အပိုင်း၆

5.7K 289 0
                                    

ဝဏ္ဏ ရဲ့လူက ဒီအကိုဆိုပါလား..။ငါလည်းမမြင်ဖူးပါဘူး ။ကိုကို့အလုပ်ကဝန်ထမ်းပဲလား..။အသစ်နဲ့တူတယ်၊ဒါကြောင့်မသိတာပဲနေမှာ..။ဒီကောင်ရှိိုင်းဝဏ္ဏတော့ရှာမတွေ့သေးတုန်းကတောင်..၊ပြာယာတွေခပ်နေတာ၊အခုလိုအကောင်လိုက်တွေ့လိုက်ရတော့ပိုဆိုးပီပေါ့ဗျာ။
'အကို..အကို့နမည်ကစည်သူတဲ့လား ကျနော်ကရှိုင်းဝဏ္ဏပါဗျ ကျနော့်ကိုမှတ်ထားပေးနော်..'
'ဖယ်စမ်းပါကွာ..'
လူချင်းအခုမှတွေ့ဖူးတာကို..ဒီလောက်ထိလူနားအတင်းတိုးပြီး၊မိတ်ဆက်နေပုံကစိတ်ရှုပ်စရာကောင်းတယ်။
'အကိုအဲလက်စ် အကိုစည်သူက အကို့Companyမှာအလုပ်လုပ်တာလား'
ကျနော်ပြောတဲ့စကားကို နားထဲတောင်ထည့်တဲ့ပုံမပေါ်ပါဘူး..။ကျနော့်နားပိုပိုပြီးကပ်လာသေးတယ်။
'ommဟုတ်တယ် သူကခုမှအလုပ်သင်ပဲရှိသေးတယ်လေ..ဘာလို့လဲ..မင်းတို့ကသိကြလို့လား'
အဲလက်စ်ကတော့အခြေအနေကိုသတိပြုမိပုံမပေါ်ပါဘူး..၊ရှေ့ကိုပဲအာရုံစိုက်ပီးကားမောင်းနေရင်းပြန်ဖြေတယ်လေ။
'မသိပါဘူးbossရဲ့..ဒါပထမဆုံးတွေ့ဖူးတာပဲ..'
ရှိုင်းဝဏ္ဏအားတံတောင်ဖြင့်တွန်းထုတ်နေရင်းဖြေလာသူ။
'နောက်အမြဲကျနော့်ကိုတွေ့နိုင်အောင်ကျနော်နေ့တိုင်းCompanyကိုလာခဲ့မယ်..အကိုအဲလက်စ် ကျနော့်ကိုခွင့်ပြုပေးပါနော် ပလိစ်စ်စ်စ်စ်..'
နောက်ခန်းကနေ့..အဲလက်စ်နားကိုကပ်ကာ၊လက်အုပ်လေးချီပြီးတောင်းဆိုနေလေရဲ့။
'အေးပါကွာ..အခုတော့ခါးပတ်ပတ်လိုက်တော့ ပြီးတော့ငြိမ်ငြိမ်လေးထိုင်နေပေး..ငါတို့သွားစရာရှိတယ်'
အမိန်သံနဲ့ပြောလိုက်တော့မှ ခေါင်းလေးငုံ့ကာ..၊ခါးပတ်ပတ်ပီး၊စည်သူ့ကိုပဲစိုက်ကြည့်ကာပြုံးနေသူ။
'ကိုကိုဘယ်သွားမလို့လဲ ကျနော်လဲလိုက်မယ်နော်'
နှုတ်ခမ်းလေးဆူကပြောလာသူလေး။
'အေးပါကွာ ပါလေရာငပိချက်လေးရဲ့..ဘယ်နှစ်ခါများမခေါ်ပဲနေဖူးလို့လဲ..စည်သူ့မွေးနေဆိုလို့သူလိုက်ကျွေးမယ်တဲ့'
အဲလက်စ်ကပြောနေရင်း..၊ဓနခေါင်းလေးကိုပုတ်ပေးလိုက်တယ်လေ။
'aww happybirthday ပါအကိုစည်သူ'
ကျနော်လည်းအကိုစည်သူ့မွေးနေ့ဆိုလို့..၊အစောWishပေးလိုက်တော့တာပေါ့..၊မခင်ပင်မဲ့လည်း...။
'arrကျေးဇူးပါ'
အကိုစည်သူ့ကိုကြည့်မိတော့..သိပ်မျက်နှာမကောင်းချင်ဘူး၊တစ်ခုခုကိုအလိုမကျသလိုမျိုး..၊ဝဏ္ဏကြောင့်ထင်ပါရဲ့။
'ဒါနဲ့ဝဏ္ဏ..အိမ်အရင်ပို့ပေးရမလား..'
'ရတယ်အကို ကျနော်လည်းလိုက်မယ်လေနော်'
'စည်သူမင်းအဆင်ပြေလား'
မပြေဘူး...၊မပြေဘူးလို့..။ရှိသမျှလူတွေအားလုံးကိုသာခေါ်လိုက်ပါတော့လား.....!!။
'အမ်...ပြေပါတယ်'
စိတ်ရှိတိုင်းသားပြောပြစ်ချင်လာပြီနော်..။အကိုအဲလက်စ်မျက်နှာကြောင့်....။
'Okလေ'
အကိုစည်သူ့ဆီကအဖြေရရတာနဲ့ ကိုကိုက..ကားကိုနဂိုထက်၊အရှိန်တင်ပြီးစမောင်းတော့တာပေါ့..။
'ကိုကို ဦးကိုကိုနိုင်ရော..မလာဘူးလား..ကိုကိုတယောက်ထဲပတ်သွားနေလို့ဖြစ်ဖူးနော် ကျနော်စိတ်မချဘူး'
အဲလက်စ်မျက်နှာနုနုအား၊သေချာစိုက်ကြည့်ရင်း၊စိတ်ပူနေတဲ့မျက်နှာငယ်လေးနဲ့ပြောလာတဲ့ဓန။
'ငါ့ကိုခလေးများထင်နေလား..မင်းသာမင်းကိုယ်မင်းဒီ့ထက်ကြံ့ခိုင်အောင်ကြိုးစားစမ်းပါ'
အဲလက်စ်ကရယ်ပြီးပြန်ပြောတယ်လေ။
'ကိုကိုရှိနေတာပဲကိုဘယ်သူ့ကိုမှမကြောက်ဖူး..'
မိမိထိုင်ခုံနေရာကနေ..၊အဲလက်စ်ဘက်ကိုတိုးကာ..၊အဲလက်စ်ပုခုံးပေါ်ခေါင်းလေးမှီရင်းပြောလာသူ။
'ကိုယ့်အားကိုယ်ကိုးတာပဲ ငါကြိုက်တယ်နော် ဓန ခုနေ ကားပေါ်ကကန်ချထဲ့လိုက်မှာ'
အဲလက်စ်အသံမြှင့်ပြီးငေါက်လိုက်တော့မှ၊သူ့နေရာသူသေချာပြန်ထိုင်တဲ့ဓန။
'စတာပါကိုကိုကလည်း..'
စပ်ဖြီးဖြီးရုပ်လေးနဲ့ချစ်စရာကောင်းလှပါတယ်။
'ငါကတော့အတည်..'
မျက်နှာတည်ကြီးနဲ့ပြောလာပုံထောက်ရင်..၊ကျနော်ထပ်စလိုက်ရင်တကယ်ကားပေါ်ကကန်ချတော့မှာ။
'ဟွန့်'
စိတ်ကောက်ချင်ယောင်ပဲဆောင်လိုက်တော့မယ်။
ရှေ့ကအဲလက်စ်တို့နှစ်ယောက်၊တကျက်ကျက်ဖြစ်နေတာကို နားအသေချာစွင့်နေတဲ့စည်သူ။
'အကို...အကို..'
'ဟင်?'
လန့်လိုက်တာကွာ..။ဘယ်လိုကောင်မှန်းကိုမသိတော့တာ..၊တွယ်ကပ်နေတော့တာပဲ။
'အကို့ကိုဆက်သွယ်လို့ရမဲ့ဟာတစ်ခုခုကျနော့်ကိုပေးလို့ရမလား'
Phလေးထောင်ပြရင်းပြုံးပြီးပြောလာသူ။
'sorryငါ့ညီ ငါမင်းကိုစိတ်မဝင်စားဘူး'
လက်ခလယ်ထောင်ပြရင်းခပ်ချေချေပြန်ပြောလိုက်တဲ့စည်သူ။
'ဘာလို့လဲဗျ ကျနော်နဲ့ခုမှတွေ့ဖူးတာမဟုတ်လား ကျနော်ကြိုးစားကြည့်အုံးမယ်လေ'
စည်သူ့လက်မောင်းအား၊အတင်းဆွဲလှုပ်ရင်းခလေးဆိုးဆိုနေသူ။
'မရဘူး... မမှူး..'
စည်သူလည်းပြောမရတဲ့အဆုံး၊ဘာမှဆက်​ပြောမနေတော့ပဲသူသိချင်တဲ့အရာကိုသာသိရဖို့၊မမှူးကိုလှမ်းခေါ်တော့တာပေါ့။
'ဝေ'
မမှူးလည်းအပြင်ကိုငေးနေရင်းကစည်သူ့အသံကြားလို့လှည့်ကြည့်မိကာမှ၊ ရယ်ချင်သွားတယ်...။စည်သူ့ခမျာခလေးအဖေကြီးကျနေရောပဲ၊ဝဏ္ဏလေးကစည်သူ့လက်မောင်းကိုလုံးဝမလွှတ်ပဲတွယ်ဖက်ထားလိုက်တာများ..၊တကယ်ကိုမှချစ်စရာကောင်းလွန်းတယ်။
'သူလား bossရဲ့ညီဆိုတာ'
အလိုမကျဖြစ်နေတဲ့မျက်နှထားကြောင့် ၊မမှူးလည်းတိုးတိုးလေးပြန်ဖြေပေးတယ်။
'ဟုတ်တယ်လေ ဓနရှိန်တဲ့..'
'ညီအကိုအရင်းလား..မဟုတ်လောက်ဖူးထင်တယ် ရုပ်လဲမတူဘူး..တကယ်တော့ဘားမှကိုမတူတာ'
အကိုအဲလက်စ်နဲ့ ထိုဓနရှိန်ဆိုသောကောင်လေးက လုံးဝမှဆင်တူခြင်းမရှိတာမို့ ၊ညီအကိုရင်းမဖြစ်နိုင်တာအသေအချာပါပဲ။
'ဘယ်တူမလဲ အကိုစည်သူရ သူတို့ကညီကိုအရင်းမဟုတ်ဖူး ဓနကို အကိုအဲလက်စ်မိဘတွေကမွေးစားထားတာ'
ကြားထဲကမျက်နှပန်းပွင့်အောင်ဝင်ပြောတာကတော့၊သိကြတဲ့အတိုင်းရှိုင်းဝဏ္ဏပဲပေါ့။
'ဟမ်..ဒါဆိုမဖြစ်ဖူး..ငါအမြန်လှုပ်ရှားမှဖြစ်မယ်..'
လက်သီးလက်မောင်းတန်းက အံကြိတ်သံဖြင့်ပြောလာသူကြောင့်၊ အူတူတူရုပ်လေးဖြင့်ပြန်မေးလာသူ။
'ဘာလို့လဲ အကိုရဲ့'
တဖြေးဖြေးချင်း အနားတိုးလာတဲ့ရှိုင်းဝဏ္ဏရဲ့ခေါင်းအားတွန်းထုတ်လိုက်ရင်း..၊ဓနကိုစူးစိုက်ကြည့်နေလေရဲ့။
'မင်းအသာနေစမ်းပါကွာ'
...
ခဏအကြာ...။
'စည်သူရေ မင်းပြောတဲ့ဆိုင်ကဒီဆိုင်လားကွ..ငါစားနေကြဆိုင်ပဲ..'
ကားပါကင်မှာကားထိုးရင်းအသိပေးလာတဲ့အဲလက်စ်။
'ဟုတ်bossသွားကြမယ်လေ'
တက်တက်ကြွကြွနဲ့ကားပေါ်ကအရင်ဆင်းကာ..၊အဲလက်စ်အားတံခါးလာဖွင့်ပေးတဲ့စည်သူ။
'နေအုံး..မင်းဒီဆိုင်မှာစားလို့တကယ်ပဲအဆင်ပြေရဲ့လား..လူများတယ်နော်'
လူကအဆင်ပြေရင်တောင်...၊စည်သူ..မင်းအကုန်အကျများလိမ့်မယ်။
'အဆင်ပြေပါတယ်bossရဲ့'
အဆင်ပြေကြောင်းပြောပြီးတံခါးဖွင့်ပေးဖို့အလုပ်...။
'ကိုကိုနေအုံး ကျနော်တံခါးဖွင့်ပေးမယ်'
ဓနကအရင်ဦးပြီးအဲလက်စ်အားတံခါးဖွင့်ပေးလိုက်တာကြောင့်မကျေမနပ်ဖြစ်ကာ..၊ဆူအောင်နေသူ။
'တကယ့်ကောင်လေး..'
အကိုအဲလက်စ်က အက်ဓနဆိုတဲ့ကောင်လေးကိုတော်တော်ချစ်ပုံပဲ...။ခဏခဏခေါင်းလေးပုတ်ပုတ်ပေးနေတော့တာပဲ..၊ငါလည်းအက်လိုလေးဖြစ်ချင်လိုက်တာ။
'အို bossပါလား..အရင်အတိုင်းပဲယူမှာလားရှင့်'
အဲလက်စ်ဝင်လာတာမြင်တာနဲ့..၊ဝန်ထမ်းမလေးကအပြေးရောက်လာပြီး ၊serviceပေးတော့တာပေါ့..။
'မဟုတ်ဖူးရိုးရိုးတန်းပဲပေးပါ..'
ငါယူနေကြဝိုင်းဆိုရင်..၊စည်သူအတွက်ကြေးများနေလိမ့်မယ်။
'awwဟုတ်ကဲ့ပါရှင့်..ဒီဘက်ကိုလာပေးပါနော်'
ဝန်ထမ်းမလေးလည်းကြောင်တောင်တောင်လေးဖြစ်ကာ၊ခေါင်းကုတ်ရင်း၊ရှေ့ကနေလမ်းပြပေးလေရဲ့။
'boss ဘာလို့ရိုးရိုးတန်းလဲ Vvipတန်းမှာပဲ..'
စည်သူကတော့အဲလက်စ်ရှေ့ကနေကာပြီး၊အလိုမကျစွာပြောပါလေရော။
'မင်းအဆင်ပြေပင်မဲ့ ငါစိတ်မဖြောင့်လို့စည်သူ..'
အဲလက်စ်ကစည်သူ့ကိုမျက်မှောင်ကျုတ်ရင်း၊ခပ်မာမာပြောလိုက်တော့မှ ၊စည်သူလည်းငြိမ်ကျသွားတော့တယ်။
'အင်းပါ....'
bossကငါ့ကိုငဲ့နေတာပဲ...၊စိတ်ထားကောင်းလိုက်တာကွာ ။ပိုပီးကြွေသွားပြီ..။
'ကိုကိုနေအုံး..ကျနော်ခုံသုတ်ပေးမယ်..ခုံက မာတယ် ကိုကိုအဆင်ပြေပါ့မလား'
အဲလက်စ်ထိုင်မဲ့နေရာကိုအသဲအသန်သုတ်ပေးနေတဲ့ဓနလေး။
'ဓန..ငါ့ကိုလိပ်ခေါင်းထွက်နေတယ်လို့များထင်နေလား'
လက်ပိုက်ကာ..ဓနအားစိတ်ကုန်နေသလိုဟန်ဆောင်ပြီးပြောလာတဲ့အဲလက်စ်။
'ဟီးမဟုတ်ပါဘူးကိုကိုကလည်း..ကိုကိုဖင်နာမှာစိုးလို့ပါ'
'အေးပါကွာ'
ထပ်ပွးခေါင်းပုတ်ပေးလိုက်ပြန်ပြီး..၊တစ်လောကလုံးမှာသူတို့နှစ်ယောက်ထဲရှိနေသလို၊လုပ်နေတာကြီးကမုန်းဖို့ကောင်းတယ်။
'ကျစ်..'
ပုဆိုးစကိုဖိချေရင်းဒေါသထွက်နေသူ။
'အေးအခုမှစိတ်တိုမနေနဲ့စည်သူ ငါပြောသားပဲ သူ့ညီကိုခေါ်လာလို့အဆင်မပြေဘူးဆိုတာကို ငါလက်နဲ့ရေးတဲ့ကိစ္စကို နင်ဖင်ယားပြီးဖင်နဲ့ဖျက်လိုက်တာလေခံပေါ့..'
မမှူးကလည်းမကျေမနပ်ဖြင့်..စည်သူ့အားပြောလေရဲ့။
'အမအစထဲကမှမပြောပဲ သူတို့ကညီအကိုအရင်းမဟုတ်ဖူးဆိုတာ'
'အရင်းမဟုတ်ပင်မဲ့ညီအကိုပဲလေ..'
တကျက်ကျက်နဲ့ဖြစ်နေကြသောထိုနှစ်ယောက်အား၊သတိထားမိသွားတဲ့ရှိုင်းဝဏ္ဏ။
'အကိုစည်သူ..အကိုက အကိုအဲလက်စ်ကိုကြိုက်နေတာလား'
ထိုနှစ်ယောက်ကြားထဲတိုးဝင်ပြီးမေးလိုက်မိတယ်။
'ချီးပဲ မင်းဘာလို့ငါတို့ပြောတာကိုနားထောင်နေတာလဲကိုယ့်လမ်းကိုမသွားပဲ'
'အကိုအဲလက်စ်ကလုံးဝအဖြောင့်နော်..အကိုပဲနောက်ဆုံးကျအသဲကွဲပြီးအလုပ်ပါပြုတ်နေမယ် ကျနော်စေတနာနဲ့ပြောတာ..ဒါကြောင့်မို့ အကိုအသဲမကွဲအောင်အစထဲကကွေးနေတဲ့ကျနော့်ကိုချစ်ကြည့်ပါလား'
သူ့၏ရှေ့ဆံပင်အားနှဖူးပေါ်အောင်သပ်တင်လိုက်ရင်း၊ဂုဏ်ယူစွာပြောလာတဲ့ကွေးနေပြီးသားဖြစ်သောရှိုင်းဝဏ္ဏ။
'သွားစမ်းပါကွာ'
ထိုင်ခုံမှာမထိုင်ရသေးပဲ တတွတ်တွတ်နဲ့ရန်သက်နေကြတဲ့ထိုနှစ်ယောက်နှင့်မမှူးအား..၊စိတ်မရှည်တော့ဟန်ဖြင့်..ပြောလာသူ။
'မင်းတို့သုံးယောက်ဆွေးနွေးလို့ပြီးပြီလား ပြီးရင်လည်း မှာလိုက်ကြတော့ ငါတို့ကမှာပြီးပြီ'
အဲလက်စ်အသံကြားကာမှ၊အစောကစွာစွာလန်နေတာသူမဟုတ်သလိုမျိုး၊ထိုင်ခုံမှာထိုင်ပီး..၊Menuကြည့်နေတဲ့စည်သူ။
'အော်ဟုတ်boss..မမှူးဘာစားမလဲ'
Menuကိုကြည့်ရင်းသတိဝင်မိတယ်၊Lady firstမဟုတ်လား...။
'ကျနော့်ကိုကျတော့မေးဝူး..ငိုချင်တာပေါ့..ဟွန့်'
ဘေးနားကနေဆူပုတ်ပုတ်လုပ်နေတာကြောင့် စိတ်ကုန်ကာ..၊မျက်ဖြူလန်လိုက်ရင်း..။
'အော်ဂလီဆန်အောင်လာလုပ်မနေနဲ့ ရှိုင်း..'
'ဟင်..သေချာနေပါပီဗျာ အကိုက ကျနော့်ရဲ့ဖူးစာရှင်ပဲ'
ကျနော်ကသူ့ကိုရွံတယ်ဆိုတာပြောကာမှ၊ဘယ့်နှယ့်ဖူးစာရှင်ထဖြစ်သွားတာတုန်း။
'ဟမ်..ဘာ..ဘာလို့လဲ'
'အကိုကပထမဆုံးနဲ့တစ်ယောက်ထဲသောသူပဲကျနော့်ကိုရှိုင်းလို့ခေါ်တာ'
ထိုကောင်လေးက ကျနော့်လက်ကိုအတင်းဆုပ်ကိုင်လာရင်း ၊ပြောလာပုံကအတည်ပေါက်ကြီးပါပဲ။
'ဟာကွာ..ငါမင်းနမည်အပြည့်အစုံမမှတ်မိသေးလို့ဒီတိုင်းပဲခေါ်...'
"ပြွတ်"
ဘာ..ဘာလဲ....။သူငါ့ကို..ငါ့နှုတ်ခမ်းကို...၊အကိုအဲလက်စ်ရှေ့မှာ..။
'အကိုကကျနော့်အပိုင်ပဲ..'
''ဖြန်း!!!"
အလျင်စလိုသူ့ပါးနုနုကိုကျနော့်လက်ဝါးနဲ့ရိုက်ချလိုက်မိတယ်..။လူကြားထဲအနမ်းခံလိုက်ရလိုရှက်တဲ့စိတ်ကြောင့်ရော၊အကိုအဲလက်စ်ရှေ့မှာအနမ်းခံလိုက်ရတဲ့အတွက်ရော..၊သူ့ပါးကိုကျနော်ရိုက်မိတာ..၊ကျနော်မမှားဘူးမလား။
'အမလေး..နာလိုက်တာ'
ရဲတက်သွားတဲ့ပါးတစ်ခြမ်းကိုဖိအုပ်ရင်း..၊အာမေဋိတ် သံထွက်လာတဲ့ရှိုင်းဝဏ္ဏ။
'မင်းးမင်းဘာလို့ငါ့ကိုနမ်းတာလဲ..ငါ့ရဲ့first kissလေး'
'ချစ်လို့လေဗျာ..ကြည့်ရင်းကြည့်ရင်းနဲ့နမ်းချင်လာလို့ဒီတိုင်းနမ်းလိုက်တဲ့ဟာကိုပါးချတယ်..ဟွန့်'
နှစ်ယောက်သားပြသနာတက်နေကြတာမို့၊ဘေးဘိဝဲယာကိုတောင်သတိမထားမိတော့ပါဘူး။
'ဟဲ့နင်တို့နှစ်ယောက်တော်သင့်ပြီလို့ငါထင်တယ် bossစိတ်တိုနေပီ..'
မမှူးဝင်ပြောတော့မှာ အကိုအဲလက်စ်ဘက်ကိုလှည့်ကြည့်မိတယ်..။အကိုအဲလက်စ်မျက်နှာတင်းနေတယ်..ဒေါသထွက်နေတာတော့အမှန်ပဲ။
'ကိုကို..'
'လာပြန်မယ်ဓန..'
အကိုအဲလက်စ်က သူ့ညီလက်ကိုဆွဲခေါ်ပြီး၊ဆိုင်ထဲကနေထထွက်သွားခဲ့တယ်...။
'မင်းကြောင့်ပဲ!'
'ကျနော်ချစ်လို့လေဗျာ'
ဒီလောက်ပြောနေတဲ့ကြားက..၊ချစ်လို့ဆိုတဲ့စကားကို...၊ သူ့ပါးစပ်ကလုံးဝမချဘူးပဲ။
'တော်ကျပါတော့ဟာ..ငါရှက်လို့သေတော့​မယ်လူတွေကြည့်နေကုန်ပြီလေ..'
ဒီကောင်ကဘယ်လိုတောင်အရှက်မရှိတဲ့ကောင်လဲ..။
လူကြားထဲမှာ...အခုမမြင်ဖူးတဲ့လူတစ်ယောက်ကိုနမ်းရဲတာ...၊bossဘယ်လိုထင်သွားမလဲမသိဘူး..။ကျစ် စိတ်ညစ်လိုက်တာကွာ...။
ငါ့ကိုတော့ အကိုစည်သူတင်မကဘူး..။အကိုအဲလက်စ်ကပါကြည့်မရဖြစ်သွားလောက်ပြီကွာ..။ဟုတ်လည်းဟုတ်တာပဲ ငါဘာလို့အသိမဲ့နမ်းလိုက်မိတာလဲကွာ..ဒါမဲ့သူကတအားချစ်ဖို့ကောင်းနေတာကို...။
ကျမကတော့ဘားမှမပြောနိုင်လောက်အောင်ပါပဲ..။ဒီခလေးဝဏ္ဏက ဒီလောက်လက်သွက်ခြေသွက်နိုင်လိမ့်မယ်လို့၊ထင်မထားခဲ့မိဘူး...။
'ဓန..မင်းသူငယ်ချင်းကဘာလဲ'
အိပ်ပြန်ရောက်တာနဲ့...၊ကျနော့်မျက်နှာကိုသေချာကြည့်ရင်း၊တည်ကြည်စွာမေးလာခဲ့တဲ့ကိုကို။
'ဟင်ဘာကိုပြောချင်တာလဲကိုကို'
'သူကgayလား'
ငါအမှန်အတိုင်းပဲဖြေလိုက်သင့်တယ်။
'umm ဟုတ်တယ်ကိုကို'
'ငါစိုးရိမ်မိတယ်ဓန မင်းလည်းပဲသူ့လို့ဖြစ်နေမှာကို..မင်းနားလည်ဖို့မျှော်လင့်ပါတယ်..'
ကိုကိုက gayမုန်းတာလား..။ဒီတိုင်းပျော့ညံ့တာကိုမကြိုက်တာလား..ဘာလို့လဲ...။
.................................ကြွေ...................................

''ကြွေ'' (Completed) Where stories live. Discover now