အပိုင်း၁၇

3.8K 203 1
                                    

ကိုကိုနဲ့ကနေတာ မှောင်တောင်မှောင်နေပြီ။ကျနော်တောင်ဒီသီချင်းလေးကိုစွဲလမ်းနေမိပြီထင်တယ် ။ထပ်ခါထပ်ခါကြားလို့ရိုးမသွားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါပဲ..၊ဒါမဲ့ ကိုကိုဒီသီချင်းလေးကိုနားထောင်နေသ၍ဟိုတစ်ယောက်ကိုမေ့လို့ရမယ်မထင်ဘူး....။
'ကိုကို..မောနေပြီလား..'
ကိုကိုကျနော့်ကိုခိုးကြည့်နေပုံပဲ။ကျနော်ကိုကို့ကိုတစ်ချက်ကြည့်လိုက်မိတာနဲ့ကိုကိုမျက်နှာလွှဲသွားတယ်လေ။
'မမောပါဘူး..ဘာလို့လဲ...'
'ဒီသီချင်းက ကိုကိုနဲ့ ဟိုတစ်ယောက်ရဲ့သီချင်းမဟုတ်လား..'
ဓနကမျက်နှာငယ်လေးနဲ့ကျနော့်ကိုကြည့်ရင်းပြောလာခဲ့တာမို့သနားလည်းသနားမိပါတယ်။
'အက်လိုမဟုတ်ပါဘူးဓနရဲ့...ဒါက Ed Sheeranရဲ မူပိုင်သီချင်းလေ ငါတို့ရဲ့သီချင်းမှမဟုတ်ပဲ..သူနဲ့ကျမှဒီသီချင်းကိုငါသဘောကျတာမဟုတ်ဖူး ငါဒီသီချင်းစထွက်တဲ့အချိန်ကတည်းက အရမ်းသဘောကျလို့အမြဲနားထောင်နေခဲ့တာ ဒါကြောင့်မို့စိတ်ထဲထားမနေပါနဲ့..'
ကျနော်စကားအဆုံးမှာ ဓနမျက်ဝန်းလေးတွေအရောင်လဲ့သွားတယ်လေ။
'တကယ်လားကိုကို..'
'ommတကယ်ပြောတာ..'
'တော်သေးတာပေါ့...'
သူ့ရင်ဘက်လေးသူဖိအုပ်ကာ ပြုံးပြီးပြောလာခဲ့တယ်။
'နားကြတော့မလား ဓနလေး...'
'ဟုတ်ကိုကို...'
ကျနော် ဓနကိုမောင်လို့ခေါ်ချင်ပင်မဲ့ မောင်လို့ခေါ်မိလိုက်တိုင်း မိုးမခကိုသတိရမိမှာစိုးတယ်...။
'ကိုကို ဒီညကျနော်ကိုကိုနဲ့လာအိပ်မယ်လေ..'
အဲလက်စ်လက်မောင်းအားချိတ်ဆွဲရင်းပြောလာသူလေး။
'အိပ်ချင်အိပ်လေ..ငါရေအရင်ချိုးလိုက်အုံးမယ်နော်'
'ဟုတ်ကိုကို ကျနော်ကိုကို့အတွက် ညဝတ်အကျီထုတ်ထားပေးမယ်'
'omm '
ရေချိုးရင်းအတွေးတစ်ခုဝင်လာတယ်။ငါလုပ်နေတာတွေကမှန်ရဲ့လား။ဓနကငယ်သေးတယ် ၊သူ့မှာတက်လမ်းတွေရှိသေးတယ် ၊ငါ့လိုလူကိုချစ်မိသွားတယ်ဆိုတာက ငါကသူ့အနားအမြဲရှိနေပေးခဲ့မိလို့ပဲဖြစ်မှာပါ..။နောက်ပိုင်းကျရင် သူပြောင်းလဲသွားမှာ...။
'ကိုကို ပြီးပြီလား ကျနော်ချိုးလိုက်အုံးမယ်နော်'
ကျနော်ရေချိုးခန်းထဲကထွက်လာတာကိုဆီးကြိုရင်းစောင့်နေတဲ့ကောင်ငယ်လေး။
'ommချိုးလေ..'
သူ့ခေါင်းထဲဘယ်လိုအတွေးတွေရှိနေသလဲဆိုတာတော့ကျနော်မသိဘူး ၊ကျနော်သိတာက ဓနအပေါ်အရင်ကထက်ခပ်ခွာခွာနေပြီး၊သူကျနော့်အပေါ်မှားယွင်းပြီးချစ်မိနေတဲ့စိတ်ကိုဖျောက်ဖျက်နိုင်အောင်လုပ်ဖို့ပဲ...။
'ကိုကို ဘာတွေထိုင်ပြီးတွေးနေတာလဲ...အိပ်ကြမယ်လေ...'
ခုတင်ပေါ်မှာထိုင်နေရင်း လက်နှစ်ဖက်ကမ်းလာတဲ့ကောင်လေး။
'အင်း...'
ကိုကို့ကိုကြည့်ရတာ၊စိတ်မကောင်းဖြစ်နေသလို၊စိတ်မလုံသလို၊ကိုကိုတော်တော်လေးပင်ပန်းနေသလိုပဲ။
'ကိုကိုအဆင်ပြေရဲ့လား ကျနော့်ကိုပြောပါ ကျနော်နားထောင်းပေးမယ်လေ...ကိုကိုနာကျင်ခဲ့ရတာလုံလောက်နေပါပြီ...'
၁၇နှစ် လူငယ်တစ်ယောက်ဆီက၊ ငါ့လို၃၈နှစ်အရွယ်လူကြီးတယောက်ကနှစ်သိမ့်မှုခံယူရမယ်ဆိုရင်ရှက်စရာကောင်းနေမလား...။ဒါမဲ့ ဓနငါ့ကိုဖက်ပြီးသူ့ရင်ခွင်ထဲထည့်ထားတော့ အရမ်းနွေးထွေးပြီးစိတ်ညစ်စရာတွေပျောက်သွားသလိုခံစားရတယ်...။
'ကိုကိုအိပ်ပျော်သွားပြီလား...'
'အင်း...ငါ့ကိုဖက်ထားပေးပါ'
ကျနော်သူ့ရဲ့လက်ဖဝါးကြီးကြီးတစ်ဖက်ကိုဆုပ်ကိုင်ရင်းပြောမိတယ်။
'ဟုတ်ပြီကိုကို...'
သူကျနော့်ကိုတစ်ညလုံးဖက်ပေးထားတယ် ၊လုံးဝလက်မလွှတ်ပေးပဲ...။သူကျနော့်ကိုတကယ်ပဲချစ်နေတာလား...၊ကျနော်မသိတော့ဘူး..။ဓနနဲ့အတူနေလာတဲ့တလျှောက် ကျနော့်အပေါ်ဓနအမြဲဂရုတစိုက်နဲ့ နေခဲ့တာမို့လို့....။
တဖက်တွင်လည်း...။
'အကို..ပြန်ချင်ပြန်တော့လေ နောက်ကျနေပြီ..'
အကိုစည်သူလည်းပင်ပန်းနေရောပေါ့။ကျနော်အားလည်းအားနာမိပါတယ်။
'ရတယ် ငါပြန်သွားရင်မင်းတစ်ယောက်ထဲဖြစ်နေလိမ့်မယ်..'
အကိုစည်သူကတော့ကျနော်နဲ့ဓနရဲ့မုသားစကားတွေကိုအတည်ပေါက်ကြီးယုံပြီး ကျနော့်အနားက တစ်ဖဝါးမှတောင်မခွာပဲပြုစုပေးနေခဲ့တာ။
'အကိုဒီမှာနားနားနေနေ နေလို့မှမရပဲ..'
ကျနော်စိတ်မကောင်းဖြစ်မိတယ်။အကိုစည်သူကပါးစပ်သာကြမ်းတာ စိတ်ထားတာတော်တော်ကောင်းတာပဲ။ပိုပြီးချစ်လာပါပြီဗျာ။
'ရပါတယ် ငါဆိုဖာပေါ်မှာအေးအေးဆေးဆေးနားလို့ရတာပဲကို..ဒါနဲ့ မင်းဘာလို့ ဓနအစားသေနတ်အပစ်ခံလိုက်ရတာလဲ..'
'သူကကျနော်ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေ...ကျနော်သူ့ကိုအဆုံးရှုံးမခံနိုင်ဘူး. ကျနော်မှာ အမေပြီးရင် ကျနော်အပေါ်ဂရုအစိုက်ဆုံးက ဓနပဲရှိတာ...'
အမှန်တရားတစ်ခုပါ။ကျနော်မှာအမေနဲ့ဓနမရှိလို့မဖြစ်ပါဘူး။
'aww...မင်းအဖေကရော..'
'ကျနော့်မှာအဖေမရှိဘူး..'
'ဟမ်..ဆုံးသွားတာကိုပြောတာလား..'
'မဟုတ်ဖူး...ဒီတိုင်းမရှိတာ..'
ကျနော်သတိထားမိလိုက်တယ်၊ရှိုင်း သူ့အဖေအကြောင်းမပြောပြချင်ဘူးဆိုတာကို..သူစိတ်တိုနေသလို ၊ဝမ်းနည်းနေသလို...၊ပုံစံမျိုးဖြစ်သွားခဲ့တာမို့....။
'arr..အေးပါ..ငါနဲနဲစပ်စုမိသွားတယ်..'
'အကို...ကျနော်အကို့ကိုဘယ်လိုများချစ်မိသွားသလဲမသိဘူး'
'ဟမ်. '
'အကိုကအရမ်းချစ်ဖို့ကောင်းတာပဲ...'
အကို့ကိုမပြန်ပြန်အောင်လုပ်လို့ရတာဒီတစ်နည်းပဲရှိတာမို့။
'ငါအခုထပြန်လိုက်မှာနော် ရှိုင်း... ငါ့စိတ်ကိုလာမဆွနဲ့...'
'ကျနော်ပြောပြီးပြီပဲ အကို့ကိုပြန်ပါလို့..'
'အေးငါပြန်မှာ..မင်းဘာ့သာမင်းတစ်ယောက်ထဲနေခဲ့လိုက်..ဟွန့်'
ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားတဲ့စည်သူ။
'အင်း....'
မထွက်သွားစေချင်ပင်မဲ့လည်း၊အကိုပင်ပန်းမှာကိုကျနော်မလိုလားတာမို့ပါ။
'အ့...'
ဆေးရုံရဲ့လှေကားအဆင်းမှာ လူတစ်ယောက်နဲ့ဝင်တိုက်မိတယ်။
'sorryနော်ငါ့တူ..ဦးလေးမမြင်လိုက်လို့ပါ..'
'ဟုတ်ရပါတယ်ဗျ...'
'ဒါဆိုဦးလေးသွား..ဟင်....ဝဏ္ဏ..'
'?'
ဘာလဲ ဒီဦးလေးကြီးက ရှိုင်းကိုသိနေတာလား ၊ရှိုင်းကိုမြင်လိုက်တာနဲ့ချက်ချင်းရှိုင်းဆီပြေးသွားတယ်..။ငါကလည်းစပ်စုစိန်ဆိုတော့ကား...၊သွားချောင်းလိုက်အုံးမှပါ...။
'ဝဏ္ဏသား...သားဘာလို့ဆေးရုံတက်နေရတာလဲ မင်းအမေရော..'ထိုဦးလေးက ရှိုင်းရဲ့လက်နှစ်ဖက်ကိုကိုင်းရင်းစိုးရိမ်စွာမေးနေခဲ့တာ။
'.....'
ရှိုင်းကတော့ထိုဦးလေးကိုတစ်ချက်ကလေးမှတောင်လှည့်မကြည့်ပဲမျက်နှာလွှဲပြီးနေ နေခဲ့တယ်လေ။
'သား..အဖေတောင်းပန်ပါတယ်ကွာ..'
'ခုမှတောင်းပန်တော့ဘာထူးသေးလဲ အဖေ....အမေလဲအဖေ့ကြောင့်အများကြီးနာကျင်ခဲ့ရပြီးပါပြီ..ဘာလို့များထပ်ပြီးပေါ်လာရပြန်တာလဲဗျာ..'
ရှိုင်းရဲ့အဖေလား။
'သား...ဝဏ္ဏ...အဖေ...'
'တော်စမ်းပါ...ကျနော်အဖေ့အသံကိုမကြားချင်ဘူး...​အဖေသွားမဲ့နေရာကိုသာပျော်ပျော်ကြီးသွားစမ်းပါ..ကျနော်တို့တွေ အဆင်ပြေပြေနေနေရတာကိုအဖေ့ကြောင့်ထပ်ပြီးပျက်စီးသွားမှာကိုမလိုလားဘူး..ဒါ့ကြောင့်ထွက်သွားလိုက်ပါတော့ဗျာ..ကျစ်..အ့....'
ရှိုင်းက သူ့အဖေလက်ကိုခါချလိုက်ပြီးရုန်းကန်လာတာမို့။
'သား..ဘာဖြစ်လို့လဲ အဖေကြည့်ပေး..'
ဦးလေးကတော့တကယ့်ကိုမှစိတ်ပူနေပုံပါပဲ။
'မလိုဘူးလို့ပြောနေတယ်မလား..ပြန်ပါတော့ဗျာ ကျနော်တောင်းပန်ပါတယ်...ဟင်းးဟင်းး..'
ရှိုင်းလဲ..သူ့အဖေကိုအော်ကာမောင်းထုတ်ရင်းပင်ပန်းလာတယ်ထင်ပါရဲ့။
'ဟုတ်ပါပြီ အဖေ ပြန်ပါ့မယ်...သားနားလိုက်တော့နော်..'
ဦးလေးကလည်းအလိုက်တသိနဲ့ပြန်ထွက်လာခဲ့တယ်လေ။
'.....'
ဘာတွေများဖြစ်ခဲ့လို့ပါလိမ့်နော်... ၊မရတော့ဘူး ငါအရမ်းသိချင်သွားပြီ...။
'ဟို..ဦးလေး..'
'ဟင်..arrအစောကခလေးပဲ..ဘာလို့လဲ..'
'ဦးလေးက ရှိုင်းရဲ့ အဖေလား..'
'ဟုတ်တယ် သားနဲ့ ဝဏ္ဏနဲ့ကသိနေတာလား'
ဦးလေးကတော့ပြေပြေပြစ်ပြစ် လျှို့ဝှက်ခြင်းမရှိစွာပြန်မေးလာခဲ့တယ်။
'ဟုတ်သိတယ်ဗျ..အစောကဦးလေးတို့ဖြစ်ခဲ့တာတွေကိုကျနော်မြင်လိုက်တယ်..သူကဘာလို့ဦးလေးကိုဒီလောက်ထိခါးခါးသီးသီးဖြစ်နေရတာလဲဟင်..ဟို ဦးလေးပြောပြချင်မှပြောပြပါနော် သူ့သူငယ်ချင်းတစ်ယောက်နေနဲ့သိထားချင်လို့ပါဗျ..'
လိမ်မိတယ်။အကြောင်းအရင်းအစစ်အမှန်ကိုသိချင်တာမို့မုသားစကားကိုဆိုမိပါတယ်။
'သူဦးလေးအပေါ် ဒီလိုဆက်ဆံသင့်ပါတယ် ဦးလေးက သူတို့သားအမိအပေါ်ကောင်းမှမကောင်းခဲ့ပဲ...ဦးလေးက အရင်ကအရက်အရမ်းသောက်တာ..အရက်သောက်ပြီးပြန်လာတိုင်း သူတို့အပေါ် အနိုင်ကျင့်မိတယ် ပိုက်ဆံတွေထိုင်ဖြုံးတယ်..အလုပ်မလုပ်ဘူး... ဓနအမေအပေါ်အနိုင်ကျင့်ရိုက်နှက်ခဲ့ဖူးတယ် အဆိုးဆုံးကတော့...ဦးလေးနောက်မိန်းမကိုအိမ်ပေါ်ခေါ်တင်လာခဲ့မိတာပဲ...တကယ်တော့ဦးလေးမတော်တဆဖောက်ပြန်မိသွားတာပါ သူမက ဦးလေးရဲ့အဆက်ဟောင်းတစ်ယောက်လေ..သူနဲ့ဦးလေးက အခြေအနေတချို့ကြောင့်ခွဲခွာခဲ့ရတာမို့လို့ ပြန်တွေ့တဲ့အချိန် ဦးလေးသူမအပေါ်စိတ်ပြန်ရောက်ခဲ့မိတာပါ..ဝဏ္ဏ ရဲ့အမေကိုဦးလေးခက်ခက်ခဲခဲရယူထားခဲ့ရတာ...သူလည်းပဲ ဦးလေးကိုချစ်လွန်းလို့သူ့မိဘတွေမပေးစားတဲ့ကြားကဆန့်ကျင်ပြီးဦးလေးနောက်လိုက်ခဲ့တာကိုတောင်ဦးလေးသူ့အပေါ်မကောင်းခဲ့ဘူး...ဦးလေးကတကယ့်မကောင်းတဲ့ကောင်ပါကွာ...ဒါမဲ့ ဝဏ္ဏ လေးကိုတော့ဦးလေးတကယ်ချစ်တာပါ..'
ဦးလေးကလည်းအကြောင်းစုံကိုမျက်နှာငယ်လေးနဲ့ကျနော့်ကိုသေချာပြောပြခဲ့ပါတယ်။
'ဝဏ္ဏဦးလေးကို မုန်းတယ်လို့ရောပြောဖူးလား..'
'ဟင့်အင်းမပြောဖူးဘူး..'
'ဦးလေးသူဦးလေးအပေါ်အရင်လိုကောင်းကောင်းပြန်ဆက်ဆံစေချင်တယ်မလား'
ကူညီချင်တယ်။သူတို့သားအဖပြန်အဆင်ပြေသွားတာကိုလိုချင်တာမို့။
'အင်း..'
'ဦးလေးကြိုးစားလေ...ကျနော်လည်းကူပေးမယ်..'
'တကယ်လား'
'ဟုတ်...'
ကျနော်ဝဏ္ဏအဖေနဲ့စကားပြောပြီးဝဏ္ဏဆီပြန်လာကြည့်မိတော့ သူငိုနေခဲ့တယ်...။ဘယ်သူမှမကြားအောင်တိတ်တိတ်လေးကြိတ်ငိုနေခဲ့တာ....၊သူလို့အမြဲပျော်ရွှင်နေတဲ့ကောင်လေးမှာလဲ စိတ်ညစ်စရာ တွေရှိနေတာပဲနော်...။
........................ကြွေ.....................

''ကြွေ'' (Completed) Where stories live. Discover now