကျနော့်ကိုချစ်ပေးတာ၊ဂရုစိုက်ပေးတာ၊နွေးထွေးပေးတာ..ခံယူချင်သေးတယ်။ကျနော်မသေခင်အချိန်လေးမှာကျနော် ခံယူခွင့်မရှိဘူးလားဗျာ။
သူပြန်လာတော့မယ်။"ကိုကြီး"ကိုထပ်ပြီးအပိုင်ယူဖို့။ကျနော်လက်မခံနိုင်ဘူး။"ကိုကြီး"ကကျနော့်ကိုတွေ့ချင်မှာမဟုတ်ဖူးဆိုတာသိပင်မဲ့..ကျနော်ထိုကောင်လေးကို အကူအညီတောင်းမိတယ်။"ကိုကြီး"နဲ့တွေ့ခွင့်ရတယ်..။"ကိုကြီး"ကျနော့်ကိုမုန်းသွားပြီပဲ။"ကိုကြီး"ရဲ့နှလုံးသားထဲမှာ ကျနော်ရှိမနေတော့ဘူးလေ။ဓနဆိုတဲ့ကောင်လေးသာ.."ကိုကြီး"နှလုံးသားတစ်ခုလုံးကိုအပိုင်ယူသွားခဲ့ပြီ။"ကိုကြီး"ကကျနော့်ကို ကျနော့်ရောဂါကြောင့်ကျနော့်ကို"ကိုကြီး"အိမ်မှာခေါ်ထားခဲ့တယ်။ဂရုစိုက်ပေးတယ်၊ထွေးပွေ့ပေးတယ်။ဒါမဲ့ ထိုကောင်လေး..ဓနရော..ဓနရဲ့သူငယ်ချင်းဆိုသူကပါ"ကိုကြီး"ကိုအထင်လွဲသွားခဲ့တယ်။ကျနော့်ကြောင့်ပါ။"ကိုကြီး" ကိုဓနလေးကပစ်ထားပြီးထွက်သွားခဲ့တာကလည်းကျနော့်အပြစ်၊အခြားလူတွေ.."ကိုကြီး"ရဲ့အရင်းနှီးဆုံးလူတွေကပါ "ကိုကြီး"ကိုအထင်လွဲနေကြတာကလည်းကျနော်အပြစ်၊"ကိုကြီး"နေ့တိုင်းဓနလေးကိုလိုက်ရှာပင်မဲ့ရှာမတွေ့လို့ စားမဝင်အိမ်မပျော်ဖြစ်နေတာကလည်းကျနော့်အပြစ်၊အားလုံးကကျနော့်ကြောင့်ကြည့်ပါပဲ။အခုလည်းကြည့်.."ကိုကြီး"စိတ်တိုပြီးနံရံကိုထိုးလိုက်တာသွေးတွေထွက်ကုန်ပြီ။ကျနော်ကြောင့်ပါ။ကျနော်သာ"ကိုကြီး"ရှေ့ ဟိုး...အစကတည်းက..ပေါ်မလာခဲ့ရင်.. ၊"ကိုကြီး"ကိုသာမချစ်မိခဲ့ရင်၊ "ကိုကြီး"နောက်တစ်ကောက်ကောက်လိုက်ပြီးမနှောက်ယှက်ခဲ့ရင်...၊ဒီလိုတွေဖြစ်လာမှာမဟုတ်ဖူး။
'လူနာ..သတိရလာပြီလား'
'အင်း...ကိုကြီးရော'
'သူခဏပြန်သွားတယ် လိုအပ်တာတွေပြန်ယူဖို့တဲ့'
'ဆရာ..ကျနော်သေရတော့မယ်မလားဟင်...'
'အမ်...'
စိတ်မကောင်းဖြစ်တဲ့ပုံမလုပ်ပါနဲ့။ကျနော်သိပြီးသားပါ။
'ဆရာ..ကျနော့်ကိုတစ်ခုလောက်ကူညီနိုင်မလားဟင်'
'ပြောလေ...'
ကျနော်အတွက် နောက်ဆုံးအနေနဲ့ဓာတ်ပုံလေးတစ်ပုံရိုက်ပေးဖို့ပြောခဲ့ရုံပါ။ကျနော်သေသွားတဲ့တစ်နေ့မှာ..ကိုကြီးကိုကျနော်အမှတ်တရအနေနဲ့ ကျနော်"ကိုကြီး"အတွက် ကျနော်တက်နိုင်သလောက်ကာကွယ်ပေးနိုင်ခဲ့တာ ကျနော်ဘယ်လောက်ထိ ပီတိဖြစ်ရသလဲ ၊ကျနော်လုံးဝမငိုဘူး၊ကိုကြီးအတွက်အမြဲ ပြုံးနေအုံးမယ်ဆိုတာ ကိုကြီးသိရအောင် ဒီပုံလေးရိုက်ခဲ့ချင်လို့ပါ။
ဓာတ်ပုံလေးရိုက်နေတုန်းမှာပဲ ဟိုလူတွေကျနော့်ကိုဖမ်းခေါ်သွားခဲ့တယ်။ပုံကောင်းကောင်းလေးရောထွက်ခဲ့ရဲ့လားမသိပါဘူး။
'ဒါဆိုရွေး...ကျနော်လား ဒီလူလား...'
'မောင်..ငါမောင့်ကိုပဲရွေးမှာ..ငါမောင့်ကိုအရမ်းချစ်တယ်'
ဟ့...နာကျင်လိုက်တာ"ကိုကြီး"ရယ်..ကျနော့်ကို ကိုကြီး မုန်းသွားတာတောင်ကျနော်ဒီလောက်ထိနာကျင်ရမယ်မထင်ပါဘူး။ကိုကြီးနည်းနည်းလေးမှကိုမစဥ်းစားပဲ ရွေးချယ်လိုက်တာပဲ။မကြားချင်တော့ဘူး၊ကျနော့်နှလုံးသားလေးက ဒီနာကျင်မှုဒဏ်ကိုမခံနိုင်တော့ဘူး"ကိုကြီး"ရဲ့။
'ကိုကြီး.....ကျနော်ကြောက်တယ် '
'ငါရှိတယ်မကြောက်နဲ့ ငါနှစ်ယောက်စလုံးကိုရအောင်ကယ်မှာ '
ကျနော်သေရမှာကိုကြောက်တာမဟုတ်ပါဘူး။"ကိုကြီး"ကျနော့်ကိုမရွေးချယ်တဲ့အပြင် တစ်ယောက်ထဲပစ်ထားခဲ့မှာကိုကြောက်ရုံပါ။အသက်ရှုလို့မရတော့ဘူး၊မျက်လုံးတွေလည်းပြာတောက်လို့လာနေပြီ၊သေရတော့မယ်ထင်ပါရဲ့။"ကိုကြီး"ကိုအရမ်းချစ်တဲ့အကြောင်းထပ်မပြောပြရသေးဘူးလေ။
ကျနော့်မျက်လုံးအစုံကိုမနည်းတင်းခံပြီးဖွင်ဟမိတော့ ကျနော့်ဘေးမှာdoctorရှိနေတယ်။ပြီးတော့မမှူးရောပဲ။
'သား..အဆင်ပြေသွားမှာ နည်းနည်းတောင့်ထားပေးပါနော်'
ဆရာဝန်ကလည်းအားပေးရှာပါတယ်။ဒါမဲ့ကျနော်မှအသက်မရှင်ချင်တော့တာ။
'အမ...'
'အေးမိုးမခပြော...အမရှိတယ်နော်'
'ကျနော်..ကိုကြီးကိုချစ်တယ်.. အရမ်းချစ်တယ် ဆိုတာလေး..ပြောပေး..ပါနော်'
'မောင်လေး..မောင်လေး..သတိထားပါအုံး..'
အမှောင်ကျသွားခဲ့ပြီ။ဒီတစ်ခါတော့ပြန်နိုးမထလာချင်တော့ဘူး။ဒီတိုင်းလေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ..ပျောက်ကွယ်သွားချင်တာမို့...။
'doctor လူနာကိုကြည့်ပေးပါအုံး'
'သူ...သူစိတ်လျှော့ပြစ်လိုက်တာ... စိတ်မကောင်းပါဘူး...ဒီမှာ...သူနောက်ဆုံးရိုက်ခဲ့တဲ့ပုံလေး..လူနာရှင်ကိုပေးချင်လို့ထင်ပါရဲ့'
မမှူးလည်းDoctorပေးခဲ့တဲ့ပုံလေးကိုဆုပ်ကိုင်ရင်း ထိုအခန်းရှေ့မှာအချိန်အတော်ကြာထိုင်ငိုနေခဲ့မိတယ်။အားလုံးက..အချိန်တန်လို့ဖြစ်သွားခဲ့တာဆိုပင်မဲ့..နာကျင်ရတယ်လေ။ဖြေသိမ့်ဖို့မဖြစ်နိုင်အောင်..နာကျင်ရတယ်။အဲလက်စ်စိတ်အခြေအနေပြန်ကောင်းတဲ့အချိန်ကျမှ ထိုပုံငယ်လေးကိုပေးလိုက်မိတော့..အဲလက်စ်မငိုခဲ့ပါဘူး..။မျက်ဝန်းတွေမှာမျက်ရည်စတွေစို့နစ်ပြီး..အပြုံးမဟုတ်တဲ့ဝမ်းနည်းမှုတစ်ခုကိုသာနှုတ်ခမ်းမှာပန်ဆင်ထားရုံသာ..ထိုပုံငယ်လေးအား..အချိန်အတော်ကြာထိုင်ကြည့်နေခဲ့တယ်လေ။

''ကြွေ'' (Completed) Where stories live. Discover now