အပိုင်း၃၃

4.2K 179 0
                                    

ကိုကိုက သူ့ရင်ထဲဖြစ်နေတဲ့ခံစားချက်တွေကိုဖွင့်ဟလာခဲ့တယ်...။
'မောင်...ငါjuneကိုအရမ်းမုန်းတယ်..သူ့ကိုငါလုံးဝခွင့်လွှတ်ဖို့မဖြစ်နိုင်ဘူး..သူ့ကြောင့်မိုးမခဘဝပျက်ရတယ်အထင်လွဲခံရတယ် မကောင်းမြင်ခံခဲ့ရတယ်..အခုနောက်ဆုံး...သူသေဆုံးသည်အထိ..juneဘယ်လောက်တောင်မှယုတ်မာခဲ့သလဲမောင်ရယ်..သူ့ညီမသာမတားခဲ့ရင်..မောင်လည်းပဲ အသက်ဆုံးရှုံးရနိုင်တယ်..သိရဲ့လားမောင် ငါမောင့်ကိုတော့ဘယ်နည်းနဲ့မှအဆုံးရှုံးမခံနိုင်ဘူး...'
ကိုကိုက ကျနော့်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာပြောလာခဲ့တယ်လေ။ကိုကို့မျက်နှာမှာ စိုးရိန်မှု၊ဝမ်းနည်းမှု၊နာကျည်းမှုစတာတွေကိုအထင်သားမြင်နေရတယ်။
'ကျနော်လည်းပဲ ကိုကို့ကိုအဆုံးရှုံးမခံနိုင်ပါဘူး...'
တော်သေးတာပေါ့ဗျာ ကျနော်ထင်တာကိုကိုစိတ္တဇဖြစ်သွားပြီလို့..။ကျနော်သာကိုကို့ကို​ ကျနော်အခုတွေးနေသလိုများပြောလိုက်မိရင်သတ်မလားမသိ...။
'မောင်..ငါတို့လည်းလက်ထပ်ကြရအောင်လေ..ငါ့အသက်လည်မငယ်တော့ဘူးမောင်..'
ကိုကိုက ကျနော့်ပုခုံးပေါ်ခေါင်းလေးမှီကာပြောလာခဲ့တယ်လေ။
'အို..ဒီတိုင်းဗလာကျင်းကြီးနဲ့ ကျနော့်ကိုလက်ထပ်ခွင့်တောင်းနေတာလားကိုကိုက..'
'ဟမ်..ဘာလိုသေးလို့လဲ'
အူတူတူရုပ်လေးနဲ့ကျနော့်ကို့မော့ကြည့်လာတဲ့ခလေးကြီး။
'ဟောဗျာ ကိုကိုကတော့နော် ရင်ကျက်သလိုနဲ့ ခုကျခလေးလေးကျနေရောပါပဲ..'
'ငါခလေးမဟုတ်ပါဘူးနော်..ငါခလေးမဟုတ်လို့မောင့်ကိုလက်ထပ်ဖို့ပြောနေတာပေါ့..'
ကိုကိုက ကျနော့်ရင်ဘက်ကိုလက်ညိုးထိုးကာပြောလာတယ်လေ။
'ခလေးမဟုတ်ရင်..ကိုယ့်ချစ်သူကိုဘယ်လိုလက်ထပ်ခွင့်တောင်းရမလဲဆိုတာသိရမှာပေါ့ကိုကိုရဲ့..'
ကျနော်လည်းကျနော့်ရင်ဘက်ကိုတဇွက်ဇွက်ထိုးနေတဲ့၊ကိုကို့လက်ကိုဖမ်းဆုပ်လိုက်ရင်းပြန်ပြောမိတယ်။
'ငါ..ငါမသိရင်မောင်ပြောပြလေကွာ လာရစ်နေတာပဲ..'
ကိုကိုကကျနော့်နားကခွာပြီးထိုင်ကာပြောလာတာမို့။
'အယ် ခုထဲကစိတ်ကုန်နေပြီမဟုတ်လား ဟွန့်..တော်ပြီအိမ်ပဲပြန်တော့မယ်..'
'မောင့်..စိတ်မကောက်နဲ့လေကွာ ယောကျာ်းကြီးဖြစ်ပီး..'
'ကျနော်က ကိုကိုနဲ့ဆို ခလေးလေးပါနော်..စိတ်ကောက်သင့်လို့စိတ်ကောက်ရတာဟွန့်သွားလာခေါ်နဲ့.. '
ကိုကို့ကိုယ်လေးကိုအသာလေးတွန်းလိုက်ရင်းပြောမိတယ်။
'ကဲ့ပါဗျာ..စိတ်ကောက်တာတဲ့လား ချစ်စရာကောင်းလိုက်တာ '
'ကျနော်ကချောတာဗျ'.
'ဟားဟားဟုတ်ပါပြီ အိမ်ပြန်မှာဆိုလည်း ငါ့ကိုကျောပိုးအုံးလေ..ငါခြေထောက်နာနေတာကိုဒီတိုင်းထားခဲ့မလို့လား..'
ကိုကိုကလက်လေးနှစ်ဖက်ကိုဖြန့်ကားရင်းပြောလာခဲ့တာမို့။
'arrဟုတ်သားပဲ..အမ် ကိုကိုပဲအစောကကျရှက်တယ်ဆို...'
'ဘာပဲဖြစ်ဖြစ် လာပါ... ကျေားမပိုးချင်လို့လား'
'ဟုတ်ပါဘူး..လာတက်'
ကျနော်တို့စကားတပြောပြောနဲ့အိမ်ပြန်ခဲ့ကြတာ၊ အိမ်ရောက်တော့ ဟိုခလေးမလေးကိုပြန်ရောက်နေပြီ..။အကျိုးအကြောင်းဝဏ္ဏတို့ကိုပြောပြနေပုံပဲ..၊ကျနော်လည်းကိုကို့ကိုဆိုဖာပေါ်ဖြေးဖြေးချင်းချပေးလိုက်ပြီး။
'မင်းပြန်လာပြီလား..'
'ဟုတ်သခင်လေး..'
'ပြောစမ်းပါအုံးဖြစ်ကြောင်းဖြစ်စဥ်ကို..'
'အကို့​ကြောက်နဲ့နော် ကျနော်အကို့လက်ကိုကိုင်ထားပေးမယ် ဖက်လည်းဖက်ထားပေးမယ် လန့်စရာကောင်းတာကိုဘာလို့သူတို့ကနားထောင်ချင်နေမှန်းမသိ..'
သဲသဲကဲကဲလုပ်ကာ တုတ်တုတ်မှမလှုပ်တဲ့အကိုစည်သူ့အားဖက်ထားသူ။
'မင်းတို့နားထောင်ပြီးပြီမလား ပြန်တော့လေ '
'အယ် အကိုအဲလက်စ်ကလည်း ကျနော်တို့ကိုနှင်ထုတ်တယ်ဟွန့်...'
'ငါ့ကိုကိုကနှင့်ထုတ်မှာပေါ့ကွမင်းကအပိုတွေလာလုပ်နေတာကို.အကိုစည်သူကဖြင့်ဖြုံတောင်မဖြုံတာကို..'
ဓနလည်း ဝဏ္ဏအားမျက်စောင်းခဲရင်းပြောပါလေရော။
'ဟွန့်..ပြန်မယ် လူကိုလာပြီး ဟွန့် လာအကိုထ..'
'အေးပါကွာ...အယ် bossတို့အဆင်ပြေရဲ့လား..bossဆေးရုံပြခဲ့လား ဆရာဝန်ကဘာပြော..အွင့်.. အွန်းးး'
'ဟားဟားးးးပြန်ကြပါမယ်ဆိုအကိုကတော့ bye bye '
စည်သူ့ပါးစပ်ကိုအတင်းအုပ်ပြီးဆွဲခေါ်သွားသူ...။
..............
'အကိုရယ် အက်လိုကြီးမေးရသလား..အကိုအဲလက်စ် စိတ်ထဲမကောင်းဖြစ်သွားမှာပေါ့..'
'ငါလည်းစိတ်ပူလို့မေးတာပါကွာ'
'အေးတစ်နေကုန်အကိုအဲလက်စ်ကိုပဲစိတ်ပူပေးနေလိုက်တော့ ကျနော်ပြန်တော့မယ် အမေစောင့်နေလောက်ပြီ..'
စိတ်ဆိုးဖို့ကြံရွယ်သူ။
'ဝဏ္ဏ..မျက်နှာကိုပိတ်ထိုးလိုက်မှာ ခလေးလိုလိုခွေးလိုလိုနဲ့လာစိတ်ကောက်ဖို့မကြံနဲ့...ငါ့အိမ်အရင်လိုက်ပို့ပေး..'
'ဟုတ်...'
ချစ်တော့လည်းစကားနားထောင်ရတာပါပဲ...။
'အက်အကိုကညီမတို့အလုပ်ရှုပ်နေတဲ့အချိန် ဒီတိုင်းကြီးပဲရပ်ပြီးကြည့်နေခဲ့တာ..သူအမှားတစ်ခုခုလုပ်ထားသလိုမျိုး အပြစ်ရှိနေတဲ့ခံစားချက်မျိုးနဲ့ အကိုမိုးမခကိုလာရပ်ကြည့်တယ် ပါးစပ်ကလည်းအသွင်သွင်တောင်းပန်နေတယ်..ခဏကြာတော့..သူမီးဖိုဆောင်ထဲဝင်သွားတယ် ပြီးလဲပြီးရော အကျယ်ကြီးအော်ငိုတယ်..နောက်ဆုံး..သူ့လည်ပင်းသူဖြတ်ပြီးသက်သေသွားတယ်...ညီမကသူ့ပုံစံအရမ်းထူးဆန်းနေလို့လိုက်ကြည့်နေရင်းက အဖြစ်အပျက်အားလုံးကိုမြင်လိုက်ရတာ..'
'ဟုတ်ပါပြီ မင်းသွားနားတော့လေ..'
'ဟုတ်သခင်လေး..'
ကျနော်ကတော့အာရုံစိုက်ပြီးထိုခလေးမစကားကိုနားထောင်နေချိန်ကိုကိုကတော့...။
'....ခလူးးခလော....'
'ဟင့် ဟောက်တောင်ဟောက်နေလိုက်သေးတယ် ချစ်စရာကောင်းလိုက်တာ '
ကျနော်လည်းကိုကို့ကိုပွေ့ချီပြီးခုတင်ပေါ်တင်ပေးရင်း၊ကျနော်ပါအတူကိုကို့ကိုဖက်ထားရင်းအိပ်ပျော်သွားတယ်...။
.............
'မောင့်..မောင့်...ထတော့..'
'အင်းးအမ်းးဘယ်နှနာရီရှိပြီလဲ...'
ကိုကိုကျနော့်ကိုနှိုးတော့မျက်လုံးတောင်ကောင်းကောင်းမဖွင့်နိုင်ပါဘူး။အရင်နေ့တွေကကောင်းကောင်းအိပ်မပျော်ခဲ့တော့၊အခုမှနှစ်နှစ်ခြိုက်ခြိုက်အိပ်ရတာလေ။
'6ခွဲ'
'ဟမ် ဒီအချိန်ကြီးထပြီးဘာလုပ်မလို့လဲကိုကိုရဲ့..'
'တည်မြဲတို့weddingရှိတယ်လေ'
'တည်မြဲကဘယ်သူကြီးတုန်း..'
ခေါင်းကုတ်ကာမေးလာသူ။
'arrငါတို့ Company နဲ့မိတ်ဖက်လေကွာ လာပါထ ပြင်ဆင်ရအောင်'
'ကျနော်နဲ့သိလည်းသိပဲနဲ့ဗျာ'
အိပ်ယာထဲဆူပုတ်ကာလူးလှိမ့်နေသူကြောင့်။
'ဒါဆိုငါတစ်ယောက်ထဲပွဲတက်ရမှာလား..ရပါတယ်ဒါဆိုလည်း တခြားတစ်ယောက်ယောက်..'
'လိုက်မယ် လိုက်မယ်...ကျနော်ရေအရင်ချိုးလိုက်မယ်'
ကျနော်အက်လိုပြောတော့မှပဲရေချိုးခန်းထဲအမြန်ပြေးဝင်သွားတော့တယ်လေ။
'ဟုတ်ပါပြီ ငါအကျီထုတ်ထားပေးမယ်..'
ကျနော်တို့နှစ်ယောက်လုံးပြင်ဆင်ပြီးတော့အချိန်က၈နာရီတောင်ထိုးတော့မယ်လေ ။ဒါကြောင့်ခပ်မြန်မြန်ပဲ ပွဲဆီသို့ထွက်လာခဲ့လိုက်တယ်..။
'အို...ပြင်ဆင်ထားတာလှလိုက်တာ..ဟင်..ဘာလဲ. '
'ဘာဖြစ်လို့လဲကိုကို..'
'ဒီပုံတွေက..ငါတို့မဂ်လာဆောင်များမှားလာမိတာလား..'
ကိုကိုကပွဲခင်းတစ်ခုလုံးကိုသေချာလိုက်ကြည့်ပြီးတအံတသြပြောလာတာမို့၊ကျနော်လည်းသေချာလိုက်ကြည့်မိတယ်။
'မဟုတ်လောက်ပါဘူး... ဒါမဲ့ ဟိုမှာရေးထားတာက ကိုကိုပြောတဲ့ တည်မြဲဆိုတဲ့နမည်တောင်ပါဝူးလေ..'
'သတိုးထွဋ်ခေါင် နမည်ကမှန်ပင်မဲ့ ဘာလို့တည်မြဲစေသော်ရဲ့နေရာမှာ ခတ္တာဖြစ်နေတာလဲ...'
'အကိုအဲလက်စ်..လာပေးလို့ကျေးဇူးပါဗျ'
အကိုတည်မြဲဆိုသူဖြစ်မယ်။ကျနော်တို့ကိုတွေ့တာနဲ့လာနှုတ်ဆက်တယ်လေ။
'ဟင်တည်မြဲ..ဘယ်လိုဖြစ်တာလဲ ငါ့ကိုလည်းရှင်းပြစမ်းပါအုံး..'
ကိုကိုကထိုအကို့ကိုမြင်တာနဲ့ချက်ချင်းမေးခွန်းထုတ်တော့တာပေါ့။
'ဒီလိုပါပဲ..ကျနော်ကချစ်တဲ့သူဆိုတော့လည်း..သူပျော်တာပဲမြင်ချင်တယ်လေ. '.
ထိုအကိုကပြုံးပြီး​ပြောလာတယ်။ဒါမဲ့ ထိုအပြုံးတွေရဲ့နောက်ကွယ်မှာဝမ်းနည်းစို့နစ်မှုတွေကိုအထင်းသားမြင်နေရတယ်။
'တည်မြဲရာ...'
ကိုကို ထိုအကိုနဲ့စကားပြောနေတဲ့အချိန်မျက်နှာလုံးဝမကောင်းခဲ့တဲ့အပြင်..၊စကားပြောပြီးကျနော်တို့နေရာမှာထိုင်တော့လည်း..၊ကိုကိုတစ်ခုခုကိုစိတ်ဆိုးနေသလိုပုံစံဖြစ်နေခဲ့တယ်...။ပြီးတော့မှကျနော်သိလိုက်ရတာက...၊ထိုအကိုနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ချစ်မိနေကြရဲ့သားနဲ့..လမ်းခွဲသွားကြရပုံပဲ...။တစ်ယောက်ကလည်း ချစ်လွန်းလို့ သူပျော်ပါစေဆိုတဲ့ဆန္နနဲ့နောက်ဆုတ်ပေးတယ် ၊အကိုမိုးမခလိုပေါ့...။တစ်ယောက်လည်း..ချစ်နေမိတာကို သတိမပြူမိခဲ့ပဲ ခုမှနောင်တရနေတာပဲ.....။ကိုကို အကိုထွဋ်ခေါင် ကိုပြောတဲ့စကားတွေထဲမှာ ကျနော်ရင်ထဲအထိဆုံးက...။
"တည်မြဲကမင်းကိုအရမ်းချစ်တာ''တဲ့လေ... ။စိတ်မကောင်းလိုက်တာဗျာ...။
.........................ကြွေ........................

''ကြွေ'' (Completed) Onde histórias criam vida. Descubra agora